မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မလေးရှားနိုင်ငံထဲက်ု တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးထားတယ်လို့ The Sun သတင်းကသြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ အမျိုးသားလေးဦးနဲ့အမျိုးသမီးခြောက်ဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ကြားရှိသူတွေဖြစ်ကြပါတယ်။ ဖမ်းဆီးစဉ်အတွင်း ၎င်းတို့အထဲက အချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားတာကို တွေ့ရှိခဲ့ပါတယ်။


အာဏာပိုင်တွေကမိုဘိုင်းလ်ဖုန်းတွေနဲ့ငွေသားတွေအပါအဝင် ကိုယ်ရေးကိုယ်တာပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။ Mitsubishi Pajero ယာဉ်တစ်စီးကိုကြားဖြတ်တားဆီးခဲ့ပေမယ့်လည်း သံသယရှိသူ ယဥ်မှောင်ခိုမောင်းနှင်သူဟာထိုင်းနိုင်ငံဘက်ကိုပြန်လည်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းများ စုစုပေါင်းတန်ဖိုးဟာ ရင်းဂစ် ၂၁၄၂၆ ဖြစ်ပါတယ်။ ဆက်လက်စစ်ဆေးဖို့အတွက် အကျဉ်းသားအားလုံးကို Jeli ခရိုင်ရဲဌာနချုပ်ကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *