ဇူလိုင်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ACLED ရဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလကပြုလုပ်ခဲ့တဲ့စစစစ်တမ်းအချက်အလတွေအရ မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ ဒုတိယအန္တရာယ်အရှိဆုံးနေရာဖြစ်တယ်လို့ Earth Mission စာမျက်နှာမှာ ဇူလိုင် ၂၇ရက်ကဖော်ပြပါတယ်။ ဒီအဆင့်သတ်မှတ်ချက်ဟာဆီးရီးယား၊ ဆူဒန်၊ မက္ကဆီကို၊ သို့မဟုတ် အာဖဂန်နစ္စတန်ရှိ နိုင်ငံတကာအသိအမှတ်ပြု ပဋိပက္ခတွေထက် မြန်မာနိုင်ငံကကျော်လွန်နေပါတယ်။ မြန်မာ စစ်အစိုးရဟာစစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျောင်းတွေ၊ဆေးရုံတွေနဲ့အသက်မွေးဝမ်းကျောင်းပြုသူတွေ လယ်သမာတွေ အပါအဝင် အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းက သူတို့ကို ဆန့်ကျင်သူတွေရဲ့ စိတ်ဓာတ်ကို ချေမှုန်းပစ်မယ်လို့ သူတို့ မျှော်လင့်နိုင်ဖွယ်ရှိပါတယ်။ မြေပြင်မှာ ပြောနိုင်တာက ဆန့်ကျင်ဘက် သက်ရောက်မှုရှိနေတယ်လို့ဆိုပါတယ်။ ACLED က တိုက်ပွဲတွေ၊ ဖောက်ခွဲမှုတွေ၊ ဝေးလံခေါင်သီတဲ့အရပ်တွေကအကြမ်းဖက်မှု၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှု၊ အဓိကရုဏ်းတွေနဲ့ဆန္ဒပြသူတွေကိုအလွန်အကျွံ အင်အားသုံးခြင်းကဲ့သို့သော ဒေတာအချက်တွေနဲပဋိပက္ခထိတွေ့မှုကို အဓိပ္ပာယ်ဖွင့်ဆိုတာဖြစ်ပါတယ်လို့လည်းဆိုပါတယ်။