မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် တရားဝင်ခွင့်ပြုပေးမယ့် အထင်ကရ ဆုံးဖြတ်ချက်ကို IRC က ကြိုဆို

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီ (IRC) ကမြန်မာနိုင်ငံကနေ အကြမ်းဖက်မှုကြောင့်ထွက်ပြေးလာတဲ့ အသိုက်အဝန်းတွေကို နှစ် ၄၀ ကြာ လက်ခံပေးခဲ့ပြီးနောက် ထိုင်းတော်ဝင်အစိုးရက အဆိုပါ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးမယ်ဆိုတဲ့သတင်းကို ကြိုဆိုပါတယ်လို့ သြဂုတ် ၂၉ရက်ကထုတ်ပြန်ပါတယ်။ IRC ကကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့ရှိ ပဋိပက္ခတွေကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပံ့ပိုးကူညီနေတဲ့ ၁၉၇၅ ခုနှစ်ကတည်းက ထိုင်းဘုရင့်အစိုးရနဲ့လက်တွဲလုပ်ဆောင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ IRC က မြန်မာဒုက္ခသည်ပေါင်း ၁၀၀,၀၀၀ကျော်ကို အမေရိကန်မှာပြန်လည်နေရာချထားရန်နဲ့ အမေရိကန်မှာ နေထိုင်ရန် အမေရိကန်အစိုးရကို ကူညီပေးခဲ့ပါတယ်။၂၀၀၀ ခုနှစ်ကတည်းက IRC က ထိုင်းတော်ဝင်အစိုးရနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒုက္ခသည်တွေထိုင်းနိုင်ငံမှာတရားဝင်နေထိုင် အလုပ်လုပ်ကိုင်နိုင်တဲ့အနာဂတ်ကို ပြင်ဆင်ခဲ့ပါတယ်။

အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေအတွင်း ထောက်ပံ့ကူညီမှု သိသိသာသာ လျော့ကျသွားတဲ့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအကျပ်အတည်းကြားမှာ ၎င်းတို့ကို ဝန်ဆောင်မှုပေးနေတဲ့ ဒုက္ခသည်အသိုင်းအဝိုင်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကိုကြိုဆိုကယ်ဆယ်ရေးတွေဆောင်ကြဉ်းလာနေပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။ IRC ထိုင်းနိုင်ငံဒါရိုက်တာ Darren Hertz က ပြောကြားခဲ့ရာမှာ“မြန်မာနိုင်ငံက ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ လူ့အဖွဲ့အစည်းတွေကို နှစ်ပေါင်း ၄၀ လောက် ခိုလှုံခွင့်ပေးပြီးတဲ့နောက် ထိုင်းတော်ဝင်အစိုးရဟာ မြန်မာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ ဒါဟာ ဒီလူထုအတွက် မိမိကိုယ်ကို အားကိုးတကြီးနဲ့ ဂုဏ်သိက္ခာရှိရှိ အနာဂတ်ကို ပေးစွမ်းရုံသာမက ထိုင်း၊ ထိုင်းပြည်သူတွေနဲ့ ထိုင်းစီးပွားရေးကိုပါ အကျိုးပြုနိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်”လို့ဆိုပါတယ်။

“ကျွန်မတို့ခေတ်မှာ နိုင်ငံတော်တော်များများက အကြမ်းဖက်မှုတွေကြောင့် ဖြိုချခံခဲ့ရတဲ့သူတွေနဲ့ အထီးကျန်ပြီး နိုင်ငံတွေထဲကို ဝင်လာတဲ့အခါ ထိုင်းနိုင်ငံက သူ့ရဲ့ ကရုဏာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းဆောင်မှုစိတ်ဓာတ်ကို ပြသနေပါတယ်”လို့သူကဆက်ပြောပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီကဒီ ဆုံးဖြတ်ချက်ကို ချီးကျူးဂုဏ်ပြုပြီး အကူးအပြောင်းကာလတစ်လျှောက် အစိုးရ၊ ဒုက္ခသည်တွေနဲ့ ၎င်းရဲ့ခေါင်းဆောင်တွေကိုပံ့ပိုးကူညီရန် အသင့်ရှိနေပါတယ်”လို့ထုတ်ပြန်ချက်ကဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *