ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ စင်ကာပူနိုင်ငံကို အစပိုင်းမှာ ပျံသန်းခဲ့ရာကနေ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းကိုလမ်းကြောင်းပြောင်းသွားတယ်လို့ရှင်းပြခဲ့တယ်လို့ The Nation သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ စက်တင်ဘာ ၅ ရက် နံနက်အစောပိုင်းက ဒူဘိုင်းကို ရောက်ရှိပြီးနောက် ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ သက်ဆင်က ၎င်းကိုနိုင်ငံရပ်ခြားမှာ ကုသပေးခဲ့တဲ့ ဆရာဝန်တစ်ဦးနဲ့ စင်ကာပူကိုသွားရောက်ပြီး ဆေးစစ်ဖို့ မူလက စီစဉ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ၎င်းကိုဩဂုတ်လကုန်မှာစော်ကားမှု စွဲချက်တွေနဲ့ ကင်းရှင်းခဲ့ပေမယ့်လည်း မထွက်ခွာမီ နှစ်နာရီနီးပါး နှောင့်နှေးခဲ့တယ်လို့၎င်းက ပြောကြားခဲ့ပါနယ်။ တရားခွင်အတွင်း သူဟာနိုင်ငံတွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း တရားသေ လွတ်မြောက်ပြီးတာနဲ့ အခြား ထိုင်း နိုင်ငံသားတေွလိုပဲ နိုင်ငံရပ်ခြား ခရီးသွားခွင့်ကို ပြန်လည် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင်ရဲ့ ပြောကြားချက်အရ အဆိုပါနှောင့်နှေးမှုကြောင့် စင်ကာပူမှာသူ့ဂျက်လေယဥ်ဆင်းသက်မယ့် Seletar လေယဥ်ကွင်းဟာ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ ပိတ်မှာဖြစ်လို့၎င်းလေယာဉ်ဟာ Seletar လေဆိပ်သို့ ဆင်းသက်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။(စင်ကာပူရဲ့စံတော်ချိန်ဟာ ထိုင်းထက်တစ်နာရီပိုစောပါတယ်)
စင်္ကာပူကို အချိန်မီ မရောက်နိုင်တော့လို့ အရိုးနဲ့အဆုတ်ဗေဒ အထူးကု ဆရာဝန်ကြီးတွေနဲ့ အချိန်အတော်ကြာ တိုင်ပင်ခဲ့ပြီး ဒူဘိုင်းကို လမ်းကြောင်းပြောင်းဖို့လေယာဉ်မှူးကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်ကျော်ကြာအောင် မတွေ့ခဲ့ရတဲ့သူငယ်ချင်းတွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရခဲ့တယ်လို့လည်းဆိုပါတယ်။ လေယာဉ်ဟာ ဒူဘိုင်းမှာဆင်းသက်ဖို့ ကင်းရှင်းရေး စောင့်ဆိုင်းနေစဉ် အတွင်းနောက်ဆုံးမှာ ဆင်းသက်ဖို့ခွင့်ပြုချက်ရရှိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ သက်ဆင်က “၁၄ လွှာအမှုကို ကြားနာဖို့အတွက် နောက်နေ့တွင် တရားရုံးချုပ်မှာ လူကိုယ်တိုင် လာရောက်ဖို့ စက်တင်ဘာ ၈ ရက်ထက် နောက်မကျစေဘဲ ထိုင်းနိုင်ငံကိုပြန်လာဖို့ ရည်ရွယ်ထားတယ်လို့အလေးပေးဖော်ပြပြီး ၎င်းရဲ့ ပို့စ်ကိုနိဂုံးချုပ်ခဲ့ပါတယ်။ အဆိုပါအမှုဟာ သက်ဆင်ကို ပြစ်ဒဏ်ကျခံဖို့ ၂၀၂၄ခုနှစ်က ထိုင်းနိုင်ငံကို ပြန်လာပြီးနောက် အကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတဲ့ ညမှာသက်ဆင်ဟာ ရဲချုပ်ဆေးရုံကိုတက်ရောက်စေခြင်းကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၎င်းဟာအကျဉ်းထောင်ကိုမပြန်မီမှာ ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်မှာ သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။