ဝတ်စ်ဖေးလီးယားစနစ်က ကျောင်းတော်နိုင်ငံရေးဖြစ်တဲ့ကမ္ဘာကြီးကို “မြင့်မြတ်သော်အာဏာ”နဲ့ဘုရားပေးတဲ့ “တော်ဝင်အာဏာနှစ်ရပ်”က အုပ်ချုပ်ထားတယ်ဆိုတဲ့ အယူအဆကနေ လမ်းခွဲသွားလိုက်တာပဲဖြစ်ပါတယ်။ကျောင်းတော်ရဲ့ သာသနာစောင့်အင်ပါယာအတွက်မက်လုံးဖြစ်တဲ့ ရောမဆီဇာ ဆက်ခံရေးပြိုင်ပွဲကို အဆုံးသတ်သွားစေပါတယ်။ ဒါပေမယ့် ဥရောပကလည်း အခွင့်သာတဲ့အချိန် သာသနာစောင့်အင်ပါယာအိမ်မက်မက်ကြပါတယ်။ဇာဘုရင်တွေ၊ကိုင်ဇာတွေ၊ရှားလမိန်းအမွေခံတွေအတွက်ကြိုးပမ်းကြလေ့ရှိ့ကြပါတယ်။ ဂျာမဏီမှာကိုင်ဇာနန်းဆက်ပြုတ်သွားပြီး ဝိုင်မာသမ္မတ စနစ်ကနေ အာဏာရလာတဲ့ ဟစ်တလာနဲ့နာဇီပါတီဟာ ရောမအလေးပြုပုံနဲ့ရောမအင်ပါယာအငွေ့အသက်အပြည့်ယူထားပြီး စစ်အတွင်း ဆီဇာ လုပ်ခဲ့ပါတယ်။ အလားတူ နပိုလီယံကလည်း ဧကရာဇ်ဘွဲ့ခံယူပြီး ရှားလမိန်းဆက်ခံသူ ခေတ္တလုပ်ဖို့အားထုတ်တာပါပဲ။ရုရှား ဇာက သူရဲ့ဇာကိုခြိမ်းခြောက်လာလို့ ဥရောပစစ်ပွဲထဲခုန်ဝင်လေ့ရှိ့ပါတယ်။ ပြီးခဲ့တဲ့ပုတ်ရဟန်းမင်းကြီးကွယ်လွန်ပြီး ပုတ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကာလတွေမှာ ထရမ့်က ပုတ်ရဟန်းမင်းပုံနဲ့သူတွီ့တာမှာတင်ခဲ့ပါတယ်။လက်ရှိပုတ်အသစ်ကလည်း အမေရိကတိုက်အခြေခံကိုရွေးချယ်တင်မြောက်ထားပါတယ်။ ထရမ့်ရဲ့ မိတ်အမေရိကန်ဂရိပ်အဂိမ်းအတွက် အမေရိကားဟာ သာသနာစောင့်ရောမအင်ပါယာ အမွေခံဆိုတဲ့ ပါဝါပျော့ကို အပိုင်စီးဖို့ပုံရိပ်လိုဖြစ်ခဲ့ပါတယ်။ ရောမအင်ပါယာနဲ့ရောမသာသနာ နှစ်ခြမ်းကွဲပြီးကထဲက အရှေ့ရောမသာသနာနဲ့အနောက်ရောမသာသနာတို့ ကွဲပြားလာပါတယ်။အရှေ့ရောမသာသနာရဲ့ဗဟိုဖြစ်တဲ့ ကွန်စတင်တီနိုပိုကို တူရကီတို့သိမ်းပိုက်လိုက်ကထဲက အရှေ့သာသနာဟာ ဘော်လကန်ဒေသ၊ရုရှားနဲ့အရှေ့ဥရောပ ပထဝဝီရဲ့ အဓိကကိုးကွယ်ရာဖြစ်ခဲ့ပါတယ်။ အရှေ့ရောမသာသနာကို တာတာတို့ ဖြိုခွဲရာမှာ ထိုစဉ်က အနောက်ရောမသာသနာနဲ့သာသနာစောင့် ပြင်သစ်က ချားလမိန်းအင်ပါယာရဲ့ ပူးပေါင်းကြံစည်မှု့ ပါဝင်ခဲ့ပါတယ်။ ရုရှားဇာဟာ အရှေ့ရောမသာသနာ (အော်တိုဒေါ့)ရဲ့ သာသနာစောင့်အင်ပါယာအရှင်ကိုခံယူထားပါတယ်။
အလာစကားဆွေးနွေးပွဲမှသည်
——————————————
ဩဂုတ်လ ၁၈၊ ၂၀၂၅
သောင်ရင်းသတင်းလွှာ
ကမ္ဘာကြီးတည်ငြိမ်မှု့နဲ့လုံခြုံရေးကိုထိမ်းသိမ်းဖို့ ဆိုတာ ကမ္ဘာ့အစီအစဉ် World Order လို့ပြောတာဆိုတဲ့အဓိပ္ပါယ်ကို ဖတ်မှတ်ဖူးပါတယ်။ အဲ့ဒီကမ္ဘာ့အစီအစဉ်ဆိုတာကို ဘယ်သူတွေကချမှတ်ပါသလဲ။ ရဲဘော်ဗိုလ်ကြင်မောင်ကတော့ “ကမ္ဘာ့အစီအစဉ်ကို စစ်နိုင်တဲ့သူတွေက ချမှတ်တာပါ”လို့ ပြည်ချစ်ဝါဒစာတမ်းမှာဆွေးနွေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ UN ကုလသမဂ္ဂစနစ်ပေါ်လာပါတယ်။ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိမ်းသိမ်းဖို့ လုံခြုံရေးကောင်စီ UNSC စနစ်ပေါ်လာပါတယ်။UNSC မှာ စစ်နိုင် ကြီးငါးကြီးက အခရာဖြစ်ပြီး တစ်ချက်လွတ် ဗီတိုအာဏာကိုင်စွဲထားကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးလုပြီးခင်မှာ အတ္တလန်းတိတ်နိုင်ငံတွေရဲ့ဆရာကြီးဖြစ်သွားတဲ့အမေရိကန်က စစ်အပြီး ကမ္ဘာ့လုံခြုံရေးအစီအစဉ် WO ကို စဉ်းစားပါတယ်။ စတင်စဉ်းစားစဉ်က ရုစဗဲ့က ကမ္ဘာကြီးရဲ့လုံခြုံရေးကို အမေရိကန်၊ဆိုဗီယက် နှစ်နိုင်ငံ ပူးပေါင်းထိမ်းညှိတဲ့စနစ်ကို စစဉ်းစားတယ်လို့ဖတ်မှက်ရပါတယ်။ နောက်တော့မဟာမိတ်တွေဖိ့အားနဲ့ အမေရိကန်၊ဆိုဗီယက်၊အင်္ဂလန်၊ပြင်သစ် ကြီး 4 ကြီးဖြစ်လာပါတယ်။ နောက်မှ တရုတ်ကလည်း စစ်အတွင်း မဟာမိတ်ဖက်က သန်းပေါင်းများစွာအသေခံဝိုင်းတိုက်ခဲ့တယ် အကြောင်းပြချက်နဲ့ တရုတ်ချန်ကေရှိတ်ကို ထပ်ထည့်လိုက်တော့ ကြီးငါးကြီး စနစ်ဖြစ်လာပါတယ်။ ပထမကမ္ဘာစစ်ပြီးတော့ စစ်နိုင်နိုင်ငံတွေစုပြီး နိုင်ငံပေါင်းချုပ်အသင်းကြီး League of Nation (L,N)စနစ်ဖွဲ့ပါတယ်။ စစ်နိုင် နိုင်ငံတွေစုပြီး နောက်တစ်ခါစစ်ထပ်မဖြစ်အောင် လုံခြုံရေးစနစ်ထူထောင်ဖို့ဆိုပြီးဖြစ်ပါတယ်။ကိုလိုနီအင်ပါယာရှင်တွေကြီးစုဖွဲ့တာဖြစ်လို့ အခု UN စနစ်အောက်ကနိုင်ငံတွေနဲ့မဆိုင်ပါဘူး။ကျွန်ဘဝတွေမှာပဲရှိပါသေးတယ်။ L,N စနစ်ကလည်း ဥရောပ ဗဟိုပြုလုံခြုံရေးကမ္ဘာ့အစီအစဉ်ပဲဖြစ်ပါတယ်။အာရှက ဂျပန်တို့တရုတ်တို့ထိုင်းတို့ကလည်းစစ်အတွင်းမဟာမိတ်ဖက်ကရပ်ပေးလို့ ထည့်ထားပေမယ့် L,N စနစ်မှာ ပါမွှားလေးတွေဖြစ်နေပါတယ်။မန်ချူးနဲ့တရုတ်ထဲကို ဂျပန်ကျူးကျော်တာ LN စနစ်ကို တိုင်ကြားပေမယ့် ဘာမှလုပ်မပေးပါဘူး။
စစ်ရှုံးဂျာမဏီအပေါ်တစ်ဖက်သတ်ချုပ်ဆိုထားတဲ့ ဗာဆိုင်း စာချုပ်ကြောင့်ကို ဒုတိယကမ္ဘာစစ်ပြန်ဖြစ်လိမ့်မယ်လို့ ထိုစဉ်ကထဲက ချာချီကြီးက တွက်ချက်ပြပြီး အင်္ဂလန်ကို စစ် ပြင်ထားဖို့တောက်လျှောက်တိုက်တွန်းခဲ့ပါတယ်။ချာချီရေးတဲ့ဒုတိယကမ္ဘာစစ်ဖြစ်ရခြင်းအကြောင်းစာအုပ်မှာ ချာချီကြီးတွက်ချက်တင်ပြထားပါတယ်။ ဥရောပ မှာ ပြင်သစ်တော်လှန်ရေးဖြစ်ပွားပြီး ဘာဘွန်းမိသားစု ပြင်သစ်လူဝီဘုရင်စနစ်ပြုတ်ကျသွားပြီး ကော်စီကန်ကျွန်းသား အမြောက်ဗိုလ်လေးဘဝက လာတဲ့ နပိုလီယံ တက်လာပါတယ်။ နပိုလီယံဟာ ဥရောပစစ်ပွဲများကို ဆင်နွဲရင်း ဥရောပဧကရာဇ်ခံတစ်ပါးလို အစီအစဉ်တွေဆွဲလာပါတယ်။ဥရောပတိုက်ပေါ်ကနိုင်ငံအားလုံး အင်္ဂလန်နဲ့ ကုန်သွယ်ရေးမလုပ်ဖို့ ကွန်တီနင်တယ်ဥပဒေထုတ်ပြန်ပါတယ်။ ရေကြောင်းတိုက်ပွဲမှာ အင်္ဂလန်ကို အရေးနိမ့်ပြီးနောက် ရုရှားကို မျှားဦးလှည့်လာတဲ့အတွက် ရုရှားမှာအရေးနိမ့်လာပြီး စတင်ကျဆင်းလာပါတယ်။ဝိတိုရီးယားဘုရင်မကြီးနဲ့ဆွေမျိုးပတ်တော်နေတဲ့ ရုရှားဇာဘုရင်၊ဂျာမဏီ ကိုင်ဇာဘုရင်၊အပါအဝင် အီတလီ၊စပိန်စသဖြင့် နပိုလီယံဟာ ဥရောပ ဟမ်းစ်ဘတ်ခ်ျ မိ့သားစု ပလ္လင်ပေါင်းများစွာနဲ့ ယှဉ်ပြိုင်ရင်းအရေးနိမ့်သွားပါတယ်။ နပိုလီယံက ဥရောပအစီအစဉ်ကို အသစ်ပြန်ရေးဆွဲဖို့ကြိုးပမ်းရင်း ရုရှားကပါဝင်ဟန်ချက်ထိမ်းလာကာ ဗီယင်နာကွန်ဖရင့်နဲ့ World Order တစ်ခုပေါ်လာပြန်ပါတယ်။
နပိုလီယံစစ်ပွဲများမတိုင်မီက ဩဇာကျဆင်းလာတဲ့ ရောမသာသနာ ဗာတီကန်ကျောင်းတော်ရဲ့ သာသနာစောင့်ရောမအင်ပါယာဧကရာဇ်မက်လုံးနဲ့ နိုင်ငံရေးကစားမှုကြောင့် ဥရောပစစ်ပွဲများဖြစ်ခဲ့ပါတယ်။ သာသနာပြု့ပြင်ပြောင်းလဲရေး ပရိုတက်စတင့်အသင်းတော်ဝါဒများအားကောင်းလာပါတယ်။ဘုရားသခင်နဲ့လူသား တိုက်ရိုက်ဆက်ဆံခွင့်ရှိ့တယ် ကြားခံမလိုဘူးလှုံ့ဆော်မှု့နဲ့ အသင်းတော် သာသနာ ပြန့်နှံ့လာပါတယ်။ကျောင်းတော်ဩဇာအောက်က ရုန်းထွက်ချင်နေတဲ့ ဥရောပ မင်းသားအုပ်ချုပ်ခံနယ်များက ပရိုတက်စတင့်သာသနာကို အားပေးရာကနေ နှစ် 40 နှင်းဆီစစ်ပွဲဖြစ်ကြပါတယ်။
နှင်းဆီစစ်ပွဲအပြီးမှာ ကျောင်းတော်ဟာ အားကုန်ခမ်းသွားပြီး ဥရောပနိုင်ငံများစုဝေးတိုင်ပင်ကြကာ “ဝတ်စ်ဖေးလီးယား” WO ကမ္ဘာ့စနစ်ပေါ်လာပါတယ်။ဝတ်စ်ဖေးလီးယားစနစ်က ဘာသာရေးကိုအခြေခံပေမယ့် ယနေ့လက်ရှိ့နိုင်ငံတစ်ကာကျင့်သုံးနေတဲ့အခြေခံမှု သုံးချက်ကို မွေးဖွားခဲ့ပါတယ်။ဝတ်စ်ဖေးလီးယားအခြေခံတွေက
၁၊ဥရောပနိုင်ငံတွေရဲ့အချုပ်အချာအာဏာနယ်မြေကို အပြန်အလှန်အသိအမှတ်ပြု့ကြရန်။
၂၊ဥရောပနိုင်ငံတွေရဲ့ တစ်နိုင်ငံထီးနန်းဆက်ခံရေးနဲ့ဘာသာရေးကိစ္စကို တစ်နိုင်ငံကဝင်ရောက်မစွတ်ဖက်ရန် နဲ့
၃၊နယ်မြေချင်း(နိုင်ငံချင်း)ပြသနာများကို သံတမာန်ကြီးစနစ်ထား၍ဖြေရှင်းရန်တို့ဖြစ်ပါတယ်။
ဝတ်စ်ဖေးလီးယားစနစ်က ကျောင်းတော်နိုင်ငံရေးဖြစ်တဲ့ကမ္ဘာကြီးကို “မြင့်မြတ်သော်အာဏာ”နဲ့ဘုရားပေးတဲ့ “တော်ဝင်အာဏာနှစ်ရပ်”က အုပ်ချုပ်ထားတယ်ဆိုတဲ့ အယူအဆကနေ လမ်းခွဲသွားလိုက်တာပဲဖြစ်ပါတယ်။ကျောင်းတော်ရဲ့ သာသနာစောင့်အင်ပါယာအတွက်မက်လုံးဖြစ်တဲ့ ရောမဆီဇာ ဆက်ခံရေးပြိုင်ပွဲကို အဆုံးသတ်သွားစေပါတယ်။ ဒါပေမယ့် ဥရောပကလည်း အခွင့်သာတဲ့အချိန် သာသနာစောင့်အင်ပါယာအိမ်မက်မက်ကြပါတယ်။ဇာဘုရင်တွေ၊ကိုင်ဇာတွေ၊ရှားလမိန်းအမွေခံတွေအတွက်ကြိုးပမ်းကြလေ့ရှိ့ကြပါတယ်။ ဂျာမဏီမှာကိုင်ဇာနန်းဆက်ပြုတ်သွားပြီး ဝိုင်မာသမ္မတ စနစ်ကနေ အာဏာရလာတဲ့ ဟစ်တလာနဲ့နာဇီပါတီဟာ ရောမအလေးပြုပုံနဲ့ရောမအင်ပါယာအငွေ့အသက်အပြည့်ယူထားပြီး စစ်အတွင်း ဆီဇာ လုပ်ခဲ့ပါတယ်။ အလားတူ နပိုလီယံကလည်း ဧကရာဇ်ဘွဲ့ခံယူပြီး ရှားလမိန်းဆက်ခံသူ ခေတ္တလုပ်ဖို့အားထုတ်တာပါပဲ။ရုရှား ဇာက သူရဲ့ဇာကိုခြိမ်းခြောက်လာလို့ ဥရောပစစ်ပွဲထဲခုန်ဝင်လေ့ရှိ့ပါတယ်။ ပြီးခဲ့တဲ့ပုတ်ရဟန်းမင်းကြီးကွယ်လွန်ပြီး ပုတ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကာလတွေမှာ ထရမ့်က ပုတ်ရဟန်းမင်းပုံနဲ့သူတွီ့တာမှာတင်ခဲ့ပါတယ်။လက်ရှိပုတ်အသစ်ကလည်း အမေရိကတိုက်အခြေခံကိုရွေးချယ်တင်မြောက်ထားပါတယ်။ ထရမ့်ရဲ့ မိတ်အမေရိကန်ဂရိပ်အဂိမ်းအတွက် အမေရိကားဟာ သာသနာစောင့်ရောမအင်ပါယာ အမွေခံဆိုတဲ့ ပါဝါပျော့ကို အပိုင်စီးဖို့ပုံရိပ်လိုဖြစ်ခဲ့ပါတယ်။ ရောမအင်ပါယာနဲ့ရောမသာသနာ နှစ်ခြမ်းကွဲပြီးကထဲက အရှေ့ရောမသာသနာနဲ့အနောက်ရောမသာသနာတို့ ကွဲပြားလာပါတယ်။အရှေ့ရောမသာသနာရဲ့ဗဟိုဖြစ်တဲ့ ကွန်စတင်တီနိုပိုကို တူရကီတို့သိမ်းပိုက်လိုက်ကထဲက အရှေ့သာသနာဟာ ဘော်လကန်ဒေသ၊ရုရှားနဲ့အရှေ့ဥရောပ ပထဝဝီရဲ့ အဓိကကိုးကွယ်ရာဖြစ်ခဲ့ပါတယ်။ အရှေ့ရောမသာသနာကို တာတာတို့ ဖြိုခွဲရာမှာ ထိုစဉ်က အနောက်ရောမသာသနာနဲ့သာသနာစောင့် ပြင်သစ်က ချားလမိန်းအင်ပါယာရဲ့ ပူးပေါင်းကြံစည်မှု့ ပါဝင်ခဲ့ပါတယ်။ ရုရှားဇာဟာ အရှေ့ရောမသာသနာ (အော်တိုဒေါ့)ရဲ့ သာသနာစောင့်အင်ပါယာအရှင်ကိုခံယူထားပါတယ်။
ဘာသာရေးကိုအခြေခံပြီးခွဲခြားတဲ့ယဉ်ကျေးမှု့အဆောက်အဦး ၆ မျိုးကိုအခြေခံပြီး ကမ္ဘာ့အစီအစဉ်ကို ပိုင်းခြားတာလည်းရှိ့ပါတယ်။
၁။အနောက်ခရစ်ယာန်ယဉ်ကျေးမှု့၊
၂၊အရှေ့ခရစ်ယာန်ယဉ်ကျေးမှု့၊
၃၊အစ္စလာန်ယဉ်ကျေးမှု့၊
၄၊ဟိန္ဒိယဉ်ကျေးမှု့၊
၅၊ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှု့၊
၆၊မဟာယာန ဗုဒ္ဓဘာသာယဉ်ကျေးမှု့
ဆိုပြီး ယဉ်ကျေးမှု့အဆောက်အဦး ၆ခုနဲ့ပထဝီကွဲပြားမှု့အလိုက် ဒေသတွင် W O များကွဲပြားကြတာကို လည်း သုံးသပ်ကြပါတယ်။
သံတမာန်ကဝေကြီး ဟင်နရီကစ်ဆင်းဂျားကတော့ သူရဲ့ကမ္ဘာ့အစီအစဉ်ကျမ်းမှာ သမိုင်းအရ ကမ္ဘာ့အစီအစဉ်ကိုချမှတ်တဲ့အခြေခံကို-
၁၊ဥရောပအစီအစဉ်
၂၊အစ္စာလာန်အစီအစဉ်
၃၊တရုတ်အစီအစဉ် ဆိုပြီး ရေးသားခဲ့ပါတယ်။
ကစ်ဆင်းဂျားက တရုတ်ကို နိုင်ငံအယောင်ဆောင်ထားတဲ့ ယဉ်ကျေးမှု့ ဆိုတဲ့ ယူရီပိုင်ရဲ့အဆိုအမိန့်ကိုကိုးကားပါတယ်။ဒါအပြင် အွန်ချိုင်းနားဆိုပြီး တရုတ်ရဲ့အစီအစဉ်အကြောင်းကို စာအုပ်တစ်အုပ်အဖြစ်ရေးသားခဲ့ပါတယ်။ စစ်အေးကာလတစ်လျောက်လုံး UNSC စနစ်နဲ့ WO ဆိုပေမယ့် အဓိက အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ဆိုဗီယက်(ရုရှား)ဦးဆောင်တဲ့ အရှေ့အုပ်စု နှစ်စုကပဲ ဝင်ရိုးနှစ်ခုကမ္ဘာစနစ်အဖြစ်ချယ်လှယ်ခဲ့တာပဲဖြစ်ပါတယ်။
ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက ကြယ်ရံနိုင်ငံများအနေနဲ့သာလိုက်ပါကြရတာဖြစ်ပါတယ်။ စစ်အေးခေတ်အတွင်း တရုတ်နဲ့ဆိုဗီယက်ကွဲပြီးနောက် တရုတ်က နိုင်ငံတစ်ကာအနီလှိုင်းတင်ပို့ရေးနဲ့ တရုတ်အစီအစဉ်ကို အမေရိကန်က ဒိုမီနိုသီအိုရီနဲ့ပြန်လည်ပိတ်ဆို့တဲ့ တရုတ်ဝိုင်းပတ်ပိတ်ဆို့ရေး အစီအစဉ်နဲ့တုံ့ပြန်ပါတယ်။ စစ်အေးခေတ်ပြီးဆုံးပြီး ဘာလင်တံတိုင်းပြိုကျပြီးတဲ့နောက် အရှေ့၊အနောက်ဂျာမဏီတို့ပေါင်းစည်းသွားပါတယ်။ရောမသာသနာစောင့်အင်ပါယာကို ချိနဲ့သွားစေတဲ့ ဂျာမဏီ မင်းသားများပေါင်းစည်းမှု့ဟာ ဥရောပဗဟိုချက်ကို လှုပ်ခါလေ့ရှိ့ပါတယ်။ပြင်သစ်၊အင်္ဂလန်နဲ့အခြား ဥရောပတိုက်နိုင်ငံတွေ သမိုင်းတစ်လျောက်အကြောက်ဆုံးက ပေါင်းစည်းထားတဲ့ဂျာမန်နဲ့ရုရှားတို့ မဟာမိတ်ပြု့သွားမှာကိုပဲဖြစ်ပါတယ်။ စစ်အေးခေတ်အဆုံးသတ်ကြတော့ ရုရှားက အရှေ့ဂျာမဏီကို လက်လွတ်လိုက်ပြီး ဂျာမဏီတစ်ပေါင်းထဲဖြစ်သွားပါတယ်။ ပေါင်းစည်းထားတဲ့ ဂျာမဏီနဲ့ပြင်သစ်၊အင်္ဂလန်တို့ အားပြိုင်မှု့စတင်လာပါတယ်။ စစ်အေးခေတ်အပြီးမှာ ပေါင်းစည်းထားတဲ့ဂျာမဏီဟာ ရုရှားရဲ့ဈေးသက်သာတဲ့ စွမ်းအင်လောင်စာတွေကြောင့် အင်အားကြီးလာပါတယ်။ရုရှားနဲ့ဂျာမဏီရဲ့ စီးပွားရေးပေါင်းစည်းမှု့ဟာ ဗဟိုဥရောပကိုတုန်လှုပ်စေပါတယ်။ နေတိုး ထဲဝင်ရောက်ဖို့ကနေ ယူကရိမ်းကိုရုရှားကျူးကျော်စစ်ဆင်နွှဲပြီးနောက် အင်္ဂလန်၊ပြင်သစ်က တက်ကြွသလောက်၊ဂျာမဏီကသွေးအေးပါတယ်။ အမေရိကန်နဲ့အင်္ဂလန်က ဥရောပ၊ရုရှားအားပြိုင်မှု့ကို အရင်းအနှီးထည့် ဆွဲသွင်းပေမယ့် အင်္ဂလန်နဲ့ထာဝရပြိုင်ဖက်ဖြစ်တဲ့ပြင်သစ်နဲ့ဂျာမန်တို့က လက်လွန်ခြေလွန်မပါဝင်ကြတဲ့အတွက် ထရမ့်တက်လာပြီးနောက် ကစားကွက်ပြောင်းဖို့လုပ်လာပြန်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း အာလစကား မှာ ထရမ့်၊ပူတင် တွေ့ဆုံမှု့က ဒုတိယကမ္ဘာ့စစ်အလွန် ရုစဘဲ စဉ်းစားခဲ့တဲ့ အမေရိကန်၊ရုရှား ကမ္ဘာ့လုံခြုံရေး အစီအစဉ် W O အတွက်ရိုက်ခတ်မှုရှိနိုင်ပါတယ်။
ဘော်လကန်စစ်ပွဲများက ကမ္ဘာ့အစီအစဉ်သစ်ကိုပြန်လည်ချမှတ်လေ့ရှိ့တာကြောင့် ဒီတွေ့ဆုံပွဲရဲ့ရိုက်ခတ်မှု့က ကမ္ဘာတစ်ဝှမ်းသက်ရောက်နိုင်ပါတယ်။ လက်ရှိ့ကမ္ဘာ့အစီအစဉ် UN စနစ်က အတွင်းရေးမှုးချုပ် အပါအဝင် ဝန်ထမ်းတွေ အလုပ်လက်မဲ့မဖြစ်ရေးနဲ့ ရံပုံငွေရရှိရေးအတွက် ငွေရှင်တွေကို မျက်နှာချိုသွေးနေရတဲ့ နိုင်ငံတစ်ကာ ပြာတာ၊တောက်တို အဖွဲ့ဖြစ်သွားပြီဖြစ်ပါတယ်။ အစ္စရေး-ပါလက်စတိုင်းအရေး၊ယူကရိမ်းအရေးတို့လို ကမ္ဘာ့အရေးအခင်းကြီးများ ထက် ရိုဟင်ဂျာအရေး အာရုံစိုက်ပြနေရတာ လစာအတွက်အတော်ရုန်းကန်နေရတာကို မြင်သာစေပါတယ်။ လတ်တလော အမေရိကန်က အနောက်ရောမသာသနာ စောင့်အင်ပါယာ ဇာ လို့ခံယူထားတာကို ပြင်သစ်နဲ့ဂျာမဏီတို့က ကြည်ဖြူပုံမရပေမယ့် ပြင်သစ်က ဂုဏ်သိက္ခာအရ တစ်ချက်တစ်ချက်ထကလန့်တာတော့တွေနေရပါတယ်။ အလာစကားဆွေးနွေးပွဲကို မမှီမကန်းကောက်ချက်ဆွဲရရင် ကမ္ဘာ့အစီအစဉ်သစ်အတွက် ဥရောပနဲ့ရုရှား ချချင်ချ၊မချရင် ငါတို့ ရုရှားနဲ့ပေါင်းပြီးကမ္ဘာ့အစီအစဉ်သစ်ချမယ် လို့အချက်ပေးတယ်လို့ ကောက်ချက်ချပါတယ်။ ကမ္ဘာ့အစီအစဉ်သစ်မှာ ဒေသခွဲအစီအစဉ်များအဖြစ်ကစ်ဆင်းဂျားရဲ့ အစ္စလာန်အစီအစဉ်၊တရုတ်အစီအစဉ်များလည်း ထပ်ဆင့်ချမှတ်လာနိုင်ပါတယ်လို့ခန့်မှန်းပါတယ်။ အလာစကားတွေ့ဆုံပွဲရဲရိုက်ခတ်မှု့က နိုင်ငံငယ်လေးတွေရဲ့ကစားကွက်ကို ချိန်ညိ့မှု့တွေ အများကြီးလုပ်ရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး တော်လှန်ရေးအပေါ်မှာလည်း အကြီးအကျယ်ချိန်ညိ့မှု့ လုပ်ကြနေကြရတယ်ဆိုတာ သတိပြု့စရာ လက္ခဏာတွေ တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထဝီအရ ကံကောင်းတာတစ်ချက်က ကမ္ဘာ့နိုင်ငံကြီးနှစ်ခုဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာ အထိအခိုက်မခံတဲ့ အနေအထားမှာရှိ့နေတာပဲဖြစ်ပါတယ်။ဒါကိုလဲ ပြန်လည်ချိန်ညိ့မှု့လုပ်နေတဲ့ လက္ခဏာအချို့ကို သတိ့ပြု့မိပါတယ်။ ဒေသတွင်း အခြားနိုင်ငံများကတော့ မြန်မာနိုင်ငံထက်ပိုမို ရုန်းကန်ရမယ့်သဘောလို့တွက်မိပါတယ်။
ဒေသတွင်းမှာလည်း အိန္ဒိယကို ဈေးသက်သာတဲ့ရုရှားစွမ်းအင်မဝယ်ဖို့အမေရိကန်ရဲ့ဖိ့အားကို ဆန့်ကျင်တာ၊ အမေရိကန်ရဲ့ပါလက်စတိုင်းအပေါ်သဘောထားကို ဩစတေးလျားက ထူးထူးဆန်းဆန်း ကန့်ကွက်လာတာ စသဖြင့် အချက်အလက်တွေအရ လေးနိုင်ငံ ရေတပ်အုပ်စုကလည်း မဟာဗျူဟာအရ ကွဲလွဲမှု့ရှိ့တယ်လို့ ခန့်မှန်းရပါတယ်။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိတို့က ၁၈ ရာစုရှု့မြင်ပုံဖြင့် ရိုးရိုးကြီး ရှု့မြင်လုပ်ကိုင်နေ၍ မရ လို့ သတိ့ပေးခဲ့ပါတယ်။လမ်းပျောက်နေပါက “မြင့်မြင့်တက် ဝေးဝေးကြည့်ဖို့ “သတိ့ပေးခဲ့ပါတယ်။ မြန်မာစစ်အုပ်စုဟာ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲကနေ သူမျက်နှာသာရဖို့နည်းမျိုးစုံနဲ့အားထုတ်လုပ်ကိုင်နေတာ မြင်အောင်ကြည့်ဖို့လိုပါတယ်။ စစ်အုပ်စုက သူတို့ရှင်သန်ကျန်ရစ်ရေးနဲ့ကိုယ်ကျိုးအတွက် GAME Theory နဲ့ Real Politics လက်တွေ့နိုင်ငံရေးကို အခြေခံပြီးကစားနေပါတယ်။ တော်လှန်ရေးဖက်က တော်လှန်ရေးနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် လက်တွေ့နိုင်ငံရေး Real Politics ကို Game Theory ကို ပိုမိုအားစိုက်ဖို့ လိုအပ်လာတဲ့ ကာလဖြစ်လာပြီလို့မြင်ရပါတယ်။ စံနှုန်းနိုင်ငံရေး Normative Politics နဲ့ အမေရိကန်၊အင်္ဂလန်သံယောဇဉ်၊ A.C,B.C သောသုဇန ထဲကဖောက်ထွက်ဖို့လိုအပ်လာသလို တရုတ်၊အိန္ဒိယ အလွန်အကျွံမှီခိုမှုထိလည်း ရောက်မသွားဖို့သတိ့ပြု့ကြလိမ့်မယ်လို့ ယူဆပါတယ်။ အိန္ဒိယကို အောင့်သီးအောက်သက်နဲ့ မျက်စေ့ တစ်ဖက်မှိတ်ပြသလို လုပ်တာကတော့ ခလေး(ခေး)ဆန်လွန်းပါတယ် ခေးကြီးရယ်လိုပဲဆိုရပါမယ်။ အိမ်နီးချင်းကို မခေါ်ချင်လို့ရပေမယ့် မတော်ချင်လို့မရတာဆိုတဲ့ လက်တွေ့ပိုင်း အမှန်ကို စစ်အုပ်စုက လေးလေးနက်နက် လုပ်နေတာကို သတိ့ပြု့ပါ။ အနိမ့်ဆုံး နွေဦးတော်လှန်ရေးရဲ့ နိုင်ငံတစ်ကာ ကစားကွက်၊ပေါ်လစီဟာ လစ်ဘရယ် ဒီမိုကရက်တို့ရဲ့ ဝါရှင်တန် အလှပြဘီရို ( Washington Showcasing) ထဲက ထွက်လာဖို့လိုပြီဆိုတာကို ထရမ့်နဲ့ပူတင်ရဲ့ အာလစကားဆွေးနွေးပွဲမြင်ကွင်းမှတစ်ဆင့် နိုးဆော်လိုက်ရပါကြောင်း။
စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်သည်။