မြဝတီက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)ကို မြန်မာဘက်ကကြိုတင်အသိမပေးဘဲပိတ်လိုက်

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

တာ့ခ်ခရိုင် မဲဆောက်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ ကမဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို မြန်မာစစ်အစိုးရက ကြိုတင်အသိမပေးဘဲ ပိတ်ထားလိုက်တယ်လို့ Thsi Enquire သတင်းကသြဂုတ် ၁၈ရက်နှောင်းပိုင်းကဖော်ပြပါတယ်။ မော်တော်ယာဉ်နဲ့ကုန်စည်တွေအားလုံးကို ပိတ်ဆို့ထားပြီးနေပြည်တော်ကလာတဲ့အမိန့်ကြောင့်လို့ဆိုပါတယ်။ အဓိက ကုန်သွယ်မှုလမ်းကြောင်းတွေနဲ့မြဝတီကို ထိုင်းကုန်စည်တွေတင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။


အဆိုပါ ပိတ်ပင်မှုဟာ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထက်ပိုပြီး နယ်စပ် ကုန်သွယ်မှုကနေဝင်ငွေတွေပိုမိုရရှိစေဖို့ ရည်ရွယယ်တယ်လို့သတင်း ရရှိပါတယ်။ချစ်ကြည်ရေးတံတားအမှတ် ၁ ကို ဒေသခံတွေနဲ့အသေးစား ကုန်စည်တွေအတွက် ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။ ဒီကိစ္စကိုထိုင်းအာဏာပိုင်တွေက မှတ်ချက်မပေးသေးပါဘူး။

By admin

Leave a Reply

Your email address will not be published. Required fields are marked *