ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ တာ့ခ်ခရိုင် မဲဆောက်မြို့အနောက်တောင်ဘက် ၂၁၁ ကီလိုမီတာခန့်အကွာ မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာပြင်းအား ၅.၄ နဲ့အနက် ၁၀ ကီလိုမီတာမှာငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ Khaosod သတင်းကသြဂုတ် ၂၁ရက်မှာဖော်ပြပါတယ်။ အလုပ်သမားဝန်ကြီးဌာနတည်ရှိရာ Din Daeng ခရိုင်အပါအဝင် ထိုင်းနိုင်ငံရဲ့ နေရာအများအပြားမှာ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ အဆောက်အဦအတွင်း တုန်ခါမှုကို ခံစားခဲ့ရပြီး လူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။နံနက် ၉ နာရီ ၅၈ မိနစ်ခန့်မှာ Khlong Toei Nuea မြို့နယ်ခွဲ, Vadhana ရပ်ကွက်မှာ ၁၀ စက္ကန့်ခန့် ကြာလှုပ်ယမ်းမှု အနည်းငယ် ခံစားခဲ့ရပါတယ်။ Ratchathewi မြို့ Banthathong လမ်းက ရုံးခန်းအဆောက်အအုံဟာ ယိမ်းနွဲ့နေတယ်လို့တစ်စုံတစ်ဦးကသတင်းပေးပို့ခဲ့ပါတယ်။ နွန်သဘူရီခရိုင်၊ မွမ်သာဘူရီမြို့၊ Bang Kraso မြို့နယ်ခွဲ၊ Khaerai ဧရိယာရှိ ၉ လွှာရှိ အထပ်မြင့်အဆောက်အအုံတစ်ခုဟာယိမ်းနွဲ့သွားတာကို ခံစားခဲ့ရပြီး လူတွေမူးဝေသွားခဲ့ကြပါတယ်။
ဘန်ကောက်မြို့ရှိ Silom မြို့ခွဲ၊ Bang Rak ရပ်ကွက်မှာ လူတွေ မူးဝေပြီး အဆောက်အဦနဲ့အရာဝတ္ထုတွေတုန်ခါသွားပေမယ့်လည်း လှုပ်ခါမှုဟာအချိန်မကြာဘူးလို့ဆိုပါတယ်။ဘန်ကောက်မြို့၊ Phay Thai မြို့ခွဲ Samsen Nai ရပ်ကွက်က ၁၁ ထပ်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခုဟာ တုန်ခါမှုကို ခံစားခဲ့ရပြီး မီးပဒေသာတစ်ခု လှုပ်ယမ်းခဲ့ပါတယ်။ ဘန်ကောက်မြို့ ကန့်တိုရပ်ကွက်ကကွန်ဒိုတစ်ခုရဲ့ ၁၂ လွှာမှာရှိတဲ့ ရေကန်အတွင်းရှိ ရေတွေအနည်းငယ် လှိုင်းထခဲ့ပါတယ်။ ဘန်ကောက်မြို့၊ ကန့်လန့်စန်ရပ်ကွက် ကွန်ဒိုမီနီယံ ၁၈ လွှာမှာ အဆောက်အဦက “အော်သံ” ကြားရပြီး မီးဖိုချောင် တုန်ခါသွားပါတယ်။ ဘန်ကောက်မြို့၊ သောင်ဖရာထိုင်မြို့ခွဲ၊ ရတ်သီဝီရပ်ကွက်မှာ လူတွေဟာတုန်လှုပ်ခြင်း၊ မူးဝေခြင်းတို့ကို ခံစားခဲ့ရပြီး တွဲလောင်းကျနေသော မျက်နှာကျက်မီးဆိုင်းတွေဟာ အပြန်ပြန်အလှန်လှန်လှုပ်ခတ်သွားကြတယ်လို့သတင်းကဆိုပါတယ်။