ထိုင်းအိမ်စောင့် ၀န်ကြီးချုပ်ဟာအောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘုရင်နဲ့တော်ဝင်အသိုင်းအဝိုင်းကိုအသရေဖျက်မှု တိုင်ကြားချက်နဲ့ရင်ဆိုင်နေရ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပါလီမန်အမတ်တစ်ဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတို့က အိမ်စောင့် ၀န်ကြီးချုပ် Phumtham Wechayachai ကိုအောက်လွှတ်တော်ကို ဖျက်သိမ်းဖ်ု့ဘုရင်မင်းမြတ်ကိုတောင်းဆိုခဲ့တဲ့အတွက် စက်တင်ဘာ ၃ရက်နေ့ကရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ Bhumjaithai ပါတီ က Mr Phumtham ကို ရုံးတွင်း လိမ်လည်မှုနဲ့စွပ်စွဲပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီသစ်ပါတီက Suratin Pichan နဲ့ တက်ကြွလှုပ်ရှားသူ Thaikorn Polsuwan တို့က စက်တင်ဘာ ၃ရက်နေ့မွန်းလွဲပိုင်းမှာဘန်ကောက်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှာ တိုင်ကြားခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် သူ့ထင်မြင်ယူဆချက်အတိုင်း လုပ်ပိုင်ခွင့်မရှိတာကြောင့် မစ္စတာ Phumthamဟာအောက်လွှတ်တော် ဖျက်သိမ်းရေး တောင်းဆိုချက်ကို မတင်ပြသင့်ဘူးလို့ Thaikornက ပြောပါတယ်။ ဒါကို Pheu Thai ထောက်ခံသူတွေက အငြင်းပွားနေကြပါတယ်။ တော်ဝင်ခွင့်ပြုချက်တောင်းခံမှုဟာအမြင့်ဆုံးအဖွဲ့အစည်းကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုဖို့ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်တယ်လို့၎င်းက ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားကဟွန်ဆန်နဲ့အငြင်းပွားဖွယ် ဖုန်းခေါ်ဆိုမှုမှာကျင့်ဝတ်ဖောက်ဖျက်မှု ပြင်းထန်တဲ့အတွက် ဖြူထိုင်းပါတီ ခေါင်းဆောင် ပါတွန်တန် ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖယ်ရှားခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြိုင်ဘက် Bhumjaithai နဲ့ Pheu Thai တို့ဟာ ၂၀၂၃ ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရာမှာ အတိုက်အခံခေါင်းဆောင် ပြည်သူ့ပါတီက ထောက်ခံအားပေးခဲ့ကြပါတယ်။ စက်တင်ဘာ ၃ရက်နေ့နံနက်မှာ ပြည်သူ့ပါတီမှ Bhumjaithai ကို ထောက်ခံကြောင်း ကြေညာခဲ့ပေမယ့်လည်း အခုအခါ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် လက်ထောက်ဝန်ကြီးချုပ်ဟောင်း Phumtham က တော်ဝင်ခွင့်ပြုချက်အတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းဖို​့တောင်းဆိုထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။


Bhumjaithai Party ရဲ့ ဥပဒေရေးရာအဖွဲ့ အကြီးအကဲ Supachai Jaisamut ကအိမ်စောင့် ၀န်ကြီးချုပ် Phumtham ကိုရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၇ အရ ဖောက်ဖျက်မှုနဲ့အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ တော်ဝင်အမိန့်စာ တင်သွင်းရာမှာ အခွင့်အာဏာကို ကျော်လွန်လုပ်ဆောင်တယ်လို့တိုင်ကြားခဲ့ပါတယ်။ အဆိုပါ တိုင်ကြားချက်က်ု ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးတွေဆီကိုတင်ပြခဲ့ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ Srisuwan Janya က မစ္စတာ Phumtham ရဲ့ လုပ်ရပ်ကိုစုံစမ်းစစ်ဆေးပေးဖို့အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ကို သီးခြား အသနားခံစာ တင်ခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်ဟာ ဥပဒေမဲ့ပြုမူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ စံနှုန်းတွေကို ချိုးဖောက်တယ်လို့ ၎င်းတို့နှစ်ဦးလုံးက ငြင်းခုံကြပါတယ်။ Supachai က မစ္စတာ Phumtham ဟာဘုရင်မင်းမြတ်ထံ အမိန့်မူကြမ်းကို စက်တင်ဘာ ၂ရက်နေ့ကတင်သွင်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အိမ်စောင့် ၀န်ကြီးချုပ်က အဆိုပါ လှုပ်ရှားမှုဟာပါလီမန်စနစ်မှာ မကြုံစဖူး အကွဲကွဲအပြားပြား ဖြစ်နေတာကို ကိုးကားပြီး နိုင်ငံရဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်တာလို့ပြောဆိုခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ Mr Phumtham ဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခွင့်အာဏာမရှိလို့ မစ္စတာ Supachi က ပြောကြားခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်က ဒီအမိန့်စာကို မတင်ပြနိုင်လို့ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် Pakorn ရဲ့အစောပိုင်း ဥပဒေသဘောထားကို ကိုးကားခဲ့ပါတယ်။မစ္စတာ Phunthamရဲ့ လုပ်ရပ်ဟာ ကျင့်ဝတ် စံနှုန်းတွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကို ပြင်းထန်စွာ ချိုးဖောက်တာ ရှိမရှိ၊ အဆိုပါ အမိန့်တင်သွင်းမှုဟာ တရားဥပဒေဘောင်ကို ဖောက်ဖျက်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန်နဲ့လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ပူးပေါင်းပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့NACC ကိုတောင်းဆိုခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *