ဇူလိုင်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ဖြစ်ပွားတာတနင်္လ (၅)မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းက ဖနွမ်းပင်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံကနေကမ္ဘောဒီးယား နိုင်ငံသား ရာနဲ့၊ထောင်နဲ့ချီပြီး ပကမ္ဘောဒီးယားကိုပြန်သွားကြတယ်လို့ Khoasod သတင်းကဖော်ပြပါတယ်။ “ဇူလိုင် ၂၄ ရက်က ကမ္ဘောဒီးယား-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားပြီး ငါးရက်အကြာ မှာ ထိုင်းနိုင်ငံက နေရပ်ပြန်လာတဲ့ကမ္ဘေဒီးယားရွှေ့ပြောင်းအလုပ်သမား လေးသိန်းခန့်ရှိပြီဖြစ်ပါတယ်။
ဇူလိုင် ၂၇ ရက်တည်းမှာပဲကမ္ဘောဒီးယားနိုင်ငံသား ၁၃၀၀၀၀ ကျော် ပြန်လာခဲ့ပြာတယ်”လို့ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၂၈ရက်နေ့ဖြတ်ကျော်မှုဟာမနေ့ကထက် ကျော်လွန်လိမ့်မယ်လို့မျှော်လင့်ထားတယ်လို့ဖနွမ်းပင်ပို့စ်သတင်းစာမှာဖော်ပြထားပါတယ်။ မှတ်ချက်- ထိုင်းနိုင်ငံကကိန်းဂဏန်းတွေဟာသိသိသာသာနိမ့်ပေမယ့်လည်း သောင်းနဲ့ချီပြီးရှိနေပါတယ်။
Khaosod သတင်းအင်္ဂလိပ်ပိုင်းအစီအစဥ်မှ Pravit Rojanaphruk ကပြောတာကထိုင်းနိုင်ငံမှာ ကမ္ဘေဒီးယားလူမျိုးတွေကို ထိုင်းတွေကအကြောင်းမဲ့ရန်ပြုတိုက်ခိုက်ကြတဲ့ဗီဒီယိုတွေနဲ့ ထိုင်းနိုင်ငံရှိ အပြစ်မဲ့ကမ္ဘောဒီးယား အလုပ်သမားတွေကို အပျော်သဘောနဲ့တိုက်ခိုက်တဲ့ဗီဒီယိုတွေဟာ COVID-19 ထက် ပိုမိုလျင်မြန်စွာ ပျံ့နှံ့နေတဲ့ ဆိုရှယ်မီဒီယာကနေပျံ့နှံ့လာတဲ့ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားလူမျိုးတွေအပေါ် အမုန်းပွားမှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုအချို့ ပျံ့နှံ့လာပြီးနောက် အခုလိုထွက်ခွာသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။ တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ် လို့လည်းသူကဆိုပါတယ်။ လောလောဆယ်မှာ ဒီလိုထိုင်းလူမျိုးရေးအစွန်းရောက်ရောဂါကို ကာကွယ်ဖို့သို့မဟုတ် ကုစားဖို့ဆေးမရှိပါဘူး။ သတိပဋ္ဌာန်နဲ့လူ့စိတ်သဘောသာလျှင် ၎င်းရောဂါလက္ခဏာတွေကို တားဆီးဖို့ သို့မဟုတ် သက်သာရာရစေနိုင်တယ်လို့သတင်းကဆိုပါတယ်။