အာဏာလုစစ်အုပ်စုက ဧည့်စာရင်းအကြောင်းပြကာ ဝင်းရောက် ဖမ်းဆီးခဲ့တဲ့ တကသကျောင်းသားဟောင်းများ အင်အားစု အဖွဲ့ဝင်တဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နဲ့ကိုရှိန်းဝေအောင် (အလုပ်အမှုဆောင်ဟောင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ) တို့ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်(၂၀) အထိ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က ကို ရှိန်းဝေအောင်နေအိမ်မှာ စစ်အုပ်စုဘက်တော်သားတွေကဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း ၂ဦးကို အင်းစိန်ထောင် ထောင်တွင်း(မ)တရားရုံးကနေ ၁၉-၀၂-၂၀၂၅ မှာ၅၀၅(က)နဲ့ ထောင်ဒဏ် (၃)နှစ် အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ တဆက်ထဲမှာ ဗိုလ်တထောင်ခရိုင် တရားရုံးကနေ ၂၆-၀၆-၂၀၂၅ မှာ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် (၇)နှစ်အဖြစ် လည်းကောင်း၊ ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် (၁၀)နှစ်အဖြစ်လည်းကောင်း ထပ်မံ အမိန့်ချမှတ်ခဲ့ပြီး၊ စုစုပေါင်း ထောင်ဒဏ် နှစ်(၂၀)စီ ချမှတ်ခံထားရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
#သောင်ရင်းသတင်းလွှာ #ကျောင်းသားသမဂ္ဂ #ကိုပိုင်ဖြိုးမင်း #ကိုရှိန်းဝေအောင် #ဧည့်စာရင်း #ထောင်ဒဏ်နှစ်၂၀