ဇူလိုင်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းဒုတိယတပ်မဟာဌာနချုပ် တိုင်းမှူးတိယဗိုလ်ချုပ်ကြီး Boonsin Padklang ရဲ့ ရုပ်ပုံကိုကမ္ဘောဒီးယားနတ်ဆရာတွေက ရိုးရာနည်းလမ်းနဲ့သတ်ဖြတ်နေတာကိုပြသတဲ့ ဗီဒီယိုဟာဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာပျံ့နှံ့သွားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဇူလိုင် ၃၀ရက်မှာဖော်ပြပါတယ်။ ဒီဗီဒီယိုကို ကမ္ဘောဒီးယားဘာသာရေးဆရာတွေက တင်ခဲ့တာပါ။ ဒါဟာ ထိုင်းဗိုလ်ချုပ်ကြီးရဲ့ဓာတ်ပုံကို ဆန့်ကျင်တဲ့ ပုံဆောင်အကြမ်းဖက်မှု ပါဝင်တဲ့အခမ်းအနားကို တက်ရောက်လာသူတွေကိုလည်း ပြသထားပါတယ်။ ထိုင်းဗိုလ်ချုပ်ကြီးအမြန်သေဆုံးစေဖို့လည်းဟစ်ကြွေးဆုတောင်းခဲ့ကြပါတယ်။ ထိုင်းဒုတိယဗိုလ်ချုပ်ကြီးရဲ့ဓာတ်ပုံကိုသုံးခွမှိန်းနဲ့ အဆိုပါ အခမ်းအနားကို ရိုးရာတေးဂီတနဲ့ ကခုန်ခြင်းနဲ့ စတင်ပြီး ၀တ်စုံဖြူ ၀တ်ထားတဲ့အမျိုးသားတစ်ဦး ရှေ့မှောက်မှာ ပါဝင်ဆင်နွှဲကြပြီး ထိုင်းဒုတိယတပ်မတော်တိုင်းမှူးရဲ့ရုပ်ပုံကြီးရှေ့မှာရိုးရာအကများတွေနဲ့ ကပြကြပါတယ်။အဲဒိနောက်မှာတော့နတ်ဆရာက ထိုင်းဒုတိယဗိုလ်ချုပ်ကြီးရဲ့ဓာတ်ပုံကိုသုံးခွမှိန်းနဲ့ထိုးခဲ့ကြပါတယ်။
အခြားသူတွေကလည်း ရိုးရာဓလေ့အဆောင်အယောင်တွေကိုင်ဆောင်ကြပြီး ကခုန်ကာ အလားတူပုံစံအတိုင်းပြုလုပ်ခဲ့ကြပါတယ်။အဲဒိနောက် အခြားသော နတ်ဆရာတွေကလည်း ဓာတ်ပုံကိုတိုက်ခိုက်မှုတွေပြုလုပ်ကြပါတယ်။ အခမ်းအနားကို အနီရောင်ဝတ်ရုံဝတ် သက်ကြီးရွယ်အို နတ်ဆရာကြီးတစ်ဦးက ဓာတ်ပုံကိုလွှစက်ဝိုင်းနဲ့ခုတ်ထစ်ပြီးဆက်လက်ကျင်းပခဲ့ပါတယ်။ ဒီခမ်းအနားကို ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ရဲ့ဓာတ်ပုံကို မီးတင်ရှို့ခြင်းဖြင့် အဆုံးသတ်ခဲ့ပါတယ်။