စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြေရှားသ္ထုနဲ့ပတ်သက်လာရင် ကမ္ဘာက တရုတ်နိုင်ငံကို အလိုလို နီးပါး ကြည့်နေပါတယ်။ တရုတ်နိုင်ငံဟာကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်ရ ၉၀% ကျော်နဲ့ မြေရှားသတ္ထုရိုင်းတွေကိုစီမံဆောင်ရွက်ရာမှာ ကမ္ဘာ့ခေါင်းဆောင်သာမကဘဲ ကမ္ဘာ့အကြီးဆုံး အရန်ငွေတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Krungthep Turakij ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ မြေရှားသတ္ထုအရန်တန်ချိန် ၄၄ သန်းခန့်ရှိခဲ့ပြီး ကမ္ဘာ့စုစုပေါင်းတန်ချိန် သန်း၉၀ရဲ့ ထက်ဝက်နီးပါးရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ၂၀၂၄ ခုနှစ်မှာ တန်ချိန် ၃၁၀၀၀ ခန့် တူးဖော်ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ရောင်းလိုအားရဲ့၈ ရာခိုင်နှုန်း၊ တရုတ်နဲ့ အမေရိကန်ပြီးရင် မြန်မာကတတိယအဆင့်ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ လေးနှစ်အတွင်းမှာ မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၆၆၅ သန်းတန်ဖိုးရှိ မြေရှားသတ္ထုတွေကို တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာပို့ကုန်ဟာ ၂၀၂၄ခုနှစ်မှာ ငါးဆကျော်အမေရိကန်ဒေါ်လာ ၃.၆ဘီလီယံအထိ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့်အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့တွေက ၎င်းတို့ရဲ့ ထိုးစစ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ချဲ့ထွင်တဲ့အခါ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာအချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်က လေ့လာဆန်းစစ်ချက်တွေအရ အစိုးရ သို့မဟုတ် နိုင်ငံတကာ ကြီးကြပ်မှု မရှိတဲ့ဒေသဆိုင်ရာ ပြည်သူ့စစ်တွေသို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတဲ့ဒေသတွေမှာမြေရှားသတ္ထုတူးဖော်မှု အရှိန်မြှင့်နေတယ်လို့ အကြံပြုထားပါတယ်။
ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက မဲခေါင်မြစ်နှနဲ့ကီလိုမီတာ ၄၀ သာဝေးတဲ့ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့မှာမြေရှားသတ္ထု မိုင်း ၁၉ ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သြဂုတ် ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းက ဂြိုလ်တုမှတ်တမ်းတွေအရ အဆိုပါဒေသမှာ မိုင်း၃ခုသာတွေ့ရှိခဲ့ပြီး ၃ခုစလုံးဟာအသုံးပြုပြီးလို့စွန့်ပစ်ခံခဲ့ကြရပြီးဖြစ်ပါတယ်။၂၀၂၅ ခုနှစ်မှာရှာဖွေတွေ့ရှိခဲ့တဲ့ မိုင်း အသစ် ၁၉ ခုဟာ လေးနှစ်အတွင်း သိသိသာသာ တိုးချဲ့လာမှုကို မီးမောင်းထိုးပြပါတယ်။ မိုင်း ၁၉ လုံးဟာ NDAA (မိုင်းလားအဖွဲ့)ကအုပ်ချုပ်တဲ့ နယ်မြေဖြစ်ပြီး ၁၉၈၉ ခုနှစ်က မြန်မာစစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပြီးနောက်ပိုင်း အထူးဒေသ ၄ က လည်ပတ်နေတာဖြစ်ပါတယ်။ မြေရှာသတ္ထုအပြင် မြန်မာ-တရုတ်နယ်နိမိတ်အမှတ်အသားပြုထားတဲ့တောင်ကြောတစ်လျှောက် ရှစ်ကီလိုမီတာရှည်လျားတဲ့လှုပ်ရှားမှုနဲ့အတူ လွိုင်မြစ်တစ်လျှောက်မှာလည်း မန်းဂနိစ်သတ္တုတူးဖော်မှုကို တွေ့ရှိခဲ့ပါတယ်။ ဒါက ရေညစ်ညမ်းမှုကို သိသိသာသာ ဖြစ်စေပါတယ်။ အခု လည်ပတ်နေတဲ့မြေရှားသတ္ထုမိုင်း ၁၉ လုံးမှာစုစည်းထားတဲ့ စက်ဝိုင်းပုံ ရေကန်တွေအများအပြား ပါဝင်ပြီး တွင်းတူးခြင်းရဲ့လက္ခဏာတွေဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ အလွန်အမင်း ပျက်စီးစေတဲ့သတ္ထုမိုင်းတွင်းတူးဖော်နည်း နည်းလမ်းကိုလည်း တွေ့ရှိရပါတယ်။
NDAA နယ်မြေက အလုပ်သမားတွေလွှင့်တင်ထားတဲ့ ဗီဒီယိုတွေမှာ ဓာတ်သတ္တုထုတ်ယူဖို့အတွက်တောင်စောင်းအတွင်းကို ထောင်နဲ့ချီတဲ့ ဓါတုပစ္စည်းထည့်ထားတဲ့အိတ်တွေကို ပိုက်လိုင်းတွေအသုံးပြုပြီးထည့်သွင်းပြီးသတ္တုများထုတ်ယူတဲ့ လုပ်ငန်းစဉ်ကို ပြသထားပါတယ်။ မိုင်း ၁၆ခုဟာ လည်ပတ်နေပြီဖြစ်ပြီး နောက်ထပ် ၃ ခုဟာ တည်ဆောက်ဆဲ အဆင့်မှာရှိပြီး တစ်ဆက်တည်း လမ်းကြောင်းကျင်းတွေတည်ဆောက်နေဆဲဖြစ်ပါတယ်။ ဒါဟာ ပိုပိုပြီးစနစ်တကျနဲ့ အကြီးစားစီမံကိန်းကို ထင်ဟပ်စေပါတယ်။ ၂၀၂၅ ခုနှစ် မေလမှာရိုက်ကူးခဲ့တဲ့ဓါတ်ပုံတွေဟာရှားပါးမြေများ ဝယ်လိုအား တိုးလာတာကြောင့် – သန့်ရှင်းတဲ့စွမ်းအင်နည်းပညာတွေနဲ့အဆင့်မြင့် အီလက်ထရွန်နစ်ပစ္စည်းတွေအတွက် အရေးပါတဲ့သွင်းအားစုတွေကြောင့် ဆက်တိုက် ချဲ့ထွင်ပြသခဲ့ပါတယ်။ မိုင်းအများစုဟာတရုတ်နယ်စပ်ကလေးကီလိုမီတာအကွာ ပေ ၄၀၀၀ကနေ ၅၀၀၀အမြင့်မှာ တည်ရှိပါတယ်။ လုပ်ငန်းတွေဆီက စွန့်ပစ်ရေတွေဟာမဲခေါင်မြစ်လက်တက်ဖြစ်တဲ့တောင်ဘက်ရှိ လွိုင်မြစ်အတွင်းကိုစီးဝင်တဲ့တောင်စမ်းချောင်းတွေအတွင်းကိုစီးဆင်းသွားပါတယ်။ လွိုင်မြစ်တောင်ဘက်ရှိ မိုင်းလေးခုဟာလည်း အမှိုက်တွေကို မြစ်ထဲဆီကိုတိုက်ရိုက်စွန့်ပစ်ပါတယ်။ လွိုင်မြစ်ဟာလာအိုနိုင်ငံ၊ လွမ်နမ်သာခရိုင်နဲ့မျက်နှာချင်းဆိုင် လာအို၊ မြန်မာနဲ့ထိုင်းနယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံရဲ့ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာအကွာမှာမဲခေါင်မြစ်ဆုံရှိပါတယ်။
The Nation ကဖော်ပြတဲ့ Myanmar rare earth mines surge in rebel-held areas, fuelling toxic risks ကိုပြန်ဆိုပါတယ်။