တာ့ခ်ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် စစ်အုပ်စုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထား

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ မြန်မာနဲ့ ဆွေးနွေးဖို့ စစ်အုပ်စုစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အသနားခံစာ တင်သွင်းဖို့ တာ့ခ်ခရိုင် သယ်ယူပို့ဆောင်ရေးအသင်းက စီစဉ်နေပါတယ်လို့ Thai Enwuire သတင်းကသြဂုတ် ၁၉ရက်မှာဖော်ပြပါတယ်။ နေပြည်တော်ကအမိန့်နဲ့မြန်မာအာဏာပိုင်တွေက သြဂုတ် ၁၈ ရက်နေ့က စစ်ဆေးရေးဂိတ်ကို ပိတ်ခဲ့ပြီး ထိုင်းကုန်တင်ယာဉ်တွေ နယ်စပ်မှာ သောင်တင်နေကြပါတယ်။


အချို့သော တင်ပို့မှုတွေကို အကောက်ခွန် လုပ်ငန်းစဉ်တွေအောက်ကနေကင်းလွတ်ဇုန်ကိုရွှေ့ပြောင်းထားပေမယ့်လည်း နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုကို ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။အဆိုပါပြဿနာကို ဒေသအာဏာပိုင်တွေက မဖြေရှင်းနိုင်ဘဲ အစိုးရနဲ့အစိုးရချင်း ညှိနှိုင်းဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်လို့အသင်းဥက္ကဋ္ဌ ဆွမ်ယုဝညာက ပြောပါတယ်။

“သယ်ယူပို့ ဆောင်ရေး လုပ်ငန်းရှင်တွေအပေါ် ထိခိုက်မှု ပြင်းထန်တယ်လို့၎င်းက မှတ်ချက်ပြုပါတယ်။ ယခင်က ထရပ်ကားအစီးရေ ၂၀၀၀ ကျော်အနက် ၁၅၀၀ သာ ကျန်ရှိတော့ပြီး အော်ပရေတာတွေဟာ လိမ်လည်လှည့်စားတဲ့စင်တာတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ မြန်မာနိုင်ငံမှာ တင်းကျပ်တဲ့လိုင်စင်စည်းကမ်းတွေကို ဖြိုခွဲစဉ်အတွင်း ကန့်သတ်ချက်တွေကြောင့် တိုးလာနေတဲ့ဆုတ်ယုတ်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အခုနောက်ဆုံးပိတ်လိုက်တာက အထိခိုက်ဆုံး”လို့ပြောပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *