ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာ အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (MFSD) ကသတင်းထုတ်ပြန်တယ်လို့ The Nation သတင်းကသြဂုတ် ၁၇ရက်နေ့မှာဖော်ပြပါတယ်။ Sky Villa ကွန်ဒိုရဲ့အပျက်အစီးတွေကို အေးရှားဝေါလ် ကုမ္ပဏီနဲ့ စည်ပင်သာယာရေး ကော်မတီတို့က ရှင်းလင်းနေပြီး ဩဂုတ် ၁၃ ရက်ကတည်းက ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့အလောင်းကိုသြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ အခန်းအမှတ် E3၊ တတိယထပ် အဆောက်အအုံ A မှာ တွေ့ရှိခဲ့ပြီး အလောင်းကို နံနက် ၁၀ နာရီ ၅၀ မိနစ်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကိုအရေးပေါ်လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ MFSD က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒိနေ့နေ့ညနေပိုင်းမှာပဲအခန်းအမှတ် E3၊တတိယထပ်၊အဆောက်အအုံ A မှာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့ပါတယ်။
သြဂုတ် ၁၄ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က အမျိုးသားတစ်ဦးနဲ့အမျိုးသမီးသုံးဦး အလောင်းတွေကိုအဆောက်အအုံ A တတိယထပ် အခန်း E3 မှာတွေ့ရှိခဲ့ပြီး ရုပ်အလောင်းတွေကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့မြတ်သာဓုလူမှုကူညီရေးအသင်းကဆိုပါတယ်။ ကွန်ဒိုတိုက်ခန်းကနေ ရုပ်အလောင်း ၁၅၀ ကျော်ကို ဆယ်ယူရရှိထားပြီး လူ ၅၂ ဦးသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့MFSD ကသိရပါတယ်။ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒို အပါအဝင် ဟိုတယ်နဲ့လူနေအိမ် အဆောက်အအုံတွေပြိုကျခဲ့ပြီး လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။