နယ်စပ် တင်းကျပ်မှု နဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားကုန်သွယ်ရဌာနက မြန်မာ သံအမတ်ကြီးနဲ့ တွေ့ဆုံဖို့ ရှိ

ဩဂုတ်လ ၂၃၊ ၂၀၂၅ ။ သောင်ရင်းသတင်းလွှာ

ကုန်တင်ကားအစီးရေ ၄၀၀ ကျော် ပြတ်တောက်သွားရတဲ့ မဲဆောက်-မြဝတီနယ်စပ်မှာ ပိတ်သိမ်းမှုကိုဖြေလျှော့ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားဖို့ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က ပြင်ဆင်နေတယ်လို့ The Nation သတင်းကသြဂုတ် ၂၂ရက်မှာဖော်ပြပါတယ်။ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂ ) မှာ သွင်းကုန်လိုင်စင်မရှိဘဲ တရားမ၀င် ကုန်ပစ္စည်းတွေတင်သွင်းမှု တားဆီးရေး ကြိုးပမ်းမှုအတွက် မဲဆောက်-မြဝတီ နယ်စပ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တင်ပြီးပိတ်ထားကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖွမ်တုံက ပြောပါတယ်။ ဒီနောက် DFT နဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့ကထိုင်းနိုင်ငံဆိုင်ရာမြန်မာ့ကုန်သွယ်ရေးသံမှူးကို၂၀၂၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီး Jatuporn Buruspat ရဲ့ ညွှန်ကြားချက်အရ အခြေအနေကို ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဩဂုတ်လဆန်းပိုင်းကစပြီးလိုင်စင်မရှိဘဲ တရားမဝင် သွင်းကုန်တွေနဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးရေး တင်းကျပ်ထားတယ်လို့မြန်မာနိုင်ငံဘက်က ရှင်းပြတယ်လို့သတင်းကဆိုပါတယ်။ ဝင်ငွေဆုံးရှုံးခြင်းနဲ့ ကုန်သွယ်မှုလိုငွေ တိုးလာတာ တို့ကြောင့် အာဏာပိုင်တွေက တင်းကျပ်တဲ့အစီအမံတွေချမှတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါ့ကြောင့် အခြားနိုင်ငံကကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်တင်ယာဉ် အများအပြားဟာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ နယ်စပ်မှာစောင့်ဆိုင်းနေခဲ့ကြပါတယ်။

ကုန်တင်ကားအစီးရေ ၄၀၀ ခန့် နယ်စပ်မ​ောပိတ်မိနေတယ်လို့ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးရုံးကသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ကုန်တင်ကားအများစုဟာအခြားနိုင်ငံကကုန်ပစ္စည်းတွေသာမက ထိုင်းနိုင်ငံကကုန်ပစ္စည်းတွေကိုပါ သယ်ဆောင်လာကြပါတယ်။ Koh Song ကျွန်းကိုရောက်ဖို့ မြန်မာဘက်ကတော့ ရနောင်းဆိပ်ကမ်းကနေ သင်္ဘောတွေနဲ့ပြန်ပို့ဖို့ အကြံပြုထားပါတယ်” လို့ အာရာဒါက ပြောပါတယ်။ ဆက်လက်ပြီးတော့ ဌာနက မြန်မာနိုင်ငံ ကုန်သွယ်ရေးသံမှူးနဲ့ဆွေးနွေးမှုတွေကနေတွေ့ရှိချက်တွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဆီကို တင်ပြမှာဖြစ်ပြီး ဒီနောက် ဆက်လက်ဆွေးနွေးဖ်ု့အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးရုံးရဲ့ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ မြန်မာရဲ့ သွင်းကုန်လိုင်စင်စစ်ဆေးမှုတွေပိုမိုတင်းကျပ်လာတာကြောင့် ဖိအားပေးခံနေရတယ်လို့သိရပါတယ်။ ဒီအစီအမံတွေဟာ ၂၀၂၅ခုနှစ် နှစ်လယ်ပိုင်းမှာ အရှိန်မြှင့်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုရဲ့ ၄၀% နီးပါးရှိတဲ့ မဲဆောက်အကောက်ခွန်ဌာနနဲ့ ၂၀% နီးပါးရှိတဲ့ရနောင်းအကောက်ခွန်ဌာနတို့ကို ပြင်းထန်စွာအကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အခြားအကောက်ခွန်ရုံးများလောက် ထိခိုက်မှု ကြီးကြီးမားမား မရှိသေးပါဘူး။ တကယ်လို့အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေနေရင် ပို့ကုန်လုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်စေပြီး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပြောင်းလဲသွားနိုင်ပါတယ်။


လောင်စာဆီ၊ အဖျော်ယမကာနဲ့ လူသုံးကုန်ပစ္စည်းတွေလိုကုန်ပစ္စည်းတွေကို လိုအပ်တဲ့သွင်းကုန်လိုင်စင်မရှိဘဲ တင်ပို့နိုင်ခြင်း မရှိရင် ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် မဲဆောက်မြို့နဲ့ အနီးတစ်ဝိုက်ရှိ နယ်စပ်ဒေသတွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ နယ်စပ်ဈေးသည်တွေမသေချာမရေရာမှုတွေနဲ့နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု ရှောင်ကျဉ်မှုတို့ကြောင့် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြုံတွေ့ရနိုင်ပါတယ်။ ပင်လယ်ရေကြောင်း လမ်းကြောင်းပြောင်းသွားတာကြောင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းရှင်တွေလည်း ထိခိုက်မှာဖြစ် ပါတယ်။။ ဒီနှစ် ပထမနှစ်ဝက် (ဇန်နဝါရီကနေ ဇွန်လအထိ) ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုးဟာ ဘတ် ၁၀၅.၁၄၉ ဘီလီယံဖြစ်ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ၂၄.၉၁% ကျဆင်းခဲ့ပါတယ်။ ထိုင်းပို့ကုန်ပမာဏ ဘတ် ၆၃.၅၇၂ ဘီလီယံ၊ သွင်းကုန်တန်ဖိုး ၁၆.၃၆% ကျဆင်းခဲ့ပြီး သွင်းကုန်တန်ဖိုး ၄၁.၅၇၈ ဒသမ ၃၇ ဘီလျံ ဘတ်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ ကုန်သွယ်မှုပိုငွေ ဘတ် ၂၁.၉၉၄ ဘီလီယံ စံချိန်တင်ခဲ့ပါတယ်။ တာ့ခ်ခရိုင်ရှိ မဲဆောက်အကောက်ခွန်ရုံးတွေမှာကုန်သွယ်မှုတန်ဖိုး ဘတ် ၄၅.၃၇၈ ဘီလီယံ၊ ၉.၇၁% ကျဆင်းခဲ့ပြီး ကန်ချနပူရီရှိ ဆန်ခလာ့ဘူရီအကောက်ခွန်က ဘတ် ၃၂.၄၀၆ ဘီလီယံ၊ ၃၃.၂၇% လျော့ကျပြီး ရနောင်းအကောက်ခွန်ဟာထိုင်းဘတ် ၁၈.၁၉၉ ဘီလီယံ ဘတ်ငွေ ၁၂.၂၃ ဘီလီယံ ကျဆင်းခဲ့ပါတယ်။ ၄၇.၁၃% ကျဆင်းခဲ့ပြီး Prachuap Khiri Khan အကောက်ခွန်မှာဘတ်သန်း ၃၀၀က ၉၃.၉၄% ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း မယ်ဟောင်ဆောင် အကောက်ခွန်သဟာ ဘတ်ငွေ ၆၉၈ သန်းနဲ့ ကုန်သွယ်မှုတန်ဖိုး ၂၆၆ ဒသမ ၃၅ ရာခိုင်နှုန်း တိုးလာပြီး ချင်းမိုင်ရှိ မယ်ဆာရီယံ အကောက်ခွန်ဟာ ၃၅ ရာခိုင်နှုန်း ဘတ် ၁၀၄ သန်းအထိ မြင့်တက်ခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *