Kok နဲ့ Sai မြစ်တွေမှာ အန္တရာယ်အဆင့်အထိအာဆင်းနစ်ပါဝင်မှုနှုန်းများနေ

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပုံမှန်မဟုတ်တဲ့အနည်ကျမှုကြောင့် Kok နဲ့ Sai မြစ်တွေမှာအာဆင်းနစ်ပမာဏ မြင့်မားနေတယ်လို့ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန (PCD) က သတင်းထုတ်ပြန်ထားတယ်လို့ Thsi Enquire သတင်းက သြဂုတ် ၁၉ရက်မှာဖော်ပြပါတယ်။ အဆိုပါ ညစ်ညမ်းမှုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထက်ပိုင်းရှိ တရုတ်ကုမ္ပဏီတွေကရွှေတူးဖော်မှုကြောင့် ဖြစ်ပွားရတာလို့သိရပါတယ်။ စောင့်ကြည့်စစ်ဆေးမှုကို Kokမြစ်တစ်လျှောက် အမှတ် (KK01-KK15) နဲ့ ၎င်းရဲ့မြစ်လက်တက်တွေ၊Sai မြစ် (SA01-SA03) မှာ သုံးနေရာ၊ Ruak မြစ် (RU01-RU02) နဲ့ မဲခေါင်မြစ် (NK01-NK03) တို့၊ ချင်းမိုင်နဲ့ချင်းရိုင်မှာ သုံးနေရာတို့ပါဝင်ပါတယ်။ ဇူလိုင် ၂၁ ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ ၈ ကြိမ်မြောက် စစ်ဆေးမှုမှာ အာဆင်းနစ်ဟာ Kok မြစ်အမှတ် < 0.010 ကနေ 0.029 mg/L အတွင်းရှိ စံနှုန်း (0.010 mg/L) ထက်ကျော်လွန်နေတာကိုတွေ့ရှိခဲ့ပါတယ်။

ထူးထူးခြားခြား တွေ့ရှိမှုကတော့မီဝမ်-ထတုံ ချစ်ကြည်ရေးတံတား (KK02) မှာ 0.029 mg/L နဲ့ ထိုင်း-မြန်မာနယ်စပ်၊ ထတုံ၊ မယ်အိုက် (KK01) မှာ0.018 mg/L တို့ ပါဝင်ပါတယ်။ Sai မြစ်အတွင်း အာဆင်းနစ်ဟာမယ်ဆိုင်ရှိ Ban Hua Fai (SA01) မှာ 0.055 mg/L၊ Sai River Friendship Bridge 2 (SA02) မှာ 0.053 mg/L နဲ့ Ban Pa Sang Ngam၊ Ko Chang (SA03) မှာ 0.052 mg/L တို့ဖြစ်ပါတယ်။ Ruak မြစ်မှာ စံအမှတ် (၀.၀၄၀ မီလီဂရမ်/လီတာ) ကျော်လွန်သွားပေမယ့်လည်း မဲခေါင်မြစ်ဟာ စံနှုန်းထက် တစ်မှတ် (Wiang၊ Chiang Saen၊ NK02) မှာ 0.040 mg/L ရှိပါတယ်။ Kok မြစ်လက်တက်တွေဖြစ်ကြတဲ့(ဖန်၊ ခေါန်၊ ဆူဝိုင်၊ လာအိုမြစ်တွေ) နဲ့ အခြားရည်ညွှန်းတဲ့နေရာတွေမှာဘေးကင်းတဲ့ကန့်သတ်ချက်တွေအတွင်းမှာ ရှိနေပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *