ဇူလိုင်လ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာ (José Ramos-Horta) ကတီမောလက်စ်နိုင်ငံ အာဆီယံအဖွဲ့၏ ၁၁ ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေးအားမြန်မာ၏ ကန့်ကွက်မှုကိုပယ်ချလိုက်သည်ဟု Thai PBS သတင်းက ဇူလိုင်၇ရက်နေ့တွင်ဖော်ပြသည်။ တီမော၏ အာဆီယံအဖွဲ့ဝင် အပြည့်အ၀ဖြစ်ရေးလမ်းကြောင်းသည် လုံခြုံနေပြီဟု UCA News မှ Ramos Horta ကို ကိုးကား၍ ပြောကြားခဲ့ပါသည်။ တီမောသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူကြမ်းကို ချိုးဖောက်သည်ဟု တီမော၏အရှေ့တောင်အာရှ ဒေသဆိုင်ရာ အစုအဖွဲ့သို့ မြန်မာနိုင်ငံမှ အာဆီယံသို့ ပေးပို့သည့် စာတွင် မြန်မာနိုင်ငံက တရားဝင် ကန့်ကွက်ထားသည်။ “မြန်မာရဲ့ကန့်ကွက်မှုက မသက်ဆိုင်ပါဘူး။ အာဆီယံအဖွဲ့ဝင် တီမောလက်စ်တေအတွက် တရားဝင် ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ပြီး နောက်ဆုံးထုတ်ပြန်ချက်မှာ ထင်ဟပ်နေပါတယ်” ဟု Ramos-Horta က ဆိုသည်။ နိုင်ငံ၏ အဖွဲ့ဝင် အပြည့်အ၀ အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ် အောက်တိုဘာလတွင် ကျင်းပရန် စီစဉ်ထားသည်။ “အာဆီယံ သဘာပတိက ဆန္ဒရှိမယ်ဆိုရင် မြန်မာရဲ့ကန့်ကွက်ချက်ကို တုံ့ပြန်နိုင်ပေမယ့် တီမောလက်စ်တီကို ဝင်ခွင့်အတွက် ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံသည်တီမောလက်စ်တီကို “အာဆီယံ ပဋိညာဉ် စာတမ်းတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို လိုက်နာခြင်း မရှိ” ကြောင်း လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မလေးရှားသို့ တရားဝင် စာတစ်စောင် တင်သွင်းခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။
မြန်မာနိုင်ငံ ညွှန်ကြားရေးမှူးချုပ်နှင့် အစားထိုး အဆင့်မြင့် အရာရှိများ အစည်းအဝေး (SOM) ခေါင်းဆောင် ဟန်ဝင်းအောင် လက်မှတ် ရေးထိုးထားသည့် စာတွင် တီမောလက်စ်တီက ယင်းမူကို “ဗြောင်ကျကျ ချိုးဖောက်ခြင်း” ကို ဆက်လက် ဆောင်ရွက်ပါက အာဆီယံ နိုင်ငံအား အဖွဲ့ဝင်အဖြစ် ပေးအပ်ရန် ထည့်သွင်းစဉ်းစားမှု မှန်သမျှကို ပြတ်ပြတ်သားသား ပယ်ချရမည်ဟု ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဆီယံ၏ ပိတ်ဆို့အရေးယူမှုအောက်တွင် ရှိနေသည့် မြန်မာနိုင်ငံသည် လက်ရှိတွင် အဖွဲ့အစည်းအတွင်း အကန့်အသတ်ဖြင့် သြဇာလွှမ်းမိုးမှု ရှိနေသည်။ Ramos-Horta က နိုင်ငံ၏ အပယ်ခံအခြေအနေသည် အစုအဖွဲ့အတွင်း အဓိကဆုံးဖြတ်ချက်များကို လွှမ်းမိုးရန် ၎င်း၏စွမ်းရည်ကို ပျက်ပြားစေကြောင်း အလေးပေးပြောကြားခဲ့သည်။ တီမောလက်စ်တေ NGO ဖိုရမ် (FONGTIL) ၏ အမှုဆောင်ဒါရိုက်တာ Valentin da Costa ကလည်း မြန်မာ၏ စွပ်စွဲချက်များကို ဆန့်ကျင်ကာ ကန့်ကွက်မှုသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တီမောလက်စ်တေ၏ တသမတ်တည်း ထောက်ခံအားပေးမှုကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ “မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ရပ်တည်ချက်သည် ဒီမိုကရေစီလှုပ်ရှားမှုများနှင့်အတူ တီမောလက်စ်တေ၏ အခြေခံကျသော သွေးစည်းညီညွတ်မှုကို တုံ့ပြန်ခြင်းဖြစ်သည်။ ၀န်ကြီးချုပ် Xanana Gusmao နှင့် သမ္မတ Ramos-Horta တို့သည် မြန်မာစစ်အစိုးရအား လူသိရှင်ကြားဝေဖန်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ [NUG] ကို ထောက်ခံခဲ့ကြသည်” ဟု ဒါကော်စတာက ပြောကြားခဲ့သည်။
၂၀၂၁ခုနှစ် အာဏာသိမ်းမှုတွင် ဖြုတ်ချခံခဲ့ရသော ရွေးကောက်ခံလွှတ်တော်အမတ်များက တည်ထောင်ထားသည့် ပြည်ပရောက် NUG သည် ရွေးကောက်တင်မြှောက်ခံရခြင်းမရှိသော စစ်အာဏာရှင်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ပြည်ပရောက် NUG သည် နိုင်ငံ၏တရားဝင်အစိုးရဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။ “စစ်အစိုးရကို အမှန်တကယ်စိတ်ပျက်စေတဲ့အရာကတော့ တီမောလက်စ်တီက ချမှတ်ထားတဲ့ ဒီမိုကရေစီစံနမူနာဖြစ်ပြီး နိုင်ငံသားတွေအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအစိုးရတွေကို ကြောက်ရွံ့ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း စိန်ခေါ်နိုင်တဲ့ လူ့အဖွဲ့အစည်းပါပဲ” ဟု ဒါကော်စတာက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ ဒီမိုကရေစီတန်ဖိုးများအတွက် တီမောလက်စ်တီ၏ ခိုင်မာသော ထောက်ခံမှုသည် တသမတ်တည်း ရှိနေပါသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဝန်ကြီးချုပ် Gusmao က ၎င်း၏နိုင်ငံသည် စစ်အာဏာရှင်များ အစိုးရက ဆက်လက်လုပ်ဆောင်ပါက၊အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ပြန်လည်စဉ်းစားနိုင်သည်ဟု ပြောကြားခဲ့သည်။ မကြာမီတွင်သမ္မတ Ramos-Horta က NUG က တာဝန်ရှိသူများကို Dili တွင်တရားဝင်ပွဲများကျင်းပရန်ဖိတ်ကြားခဲ့ပြီး တီမောလက်စ်၏သံအမတ်ကို လက်တုံ့ပြန်တဲ့အနေဖြင့်နှင်ထုတ်ခဲ့သည့် စစ်အစိုးရ၏ တုံ့ပြန်မှုများ ထွက်ပေါ်လာခဲ့သည်။ ၂၀၂၄ခုနှစ် မတ်လတွင် Gusmao သည် သြစတြေးလျနိုင်ငံ Melbourne တွင် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေရသော အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ရုန်းကန်လှုပ်ရှားမှုကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ၂၀၂၁ခုနှစ် သဘောတူညီချက်ငါးချက်ပါ အာဆီယံ၏ လမ်းပြမြေပုံဖြစ်သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လမ်းပြမြေပုံကို ယခုအချိန်အထိ အကောင်အထည်မဖော်သေးကြောင်း စစ်အစိုးရအား တိုက်တွန်းခဲ့သည်။