မြန်မာနိုင်ငံထဲရှိတရုတ်ငွေလိမ်လည်ကွန်ရက်က ဖိလစ်ပိုင်လူမျိုးတွေကို ထောင်ချောက်ဆင်ထား

ဇူဘိုင်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ရှိ အစောင့်တွေချထားတဲ့ခြံဝင်းကြီးတစ်ခုထဲမှာဖိလစ်ပိုင်နိုင်ငံသား တစ်ဒါဇင်ကျော်ဟာညှဉ်းပန်းနှိပ်စက်ခံရမယ်လို့ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့်လည်း အလုပ်ကိုပြန်လုပ်ဖို့ ငြင်းဆိုနေကြပါတယ်။ သူတို့အလုပ်ကအမေရိကန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လူတွေကို လှည့်စားလိမ်လည်ဖို့ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၆၀ကျော်ကအခြားထောင်ပေါင်းများစွာလိုပဲထိုင်းနိုင်ငံရဲ့ အိုင်တီလုပ်ငန်းမှာ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေရမယ်ဆိုတဲ့ကတိများဖြင့် ဖြားယောင်းခံခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင်အလုပ်တွေလုပ်ရမယ့်အစား မြန်မာနိုင်ငံတစ်ဝှမ်းလည်ပတ်နေတဲ့ တရုတ်ရာဇ၀တ်ဂိုဏ်းတွေကလုပ်ကိုင်နေတဲ့ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေမှာ သူတို့ဟာအဓမ္မခိုင်းစေခံရတာကို တွေ့ရှိခဲ့ရပါတယ်။ ဇူလိုင်လ ၂၅ ရက်နေ့က လူကုန်ကူးခံရသူများကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က ဒီမိုကရေစီကရင်ပြည်သူ့အကျိုးပြုတပ်မတော်(DKBA) နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေသေးတဲ့ လူကုန်ကူးခံရသူ ၁၇၉ ဦးကို ကယ်ဆယ်ဖို့ ညှိနှိုင်းတာဖြစ်ပါတယ်။ အဲဒီနေ့ညနေပိုင်းမှာမြဝတီမြို့ရှိ KK 3 Park ကနေ ဖိလစ်ပိုင်နိုင်ငံသား (၁၈)ဦးကို နယ်ခြားစောင့်တပ် (BGF) က ကယ်ထုတ်ခဲ့ပါတယ်။ ၎င်းတို့ကိုမြဝတီမှာယာယီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ သံရုံးတွေကတဆင့် ပြန်လည် လွှတ်ပေးရန် စောင့်ဆိုင်းလျက် ရှိပါတယ်။ ဖိလစ်ပိုင်သံရုံးရဲ့ ရဲသံမှူးဟောင်း ရဲမှူးကြီး Dominador Matalang က အခြေအနေကို စောင့်ကြည့်နေပြီး ကယ်ဆယ်ရေးအတွက် ညှိနှိုင်းကူညီပေးနေပါတယ်။ လျှပ်စစ်၊ အစားအစာနဲ့ရေပေးဝေမှုကို ဖြတ်တောက်ရန် ဖေဖော်ဝါရီမှာ ထိုင်းနိုင်ငံမှတရားမဝင် ရွှေ့ ပြောင်းမှုအပါအဝင် လိမ်လည်တဲ့စင်တာတွေကို နှိမ်နင်းဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ အစုအဖွဲ့တွေကမီးစက်တွေ၊မှောင်ခိုလောင်စာဆီတွေနဲ့ ဂြိုလ်တုအင်တာနက်ကို မှီခိုပြီးလျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ကြပါတယ်။

တချို့သော စစ်ရေးလေ့ကျင့်မှုတွေပုံစံ ပြစ်ဒဏ်ပေးခြင်း သို့မဟုတ် အစာမပေးဘဲ တစ်ယောက်တည်း အကျဉ်းချထားတာကို ခံနိုင်ရည်ရှိစေဖို့ အတင်းအကြပ် ခိုင်းစေခြင်း ခံရပါတယ်။ အခြားသူတွေက ၂၀ လီတာရေဘူးတွေကိုနာရီပေါင်းများစွာကြာသယ်ခိုင်းခဲ့ပါတယ်။အချို့ကို အခြားသော ငွေလိမ် ဂိုဏ်းတွေဆီကိုတောင် ရောင်းချခဲ့ပါတယ်။ ချုပ်ထားစဉ် ကိုယ်ဝန်ရှိလာတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် မီးဖွားပြီးနောက် စိတ်ကျရောဂါ ဖြစ်လာကြပါတယ်။ အလုပ်မလုပ်တဲ့အချိန် တော်တော်များများက အခန်းထဲမှာပဲ နေနေကြရတယ်။ အချို့က ထွက်ပြေးဖို့ကြိုးစားပေမယ့်လည်း အနည်းငယ်သာ လွတ်မြောက်ခဲ့ကြပါတယ်။ ဆေးဘက်ဆိုင်ရာအကူအညီနဲ့ကယ်ဆယ်ရေးများ အပါအဝင် အကူအညီတွေဆက်လက်တောင်းခံနေပေမယ့်လည်း လက်ရှိအခြေအနေအရ ထောက်ပံ့ဖို့ခက်ခဲနေပါတယ်။ DKBA နဲ့ BGF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသမတွေမှာလိမ်လည်လှည့်စားမှု အများစုဟာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေဖြစ်တဲ့အတွက် မြန်မာဗဟိုအစိုးရ​ကတောင်၎င်းတို့အပေါ် အခွင့်အာဏာမရှိပါဘူး။ အဆိုပါအဖွဲ့တွေထဲကအချို့ဟာ လိမ်လည်လုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရနေကြတယ်လို့သံသယရှိနေကြပါတယ်။ ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေစေလွှတ်တဲ့ နိုင်ငံအများအပြားအတွက် သံတမန်မစ်ရှင်တွေ မရှိတော့တာကြောင့် ညှိနှိုင်းတုံ့ပြန်မှုတွေ နှောင့်နှေးခဲ့ရပါတယ်။ တရားစီရင်ရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု လိုအပ်တာကြောင့် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေဟာပိုမိုရှုပ်ထွေးပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိန်းချုပ်နိုင်ရန် လက်နက်ကိုင်အဖွဲ့တွေနဲ့ သိမ်မွေ့စွာ ဆွေးနွေးညှိနှိုင်းမှုတွေလိုအပ်တဲ့အပြင် နယ်စပ်ဖြတ်ကျော်မှု လွယ်ကူစေရန် ထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ CSO ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။

“သားကောင်တွေရဲ့ တည်နေရာနဲ့ အထောက်အထားတွေကို အသေးစိတ်အချက်အလက်တွေရှိပေမဲ့ ထိုင်းအစိုးရ အသွင်ကူးပြောင်းရေးကာလမှာ ကွာဟချက်တစ်ခု ဖန်တီးခဲ့တယ်” လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။ “အခုတော့ ဘယ်သူမှ မြန်မြန်ဆန်ဆန် ရွေ့လျားနေတာ မရှိဘူး၊ ပြီးတော့ သားကောင်တွေက အဲဒါကြောင့် ဒုက္ခရောက်နေကြတယ်”လို့လည်းသူကဆိုပါတယ်။ DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝါးက အလွဲသုံးစားလုပ်မှုနဲ့လိမ်လည်လှည့်စားတဲ့လုပ်ငန်းတွေအကြောင်းကိုသိရှိရတာကို အံ့အားသင့်မိတယ်လို့ပြောပါတယ်။ CSNHTV ကJay Kritiya ရဲ့ အဆိုအရ စောရွှေဝါးဟာ သားကောင်တွေကိုကယ်ဆယ်ရာမှာအခိုင်အမာ ထောက်ခံကြောင်း ပြသခဲ့ပြီးအလုပ်ရုံတွေအတွင်း ရုပ်ပိုင်းဆိုင်ရာ စော်ကားမှု သတင်းမတွေအရင်က မရရှိခဲ့ဖူးဘူးလို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ကယ်တင်ခံခဲ့ရရင်တောင်မှပဲသူတို့ရဲ့အိမ်အပြန်လမ်းက ရှည်လျှားပါတယ်။ ဒုက္ခသည်တွေဟာနေရပ်ပြန်ဖို့ တစ်လကနေ သုံးလအထိ စောင့်ရနိုင်ပါတယ်။ စနစ်သစ်အရ ၎င်းတို့ဟာမြန်မာနိုင်ငံကို ဖြတ်ကျော်ပြီး လူကုန်ကူးမှုကနေလွတ်မြောက်လာသူတွေကို ရှာဖွေဖော်ထုတ်ရာမှာ အသုံးပြုတဲ့ National  Referral Mechanism (NRM) အောက်မှာစိစစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကလိမ်လည်လှည့်စားတဲ့အချက်အချာနေရာတွေကလူကုန်ကူးမှုအကျပ်အတည်းဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းရှိ သားကောင်တွေကိုပါ ထိခိုက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာလူကုန်ကူးခံရသူတွေအတွက် သယ်ယူပို့ဆောင်ရေးဗဟိုအဖြစ် ပိုမိုအသုံးပြုလာတာကိုခံရတာကြောင့်ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာလည်း အန္တရာယ်ရှိတယ်လို့ ရှေ့နေတွေက သတိပေးပါတယ်။ အဓိကစိုးရိမ်မှုတစ်ခုက လိမ်လည်ဂိုဏ်းတွေမှာပါ၀င်တယ်လို့ယူဆရတဲ့ တရုတ်နိုင်ငံသား ၂၀၀ ခန့်ကို သင့်လျော်တဲ့စာရွက်စာတမ်းမရှိဘဲ တရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခဲ့ပြီး အနာဂတ် စုံစမ်းစစ်ဆေးမှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

“လူကုန်ကူးသူတွေကို တရားမစွဲဆိုဘူးဆိုရင်တော့ ဘယ်တော့မှ အဆုံးမသတ်နိုင်ပါဘူး” လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။ OHCHR က Nichapa က အရေးပေါ် စည်းစည်းလုံးလုံး အရေးယူဖို့ တောင်းဆိုရာမှာ သားကောင်တွေရဲ့ မိသားစုတွေကို ပဲ့တင်ထပ်ခဲ့ပါတာ်။ လွတ်မြောက်လာသူတွေဟာ စိတ်ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ ထိခိုက်ဒဏ်ရာရခြင်းကပြန်လည် အကာအကွယ်တွေရရှိစေရေး ဒေသဆိုင်ရာနဲ့ဗဟိုအစိုးရတွေ CSOs တွေနဲ့အတူ လုပ်ဆောင်နိုင်စေမာ့် အမျိုးသားရေးယန္တရားတစ်ခုကို ထူထောင်ဖို့ လိုအပ်ကြောင်း သူက အလေးပေးပြောကြားခဲ့ပါတယ်။ ၂၀၂၅ခုနှစ် မေလမှာအရှေ့တောင်အာရှနိုင်ငံများအဖွဲ့က အပြစ်ဒဏ်ချမှတ်ရေးမဟုတ်တဲ့မူအရ အာဆီယံလမ်းညွှန်ချက်တွေကို ချမှတ်ခဲ့ပြီး ၎င်းတို့ဟာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုလိုပြစ်မှုတွေကျူးလွန်ဖို့အတွက်အတင်းအကြပ်ဖိအားအပေးခံခဲ့ရတဲ့လူကုန်ကူးခံရသူတွေကိုအစိုးရတွေက ရာဇ၀တ်မှုကျူးလွန်သူတွေအဖြစ်မသတ်မှတ်ဖို့ တိုက်တွန်းထားပါတယ်။ တစ်ချိန်က ဒေသတစ်ခုထဲမှာဖြစ်ခဲ့တဲ့ကိစ္စရပ်တစ်ခုဟာ ဒေသကြီးတစ်ခုလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်ကြီးထွားလာခဲ့ပါပြီ။ ပြဿနာကိုအမျိုးသားအဆင့် အစီအစဉ်အဖြစ် မြှင့်တင်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့ကိုတင်ပြဖို့ အချိန်ရောက်ပြီလို့ရှေ့နေတွေက ပြောပါတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ထိုင်းတော်ဝင်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့အကူအညီနဲ့သားကောင်၃၀၀ ကနေ ၄၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ သံတမန်ရေးအရ ဖိအားပေးမှုတွေနဲ့ စီးပွားရေးပိတ်ဆို့အရေးယူတွေသီတင်းပတ်တွေအကြာ ဖေဖော်ဝါရီမှာ တရုတ်နာမည်ကြီးတစ်ဦးကိုလိမ်လည်တဲ့နေရာတစ်ခုကို လူကုန်ကူးမှု ဖြစ်ပွားခဲ့ပြီးမြန်မာနိုင်ငံမှာလူကုန်ကူးခံရသူ ၁၀,၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အဲမောင်း
Inquirer.net စာမျက်နှာမှာဖော်ပြတဲ့ Chinese scam network traps Filipinos, others in Myanmar ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *