ဘန်ကောက်မှာ အငှားဆိုင်ကယ်မောင်း အိပ်ငိုက်သွားလို့ တံတားပေါ်ကနေ မြန်မာအမျိုးသမီး ခရီးသည်တစ်ဦး ပြုတ်ကျခဲ့

ဩဂုတ်လ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အက်ပလီကေးရှင်းအခြေပြုမော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းတစ်ဦး အိပ်ငိုက်သွားတာကြောင့်ဘန်ကောက်မြို့ရှိ တံတားတစ်ခုရဲ့လက်ရန်းကို ဝင်တိုက်မိပြီး ၎င်းရဲ့မြန်မာ အမျိုးသမီးခရီးသည်ဟာ အောက်ကလမ်းပေါ်ကို ပြုတ်ကျသွားခဲ့တယ်လို့ The Thaiger သတင်းက သြဂုတ် ၂၆ ရက်မှာဖော်ပြပါတယ်။ အဆိုပါအခိုက်အတန့်ကို ဩဂုတ်လ ၂၅ ရက် နံနက် ၇ နာရီခန့်က Chatuchak မြို့ခွဲက Ratchayothin လမ်းဆုံရှိ တံတားပေါ်ကနေအမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့တဲ့ ဗီဒီယိုဖိုင်ကို TikTok အသုံးပြုသူ @rnatpakan က မျှဝေခဲ့တာဖြစ်ပါတယ်။ ဖြတ်သန်းသွားလာသည့် ဆီဒင်ကားခေါင်မိုးပေါ်က လေကာမှန်တွေကွဲအက်သွားခဲ့ပါတယ်။ သီးခြား မော်တော်ဆိုင်ကယ် တက္ကစီမောင်းသူ အသက် ၄၆ နှစ်အရွယ် Kai က ၎င်းဟာ အနီးနားမှာ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေချိန်မတော်တဆမှုဖြစ်ကြောင်း ကြားသိရပြီးနောက် အခင်းဖြစ်ပွားရာကိုအမြန်ပြေးခဲ့ကြောင်း Channel 7 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ခရီးသည်တွေရဲ့ ပြောကြားချက်အရ အက်ပလီကေးရှင်းအခြေခံ ဆိုင်ကယ်တက္ကစီစီးနင်းသူဟာတံတားလက်ရန်းကို တိုက်မိခဲ့ပြီး ခရီးသည်တစ်ဦး ပြုတ်ကျသွားခဲ့တာလို့သိရပါတယ်။


မြန်မာအမျိုးသမီးဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း Kai ကပြောကြားခဲ့ပြီး မောင်းနှင်သူဟာဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး တံတားပေါ်မှပြုတ်ကျခဲ့ခြင်းမရှိဘူးလို သိရပါတယ်။ဆိုင်ကယ်မောင်းဝူဟာအိပ်ငိုက်မှုကြောင့်အမျိုးသမီးပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဖဟွန်းယိုသင်းရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေက ပေါ်လိုကက်စ်ဆေးရုံမှာအနီးကပ်ဆေးကုသမှု ခံယူနေသည့် မြန်မာနိုင်ငံသူ မလွင်လွင်အေးဖြစ်တယ်လို့ဖော်ထုတ်တွေ့ရှိခဲ့ပါတာ်။ ကယ်ဆယ်ရေးသမားတွေက သူ့ကို ဆေးရုံသို့ ပို့ဆောင်စဉ်မှာသတိမလစ်သွားခဲ့ပေမယ့်လည်း သူ့ရဲ့ လက်ရှိအခြေအနေကိုမသိရှိရသးပါဘူး။ ယာဉ်မောင်းဖြစ်သူ Thanaphat ဟာ ကားမောင်းနေရင်း အိပ်ပျော်သွားကြောင်း ဝန်ခံခဲ့ပါတယ်။ သူ့ကိုအခြားသူတစ်ဦးအား ထိခိုက်ဒဏ်ရာရစေသည့် မဆင်မခြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၃၉၀ နဲ့တရားစွဲဆိုထားပါတယ်။

အဆိုပါ ပြစ်မှုဟာ ထောင်ဒဏ် တစ်လအထိ ဒဏ်ငွေ ဘတ် ၁၀၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ပါတယ်။ ပြုတ်ကျခဲ့သူရဲ့အခြေအနေ ပိုဆိုးလာရင် ပိုမိုပြင်းထန်တဲ့စွဲချက်တင်ခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဧပြီလအတွင်းကလည်း ထိုင်းနိုင်ငံ၊ ပသွမ်သာနီပြည်နယ်က အမျိုးသမီးတစ်ဦး၎င်းကားဟာ အမြင့်ငါးမီတာရှိ တံတားတစ်ခုကနေအောက်လမ်းအတားအဆီးတစ်ခုပေါ်ကို ပြုတ်ကျပြီးနောက် ကံကောင်းစွာနဲ့အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ အခင်းမဖြစ်ပွားမီ ပါတီပွဲကိုတက်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့်လည်း အရက်သောက်ခြင်း ရှိ၊မရှိ အတည်ပြုခဲ့ခြင်း မရှိပါဘူး။ အခြားဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သော ဒီဇင်ဘာလက စမွတ်ပရာကန်ရှိ အမျိုးသမီးတစ်ဦးဟာလက်ရန်းကိုဖြတ်၍ လက်ကိုင်ဖုန်းကို ထုတ်ယူဖို့ကြိုးစားပြီးနောက် လူကူးတံတားပေါ်ကနေပြုတ်ကျကာ ဒဏ်ရာရရှိခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *