နိုင်ငံတော် အာဏာက အဓိကပါ

ယခုစစ်အုပ်စု လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပက်သက်လို့-
၁၊ရွေးကောက်ပွဲလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက
သူ့လက်ထဲမှာ
၂။ရွေးကောက်ပွဲမလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက
သူ့လက်ထဲမှာ။
၃။လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲပျက်လဲ နိုင်ငံတော်အာဏာသူ့လက်ထဲမှာ။
၄။ရွေးကောက်ပွဲ အပိုင်းလိုက်ပဲလုပ်လုပ်၊PR စနစ်ပဲလုပ်လုပ်၊ဘာစနစ်ပဲလုပ်လုပ် နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ

ဆိုလိုရင်းက စစ်အုပ်စု ရွေးကောက်ပွဲကို အာဏာ ပြဿနာက ချဉ်းကပ် ရင် (အာဏာက စစ်အုပ်စုလက်ထဲမှာ) ဆက်ရှိနေမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။
———————————————
ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

စစ်အစိုးရရွေးကောက်ပွဲနဲ့ပက်သက်လို့ ဝေဖန်သုံးသတ်မှုများကို ဖတ်ရှု့၊နားဆင်နေရပါတယ်။အပြန်အလှန်လည်းဆွေးနွေးဖြစ်ကြပါတယ်။ ဒီနေရာမှာ ရှု့ဒေါင့်တစ်ခုအနေနဲ့ ဆရာဦးခင်မောင်မြင့်(ပြည်သူ့တိုးတက်ရေးပါတီ)ရဲ့ ဟောပြောချက်တစ်ခုကို ကိုးကားစီစစ်ပါမယ်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီက နယ်ဟောပြောပွဲတစ်ခုမှာ ပရိပ်သတ်က နဝတ စစ်အစိုးရလုပ်မယ့်၁၉၉၀ ရွေးကောက်ပွဲနဲ့ပက်သက်လို့မေးမြန်းတာကို ဆရာဦးခင်မောင်မြင့်က- “စစ်တပ်ဟာ တစ်သက်လုံး ခံကတုတ်နှစ်ခုနဲ့ သူ့အာဏာကို ကာကွယ်လေ့ရှိတယ်။ခံကတုတ်တစ်ခုက အခြေခံဥပဒေခံကတုတ်ပဲ နောက်ခံကတုတ်တစ်ခုက စစ်တပ်ကိုယ်တိုင်ပဲ၆၂ ဗိုလ်နေဝင်းအာဏာသိမ်းပြီးတော့ ၇၄ အခြေခံဥပဒေခံကတုတ်ထဲမှာ ဝင်နေတယ်။ ၁၉၈၈ အရေးတော်ပုံကြီးက ၇၄ အခြေခံဥပဒေခံကတုတ်ကိုဖြိုချလိုက်တဲ့အခါစစ်တပ်ဟာသူ့တို့အာဏာကို ဆက်ကာကွယ်ဖို့ အာဏာသိမ်းပြီး စစ်တပ်ကိုယ်တိုင်ရှေ့ထွက်ကာကွယ်လာတယ်။
အခုလည်း အခြေခံဥပဒေခံကတုတ်နဲ့ကာကွယ်ဖို့ လုပ်နေတယ်။”ဆိုပြီးသတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ညောင်နှစ်ပင်ညီလာခံနဲ့အချိန်ဆွဲပြီး နိုင်ငံရေးအင်အားစုတွေချိနဲ့လာတဲ့အချိန်ကောင်းကိုစောင့်ပါတယ်။  နောက် ၂၀၀၈ အခြေခံဥပဒေခံကတုတ်နဲ့စစ်တပ်အာဏာပိုင်စိုးမှု့ကို ဆက်လက်ထိမ်းသိမ်းပါတယ်။

၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ စစ်တပ်ပါတီကြံ့ခိုင်ရေးနဲ့မဟာမိတ်ပါတီများ၊စစ်တပ်နောက်မြီးဆွဲတိုင်းရင်းသားပါတီများ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ခွက်ခွက်လန် နိုင်ငံရေးကုန်းကောက်စရာမရှိအောင် အရေးနိမ့်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေခံကတုတ်ဟာ စစ်တပ်အာဏာပိုင်စိုးမှုကို မကာကွယ်နိုင်တော့တဲ့အခြေအနေရောက်လာပါတယ်။
အဲဒီနောက် ၂၀၂၁ မှာ စစ်တပ်က ယုတ္တိမဲ့ အာဏာထပ်သိမ်းပြီး စစ်တပ်ကိုယ်တိုင်သူတို့အာဏာချုပ်ကိုင်မှုကိုထွက်ကာကွယ်ပြန်ပါတယ်။ သို့ပေမယ် ယခုတစ်ခါအာဏာသိမ်းမှုကို အချိန် ၅ နှစ်နီးပါးထိ ပြည်သူကတစ်နိုင်ငံလုံး လက်နက်ဆွဲကိုင်တော်လှန်လိုက်ကြပါတယ်။ စစ်တပ်ဟာ နဝတ၊နအဖ လက်ထက်များနဲ့မတူပဲ စကစ ၅ နှစ်ခရီးအတွင်း စစ်တပ်ခံကတုတ်စတင်ပြိုပျက်လာပါတယ်။ အခြေအနေယိမ်းယိုင်လာပြီး စစ်တပ်ခံကတုတ်ပြိုကျလုလုမှာ အခြေခံဥပဒေ၊ရွေးကောက်ပွဲခံကတုတ်နဲ့ ကြိုးစားကာကွယ်ဖို့ အားထုတ်လာပါတယ်။ စစ်အုပ်စု ဘာပဲလုပ်လုပ် အနှစ်ချုပ်ကတော့ နိုင်ငံတော် ကို သူတို့အုပ်စီးချုပ်ကိုင်မှု့လက်မလွတ်ရရေးကို ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။


ယခုစစ်အုပ်စု လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပက်သက်လို့-
၁၊ရွေးကောက်ပွဲလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက
သူ့လက်ထဲမှာ
၂။ရွေးကောက်ပွဲမလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက
သူ့လက်ထဲမှာ။
၃။လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲပျက်လဲ နိုင်ငံတော်အာဏာသူ့လက်ထဲမှာ။
၄။ရွေးကောက်ပွဲ အပိုင်းလိုက်ပဲလုပ်လုပ်၊PR စနစ်ပဲလုပ်လုပ်၊ဘာစနစ်ပဲလုပ်လုပ် နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ

ဆိုလိုရင်းက စစ်အုပ်စု ရွေးကောက်ပွဲကို အာဏာ ပြဿနာက ချဉ်းကပ် ရင် (အာဏာက စစ်အုပ်စုလက်ထဲမှာ) ဆက်ရှိနေမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။

စစ်အုပ်အတွက်ကရွေးကောက်ပွဲဖြစ်လဲ သူ့အတွက်အမြတ် ရွေးကောက်ပွဲပျက်လဲ သူ့အတွက်အမြတ်အာဏာဆက်ကိုင်ထားဖို့ပါပဲ။ တော်လှန်ရေးဖက်က စစ်အုပ်စုရွေးကောက်ပွဲနဲ့ပက်သက်လို့ဘယ်လိုသဘောထားမလဲ ဆိုတာနဲ့ အတွေးအခေါ်ရှုတ်ထွေးနေလို့ မရဘူးထင်ပါတယ်။ ပင်မရေစီးတော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်ကို မျက်ချေမပြတ်ဖို့လိုပါတယ်။မျက်စေ့မလည်ဖို့လိုပါတယ်။ ပင်မရေစီးတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို မြန်မာပြည်ကနေ အပြီးအပိုင်ဖျက်သိမ်းပစ်ရေးဖြစ်ပါတယ်။ စစ်တပ်လက်ထဲကအာဏာကို ပြည်သူရွေးကောက်တင်မြောက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရ လက်ထဲရောက်အောင် ၊ပြည်သူ့အာဏာဖြစ်အောင် တော်လှန်ရေးဆင်နွှဲကြတာဖြစ်ပါတယ်။ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ၊၂၀၀၈နဲ့စစ်တပ်ရဲ့ ပထမခံကတုတ် ပြိုကျပြီးသားပါ။စစ်တပ်ကိုယ်တိုင်ထွက်ကာကွယ်တဲ့ စစ်တပ်ခံကတုတ်လဲ ယိုင်နဲနဲ၊ပြိုလုလုပါ။ NUG က အုပ်ချုပ်ရေးစနစ် Regime Change အပြောင်အလဲမဟုတ်ပါဘူး။စနစ်အပြောင်းအလဲ System Change ပါလို့ သဘောတရားထုတ်ပြန်ထားပါတယ်။အသေးစိတ်ထပ်မရှင်းပြလို့ ပြည်သူလူထုက ရှင်းလင်းစွာ သိခွင့်မရသေးပါဘူး။ Regime Change , System Change အပြင် မြန်မာ့သမိုင်းရဲ့လိုအပ်ချက်အရ အုပ်စိုးသူလူတန်းစာ Ruling Classes ပြောင်းလဲရေးကိုမျက်ချေမပြတ်ဖို့လိုပါတယ်။

မြန်မာပြည်ကို ဆက်တိုက်အုပ်စိုးခဲ့တဲ့အုပ်စိုးသူလူတန်းစား Ruling Classes က စစ်အုပ်စုပါ။တစ်လျှောက်လုံးအာဏာကိုင်ထားတာ စစ်အုပ်စုပါ။ တော်လှန်ရေးရဲ့တာဝန်က အုပ်စိုးသူလူတန်းစားပါ ပြောင်းလဲပစ်ဖို့ပါ။စစ်အုပ်စုရွေးကောက်ပွဲကို နိုင်ငံတော်အာဏာ ပြဿနာနဲ့ ချဉ်းကပ်ရင်အာဏာဘယ်သူ့လက်ထဲမှထားဖို့လည်း ဆိုတာ ရှင်းလင်းပါတယ်။ ယနေ့ ပြည်သူ့တော်လှန်ရေးဟာ ရွေးကောက်ပွဲ ပြဿနာမဟုတ်ပါဘူး။အာဏာပြဿနာပါ။အပြန်အလှန်ဆွေးနွေးဖြစ်တာတော့ တော်လှန်ရေးအနိုင်ရပြီး၊မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကင်းစင်တော့မှ ပြည်သူ့အာဏာနဲ့လုပ်တဲ့ ရွေးကောက်ပွဲ ကို ကျင်းပနိုင်မှာပါ။ စစ်အုပ်စုရွေးကောက်ပွဲဖြစ်သည်ဖြစ်စေ၊ပျက်သည်ဖြစ်စေ အာဏာပြဿနာ၊အာဏာရှု့ဒေါင့်က ချဉ်းကပ်ရင်မတွေဝေ၊မရှုတ်ထွေးပါလို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

စိမ်းမောင်

By admin

Leave a Reply

Your email address will not be published. Required fields are marked *