မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Ms. Ma Jia ရှမ်းပြည်နယ်ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေကို ကြည့်ရှုစစ်ဆေး

ဩဂုတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

သြဂုတ် ၁၄ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ သံအမတ်ကြီး Ms. Ma Jia က ‌မြန်မာနိုင်ငံဒေသခံအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ တာချီလိတ်မြို့ကိုသွားရောက်ခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေရဲ့ထောက်ပံ့မှုနဲ့တည်ဆောက်နေတဲ့စီမံကိန်းတွေဖြစ်တဲ့မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ရှမ်းပြည်နယ် ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့စခန်းအတွင်း အဆောက်အဦးတွေနဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာနရဲ့ ရှမ်းပြည်နယ် ရော်ဘာကုန်ထုတ်လုပ်ရေး စင်တာတို့ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ရန်ကုန်မြို့ရှိတရုတ်သံရုံးက သြဂုတ် ၁၆ရက်နေ့ကထုတ်ပြန်ပါတယ်။


သံအမတ်ကြီး Ms. Ma Jia က လန်ချန်း-မဲခေါင်စီမံကိန်းတွေရဲ့အဆက်မပြတ် အကျိုးသက်ရောက်မှု ကို ထောက်ခံအတည်ပြုခဲ့ပြီး၊ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရှမ်းပြည်နယ်ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဘာမှမရှိရာကနေမြင့်မားတဲ့သစ်ပင်ကြီးတစ်ပင်အထိ ကြီးထွားလာပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကနေပံ့ပိုးပေးတဲ့”သေးငယ်သော်လည်း ကောင်းမွန်သည့်” စီမံကိန်းတွေဟာမြန်မာနိုင်ငံရှိ သာမန်ပြည်သူလူထုကို များစွာ အကျိုးပြုခဲ့ပြီး ၊တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့ လန်ချန်း-မဲခေါင် မိသားစုကြီးဆိုတဲ့အယူအဆကို ဆက်လက်ကိုင်စွဲထားပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအတွက် ရွှေရောင်ဆယ်စုနှစ်အသစ်ကို အတူတကွဖွင့်လှစ်သွားဖို့ဆန္ဒရှိကြောင်း၊ မြန်မာနိုင်ငံ ဒေသခံအစိုးရတာဝန်ရှိသူတွေနဲ့စီမံကိန်းကိုတာဝန်ယူသူတွေဟာမြန်မာနိုင်ငံပြည်တွင်း တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခိုင်မာတဲ့ပံ့ပိုးကူညီမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ဖော်ပြခဲ့ကြတယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။ နှစ်ဦးနှစ်ဖက်ကမြန်မာနိုင်ငံ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်တေ့ကို ဆွေးနွေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။

ကွင်းဆင်းကြည့်ရှုကာလအတွင်း သံအမတ်ကြီး Ms. Ma Jia ဟာ တရုတ်နိုင်ငံဆိုင်ရာ စခန်းချ ရဲဝန်ထမ်းတွေကို နှစ်သိမ့်အားပေးခဲ့ပြီး တာချီလိတ်မြို့ရှိ တာ့ဟွာတရုတ်ဘုံကျောင်း နဲ့တာ့ဟွာ ဗုဒ္ဓဘာသာ စံပြစာသင်ကျောင်းကိုလည်းကြည့်ရှုလေ့လာခဲ့တယ်လို့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *