တရုတ်က မြန်မာစစ်တပ်ကို ပြန်ကူညီလာ

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မြန်မာစစ်အစိုးရက အခုနှစ် ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပါတယ်။ တရားမျှတမှု သို့မဟုတ် ဒီမိုကရေစီ မရနိုင်ပါဘူး။ ဒေါပေမယ့်အဆိုပါ အစီအစဉ်ဟာမြန်မာရဲ့ ကြီးမားတဲ့အိမ်နီးချင်း တရုတ်နဲ့၎င်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှားတို့ဆီကခွင့်ပြုချက် ရရှိထားပါတယ်။ စက်တင်ဘာလအစောပိုင်းက တရုတ်နိုင်ငံက Tianjin မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့ပြီး၊ ဒိနောက် ဘေဂျင်းမှာ၎င်းရဲ့ ဧရာမ စစ်ရေးပြအခမ်းအနားကိုတက်ရောက်စေခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ တီယန်ကျင်းမှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့လည်းတွေ့ဆုံခဲ့ပြီး မြန်မာမှာလုပ်မယ့်ရွေးကောက်ပွဲကိုအိန္ဒိယကလေ့လာသူစေလွှတ်မယ်လို့ မြန်မာစစ်အစိုးရမီဒီယာက ကြေညာခဲ့ပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ တရုတ်တို့နဲ့ချိတ်ဆက်ထားပါတယ်။ UWSA က တရုတ်နယ်စပ်ရှိ ဒေသတစ်ခုနဲ့ထိုင်းနယ်စပ်ရှိ အခြားဒေသတစ်ခုကို ထိန်းချုပ်ထားပါတယ်။ ၄င်းရဲ့နယ်မြေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်အာဏာသိမ်းမှုမတိုင်မီကပင် ကြီးမားတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၎င်းရဲ့စံဘာသာစကားအဖြစ် တရုတ်မန်ဒရင်းဘာသာစကားကိုအသုံးပြုပြီး တရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့ မြင့်မားစွာပေါင်းစပ်ထားပါတယ်။ ၎င်းဟာ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့နယ်မြေတွေထက် နည်းလမ်းများစွာနဲ့ ပိုမိုချမ်းသာပါတယ်။ UWSA က အခြားသော ဒေသဆိုင်ရာ တော်လှန်ရေး တပ်ဖွဲ့တွေကို စစ်ရေးအရ ပံ့ပိုးပေးတော့မှာ မဟုတ်ဘူးလို့သြဂုတ် ၂၀ ရက်က ပြောခဲ့ပါတယ်။

မြန်မာ့စစ်တပ်ကို ခုခံတိုက်ခိုက်နေမှုတွေကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက တွန်းအားပေးနေပြီး စစ်အုပ်စုကနယ်စပ်မျဉ်းတွေ၊အဓိကနယ်မြေတွေကို ထိန်းချုပ်ထားပေမယ့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ၎င်းတို့ပိုင်နယ်မြေအချို့ကိုထိန်းချုပ်ထားပါတယ်။ စစ်အစိုးရက နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိဖို့ကြိုပန်းနေပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေက ၂၀၂၁ဖေဖေါ်ဝါရီလမှာစစ်တပ်က အာဏာသိမ်းပြီးနောက် လူစုခွဲပြီးအမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUGကို ထူထောင်ထားပါတယ်။ အရပ်သားတစ်ပိုင်း၊ ဒီမိုကရက်တစ်တစ်ပိုင်း အုပ်ချုပ်မှု နှစ်အနည်းငယ်ကြာပြီးနောက် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာပြန်သိမ်းခဲ့ပါတယ်။ သပိတ်ကြီးတွေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေနဲ့အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြပေမယ့်လည်း အဓိကမြို့ကြီးတွေ(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)မှာတော့ လေးနှစ်ခွဲအကြာမှာ တော်လှန်ပုန်ကန်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။ ဗမာမဟုတ်တဲ့လူနည်းစုတွေစုပေါင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံရှိ ဒေသအများစုမှာ ဒေသဆိုင်ရာ ပြောက်ကျားစစ်ပွဲဟာတော်လှန်ပုန်ကန်မှုရဲ့အဓိကပုံစံဖြစ်လာပါတယ်။ ဆရာ၊ဆရာမတွေနဲ့ အခြားသော ပြည်သူ့ဝန်ထမ်း အလုပ်သမားတွေက စစ်တပ်အောက်မှာအမှုထမ်းဖို့ငြင်းဆန်ခဲ့တဲ့ လူထုကမနာခံမှုတဲ့လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီအလုပ်သမားတွေဟာ တခြားမရေရာတဲ့ အလုပ်တွေနဲ့ ရှင်သန်နေရပြီး အများအားဖြင့် ထိုင်းနိုင်ငံကို ထွက်ပြေးကြရတယ်လို့ ဆိုလိုတာပါ။ ထိုင်းနိုင်ငံမှာ သူတို့ရဲ့တည်ရှိမှုဟာ မကြာခဏဆိုသလို မရေရာမှုတွေလည်း ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလမှာ စစ်အစိုးရက စစ်မှုထမ်းဖို့ စတင်ကတည်းက ပြည်ပတွင် နေထိုင်တဲ့မြန်မာလူငယ်တွေဟာမြန်မာနိုင်ငံကို ပြန်ဖို့ ပိုပြီးတွန့်ဆုတ်နေကြပါတယ်။

ညီညွတ်သောအလုပ်သမားသမဂ္ဂပြည်ထောင်စုမြန်မာနိုင်ငံဟာတရားဝင်တည်ရှိဆဲဖြစ်ပြီး စီးပွားရေးဆိုင်ရာ သပိတ်အချို့ကို ဦးဆောင်ခဲ့ပါတယ်။ ၎င်းရဲ့အဓိကခေါင်းဆောင်တွေကို ၂၀၂၅ ခုနှစ်သြဂုတ်လမှာဖမ်းဆီးခဲ့ပြီးလက်ရှိမှာထိရောက်တဲ့နိုင်ငံရေးခုခံမှုကိုစုစည်းဖို့စစ်တပ်ရဲ့အင်အားဟာအလွန်ကြီးမားနေပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်လည်း ရှိနေသေးပေမယ့်လည်း လမ်းပေါ်ထွက် လှုပ်ရှားနိုင်မှု မရှိသေးပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေမှာ သုံးပုံတစ်ပုံသာ မြို့ပြဖြစ်ပြီး အခုအခါ ကမ္ဘာ့ပျမ်းမျှလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာမြို့ပြမှာဖြစ်ပါတယ်။ ဒါပေမယ့်စစ်အာဏာရှင်အစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီအစိုးရနဲ့အစားထိုးဖို့အတွက် မြို့ကြီးတွေဟာ ဗဟိုချက်ဖြစ်မှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေက ကြီးမားတဲ့နယ်မြေတွေကို သိမ်းပိုက်နိုင်ပြီး စစ်တပ်ဟာ ၎င်းတို့ကို အနိုင်ယူနိုင်စွမ်းမရှိပေမယ့်လည်း ၎င်းတို့ရဲ့အာဏာဟာ ဗဟိုမှာရှိသလို၎င်းတို့ကိုယ်ပိုင်နယ်ပယ်တွေမှာ မကြာခဏဆိုသလို သက်ဦးဆံပိုင်အဖြစ် ရှိနေပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းရှိ ရက္ခိုင်​ပြည်နယ်ကို စိုးမိုးထားတဲ့ ရက္ခိုင့်တပ်မတော်ဟာမြန်မာစစ်တပ်လိုပဲပင် ရိုဟင်ဂျာမူဆလင်တွေကို ရန်လိုပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရကိုမြန်မာနိုင်ငံက တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက ကျယ်ပြန့်စွာ အသိအမှတ်ပြုထားဆဲ ဖြစ်ပေမယ့်လည်း အမှန်တကယ် အစိုးရ မဟုတ်ပါဘူး။ ၎င်းဟာမြန်မာနိုင်ငံရှိ ဒေသအချို့မှာစစ်တပ်နဲ့နယ်မြေအခြေစိုက်စခန်းအချို့ရှိပေမယ့်လည်း အင်အားကြီးတဲ့ သူပုန်အဖွဲ့တွေနဲ့နှိုင်းယှဉ်ရင်အားနည်းပါတယ့။ ၎င်းရဲ့ ၀န်ကြီး အများအပြားဟာကမ္ဘာတဝှမ်းမှာ အဝေးရောက်နေပြီးပြန့်ကျဲနေပါတယ်။ တရုတ်နိုင်ငံရဲ့ အပြောင်းအရွှေ့အသစ်က စစ်အာဏာရှင်အစိုးရရဲ့ အာဏာကို စုစည်းပြီး အနည်းဆုံး ကန့်သတ်ထားတဲ့အမာခံနယ်မြေတစ်ခုမှာ အလုပ်သမားသမဂ္ဂတွေနဲ့ကျောင်းသားအဖွဲ့အစည်းတွေကို ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း အားကောင်းလာစေပါတယ်။ ဒီဆောင်းပါးဟာဟိန်းထက်ကျော်နဲ့ တွေ့ဆုံမေးမြန်းခန်းကို အခြေခံထားပြီးကျေးဇူးတင်ပါတယ်။

အဲမောင်း
Workers` Liberty စာမျက်နှာမှာဖော်ပြထားပြီး Colin Forster ရဲ့ China turns to help Myanmar military ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *