သေနင်္ဂဗျူဟာ အလှည့်အပြောင်းအကျပ်အတည်း ဆိုက်နေလား

မြန်မာပြည်စစ်အာဏာရှင်စနစ်ကို ပနှက်ရိုက်ပေးခဲ့တာ၊ ဗိုလ်နေဝင်းစစ်အုပ်စုကို နိုင်ငံအပ်လိုက်တာ အမေရိကန်ဆိုတာ မမေ့ဖို့ပါပဲ။ဒါကိုမမြင်ချင်ယောင်ဆောင်နေသ၍ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ယနေ့စစ်အုပ်ထိအဆက်အစပ်ကိုမျက်ခြေပြတ်နေသလိုဖြစ်နေမယ်ထင်ပါတယ်။ ဒီနေရာမှာ ဘီဘီစီသတင်းတစ်ပုတ်ကို လေ့လာရေးပြသနာအဖြစ်(Cases Study)အဆိုတင်ကြည့်ပါတယ်။ (ဒေသတွင်းနိုင်ငံတွေအနေနဲ့စစ်အာဏာရှင်တွေထက် လူထုမျက်နှာကို ကြည့်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေထက် လူထုမျက်နှာ ကိုကြည့်ဖို့ အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေတဲ့ မြန်မာ ပြည်သူတွေကို မကြည့်ရှုဘဲ မြန်မာစစ်တပ်ကို ငွေကြေး၊ စစ်ရေးနဲ့ နည်းပညာတွေ ထောက်ပံ့ ပေးနေတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။) ဆိုတဲ့သတင်းအပေါ်မူတည်ပြီးမြန်မာအရေးမှာ သေနင်္ဂဗျူဟာ အကျပ်ဆိုက်နေတယ်ဆိုတဲ့ အဆိုတင်ပါတယ်။မြန်မာ့တော်လှန်ရေးက ပေါ်လစီရေးရာ၊မှုဝါဒရေးရာ သေနင်္ဂဗျူဟာမြောက်အလှည့်အပြောင်းလုပ်ရတော့မယ်ထင်ပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်ပြုကျပြီးပေါ်ထွန်းလာမယ့် ဒီမိုကရေစီစနစ်ဟာ ဒေသတွင်းအကျိုးစီးပွားတွေ အတွက် သဟဇာတ ဖြစ်ပါတယ်ဆိုတာ မှုဝါဒရေးရာအရ ပြသဖို့လိုအပ်နေပါပြီ။ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဟာ ဒေသတွင်းအာဂျင်ဒါတွေကို အမေရိကန်အလိုကျ ဖျက်ဆီးဖို့မဟုတ်ပါဘူးဆိုတာပြသဖို့လိုအပ်လာပါပြီ။ ဒီအချက်ကို မီးမောင်းထိုးပြစရာလည်းရှိ့နေပါတယ်။သန်းရွှေစစ်အုပ်စုလက်ထက်က မြန်မာပြည်အတွက်အကျိုးသိပ်မရှိ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အတွက်အကျိုးပိုရှိ့အောင် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့ လက်တွေ့ဖြစ်စဉ်က ရှိ့ထားပြီးသားပါ။

ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖျက်ပြီးတဲ့နောက် အနာဂါတ် နိုင်ငံတော်သစ်မှာ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ ဘယ်လိုကိုက်ညီတဲ့ မှုဝါဒမျိုးကျင့်သုံးမယ်ဆိုတာ ဒေသတွင်းကို ရှင်းရှင်းလင်းလင်းပြသနိုင်ဖို့လိုအပ်နေတယ်လို့မြင်မိပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အား၏စုတွေမှာ ဖြေဆိုရမယ့်မေးခွန်းတွေနဲ့ ထည့်သွင်းတွက်ချက်စရာ အချက်အလက်တွေပေါ်လာပါတယ်။ ယေဘူယျ မေးခွန်းတွေကို စမ်းစစ်ကြည့်ရင်စစ်အာဏာရှင်စနစ်ပြုတ်ကျ‌ရေးတိုက်ပွဲစဉ်တစ်လျောက်နဲ့ စစ်အာဏာရှင်ပြုတ်ကျ ပြီးတဲ့နောက်
——————————————–
စက်တင်ဘာ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

“ပလ္လင်ပေါ်တင်ပေးတယ်ဆိုတာ၊စစ်ဝင်တိုက်၊သိမ်းပေးပြီး တင်ပေးမှဖြစ်တာပါ”လို့ရဲဘော်ဗိုလ်ကြင်မောင်က အီရတ်၊အာဖကန် ဥပမာပေးပြီး ၂၀၀၁ ပြည်ချစ်ဝါဒစာတန်းကထဲက သတိ့ပေးပါတယ်။ကိုယ့်ကိစ္စ ကိုယ်လုပ်မှရမှာပါဆိုတဲ့သဘောပါ။ မြန်မာ့အရေးကို “ကြွက်မနိုင် ကျီမီးရှို့ ” စဉ်းစားနည်းက လက်တွေ့မကျပါဘူးလို့ဆိုခဲ့ပါတယ်။ ပလ္လင်ပေါ်တင်ပေးပြီးတော့လည်း သူ့တို့ကိစ္စပြီးသွားတော့ ဖုတ်ဖက်ခါထားသွားတာပါ။အာဖကန်ဆို ဆိုဗီယက်က သူဆုတ်ခွာတော့ နဂျီဘူလာ ကို ထားပစ်ခဲ့တာပါပဲ။တစ်ခါ အမေရိကန်ကလည်း သူဆုတ်ခွာတော့ သူ့တင်ပေးခဲ့သူတွေနဲဟာမာနီ တို့ အသည်းအသန်ထွက်ပြေးကြရတာပါပဲ။ အခုတစ်ကမ္ဘာလုံးမှာလည်း နိုင်ငံကြီးတွေက သူတို့ဝင်တိုက်ချင်တဲ့နေရာ စိတ်ကြိုက်ဝင်တိုက်နေကြတဲ့ကာလပါ။ရုရှားက ယူကရိန်းကိုဝင်တယ်၊အစ္စရေးက ပါလက်စတိုင်းကိုဝင်တယ်၊အီရန်ကိုဝင်တိုက်တော့ အမေရိကန်က အီရန်ကို ဝင်ဗုံးကျဲတယ်။အခု ဗင်နီဇွဲလားကို ဝင်ဖို့လုပ်နေတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ကမ္ဘာနိုင်ငံရေးအလှုပ်အရမ်းနဲ့ မြန်မာတော်လှန်ရေးကို ဆက်စပ်ခင်းကျင်းကြတဲ့အခါ တာဝန်ရှိ့သူတွေက အက်တိဗစ်ဆန်ဆန်၊NGO,CSO ဆန်ဆန် ချဉ်းကပ်‌ပြောဆိုလုပ်ကိုင်နေကြတာကို ဆင်ခြင်ဖို့သင့်ပြီထင်ပါတယ်။ ကမ္ဘာကြီးရဲ့အစီအစဉ်သစ်ပုံစံပြန်ချနေတဲ့ ကြားထဲရောက်နေတဲ့ မြန်မာနိုင်ငံက ပိုလို့တောင်သတိထားဖို့လိုမယ်ထင်ပါတယ်။မြန်မာဟာ အမေရိကန်စူပါဝါကိုစိန်ခေါ်လာတဲ့ အိန္ဒိယ၊တရုတ်တို့ကြားထဲက ညပ်နေတဲ့ နိုင်ငံဆိုတဲ့ပထဝီ အထိုင်ကို မျက်ကွယ်ပြု့လို့မရဘူးထင်ပါတယ်။ တရုတ်ကို ကွန်မြူနစ်တိုင်းပြည်ဆိုပြီး အက်တိဗစ်ဆန်ဆန် ဝေဖန်နေတာကတစ်မျိုးပါ။ပရိုပိုဇယ်အတွက်နားလည်ပေးလို့ရပေမယ့်၊အိန္ဒိယကို ရုရှားစီက ရေနံဝယ်လို့ အမေရိကန်နဲ့မတည့်တော့လို့ ဝေဖန်တယ်၊တိုက်ခိုက်တယ်ဆိုတာမျိုးက မြန်မာပြည်အကျိုးစီးပွားအတွက်တောင်အထောက်အကူမပြုနိုင်ပါဘူး။ အိန္ဒိယက အကြီးဆုံးဒီမိုကရေစီနိုင်ငံလို့ ပြောခဲ့ဆိုခဲ့ကြတာလည်း သူတို့ပါပဲ။


မြန်မာပြည်စစ်အာဏာရှင်စနစ်ကို ပနှက်ရိုက်ပေးခဲ့တာ၊ ဗိုလ်နေဝင်းစစ်အုပ်စုကို နိုင်ငံအပ်လိုက်တာ အမေရိကန်ဆိုတာ မမေ့ဖို့ပါပဲ။ဒါကိုမမြင်ချင်ယောင်ဆောင်နေသ၍ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ယနေ့စစ်အုပ်ထိအဆက်အစပ်ကိုမျက်ခြေပြတ်နေသလိုဖြစ်နေမယ်ထင်ပါတယ်။ ဒီနေရာမှာ ဘီဘီစီသတင်းတစ်ပုတ်ကို လေ့လာရေးပြသနာအဖြစ်(Cases Study)အဆိုတင်ကြည့်ပါတယ်။ (ဒေသတွင်းနိုင်ငံတွေအနေနဲ့စစ်အာဏာရှင်တွေထက် လူထုမျက်နှာကို ကြည့်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေထက် လူထုမျက်နှာ ကိုကြည့်ဖို့ အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေတဲ့ မြန်မာ ပြည်သူတွေကို မကြည့်ရှုဘဲ မြန်မာစစ်တပ်ကို ငွေကြေး၊ စစ်ရေးနဲ့ နည်းပညာတွေ ထောက်ပံ့ ပေးနေတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။) ဆိုတဲ့သတင်းအပေါ်မူတည်ပြီးမြန်မာအရေးမှာ သေနင်္ဂဗျူဟာ အကျပ်ဆိုက်နေတယ်ဆိုတဲ့ အဆိုတင်ပါတယ်။မြန်မာ့တော်လှန်ရေးက ပေါ်လစီရေးရာ၊မှုဝါဒရေးရာ သေနင်္ဂဗျူဟာမြောက်အလှည့်အပြောင်းလုပ်ရတော့မယ်ထင်ပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်ပြုကျပြီးပေါ်ထွန်းလာမယ့် ဒီမိုကရေစီစနစ်ဟာ ဒေသတွင်းအကျိုးစီးပွားတွေ အတွက် သဟဇာတ ဖြစ်ပါတယ်ဆိုတာ မှုဝါဒရေးရာအရ ပြသဖို့လိုအပ်နေပါပြီ။ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဟာ ဒေသတွင်းအာဂျင်ဒါတွေကို အမေရိကန်အလိုကျ ဖျက်ဆီးဖို့မဟုတ်ပါဘူးဆိုတာပြသဖို့လိုအပ်လာပါပြီ။ ဒီအချက်ကို မီးမောင်းထိုးပြစရာလည်းရှိ့နေပါတယ်။သန်းရွှေစစ်အုပ်စုလက်ထက်က မြန်မာပြည်အတွက်အကျိုးသိပ်မရှိ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အတွက်အကျိုးပိုရှိ့အောင် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့ လက်တွေ့ဖြစ်စဉ်က ရှိ့ထားပြီးသားပါ။

ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖျက်ပြီးတဲ့နောက် အနာဂါတ် နိုင်ငံတော်သစ်မှာ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ ဘယ်လိုကိုက်ညီတဲ့ မှုဝါဒမျိုးကျင့်သုံးမယ်ဆိုတာ ဒေသတွင်းကို ရှင်းရှင်းလင်းလင်းပြသနိုင်ဖို့လိုအပ်နေတယ်လို့မြင်မိပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အား၏စုတွေမှာ ဖြေဆိုရမယ့်မေးခွန်းတွေနဲ့ ထည့်သွင်းတွက်ချက်စရာ အချက်အလက်တွေပေါ်လာပါတယ်။ ယေဘူယျ မေးခွန်းတွေကို စမ်းစစ်ကြည့်ရင်စစ်အာဏာရှင်စနစ်ပြုတ်ကျ‌ရေးတိုက်ပွဲစဉ်တစ်လျောက်နဲ့ စစ်အာဏာရှင်ပြုတ်ကျ ပြီးတဲ့နောက်

၁။တရုတ်နဲ့အိန္ဒိယကို ဘယ်လိုဆက်ဆန်မလည်း။

၂။ဒေသတွင်း မဟာဗျူဟာမြောက် ရည်မှန်းချက်တွေကို ဘယ်လိုသဘောထားမလဲ။

ဥပမာ။ ။-တရုတ် OBOR ရည်မှန်းချက်
-အိန္ဒိယရဲ့ Act East ပေါ်လစီ
– ASIAN အသိုက်အဝန်းမျော်မှန်းချက်နဲ့
– ဒေသတွင်းအထွေထွေသဟဇတဖြစ်မှု့ စသဖြင့် ဒေသတွင်းနိုင်ငံရေး၊အုပ်စုဖွဲ့မှု့၊စီးပွားရေး၊ယဉ်ကျေးမှု့ ——စသဖြင့် လှုပ်ရှားမှု့မျိုးစုံကိုဖြစ်ပါတယ်။

၃။ပြင်းထန်ပြီး ပိုမိုဗြောင်ကျလာတဲ့ တစ်ဖက်ကတရုတ်၊အိန္ဒိယ၊ဒေသတွင်း အုပ်စုများနဲ့တစ်ဖက်က အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ အားပြိုင်လွန်ဆွဲမှု့တွေမှာ ဘယ်လိုရပ်တည်မလည်း။

၄။ကမ္ဘာ့အစီအစဉ်သစ် New World Order (N.W.O) အားပြိုင်လွန်ဆွဲပွဲမှာ
-အမေရိကန်ဦးဆောင်တဲ့ ဧကဝင်ရိုး(ဝင်ရိုးတစ်ခု)ကမ္ဘာ
(Unipolar World Order) နဲ့
-ရုရှား၊တရုတ်၊အိန္ဒိယ၊ဘရာဇီး၊မက္ကစီကို စသဖြင့် လူဦးရေ၊နယ်မြေနဲ့စီးပွားရေး၊ယဉ်ကျေးမှု့ ဆန်းသစ်လာတဲ့ နိုင်ငံတွေအားထုတ်ကြိုးပန်းနေတဲ့ ဗဟုဝင်ရိုး(ဝင်ရိုးစုံ)ကမ္ဘာ(Multipolar World Order)
နဲ့ ဘယ်လိုဆက်ဆံမလဲ၊ပေါ်လစီထားမလဲ။

၅။နိုင်ငံတွေရဲ့ သမိုင်းကြောင်း၊ယဉ်ကျေးမှု့ ၊အိုင်ဒန်တတီ ဆက်စပ်မှု့တွေအရ အားကောင်းလာတဲ့ ဒေသန္တရ အစီအစဉ်(Local Order) တွေထဲမှာ သဟဇာတဖြစ်ဖြစ်လိုက်ပါမလား၊ငြင်းပယ်မလား။

၆။ယဉ်ကျေးမှု့အဆောက်အဦးတွေပြန်လယ်ဆန်းသစ်လာပြီး အနောက်တိုင်းပြု့မှု့(Westernization) ကိုဆန့်ကျင်လာတဲ့ စီဗယ်လိုက်ဇေးရှင်းတွေနဲ့ သဟဇာတဖြစ်မလား၊အနောက်တိုင်းပြု့မှု့ကိုပဲ သီးခြားခွဲထွက်တဲ့ပေါ်လစီထားမှာလား။

၇။တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ခွဲဝေရေး၊စီးပွားရေးအုပ်စုဖွဲ့မှု့ တွေမှာ ဘယ်လိုရပ်တည်မလည်း။

၈။တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်သစ်ပြန်လည်ရေးဆွဲရန်ကြိုးပန်းနေမှု့( World Security and Peace ) ကို ဘယ်လိုသဘောထားမလည်း။

၉။တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတစ်ကာဆက်ဆံရေးနဲ့နိုင်ငံတစ်ကာစနစ် အစီအစဉ်သစ် (World System) ပြန်လည်ရေးဆွဲရေးအားထုတ်နေမှု့ကို ဘယ်သဘောထားမလည်း။

စသဖြင့် အဓိကလည်းကျ၊ယေဘူယျလည်းကျတဲ့ သဘောထားတွေကို တော်လှန်ရေးဖက်က ရှင်းရှင်းလင်းလင်း ပေါ်လစီ ချပြနိုင်ဖို့ လိုအပ်နေပြီထင်ပါတယ်။

နောက် ပြည်တွင်းရေးအခြေအနေတွေမှာလည်း စမ်းစစ်စရာ အချက်အလက် တစ်ပုံတပင်လည်း ရှိ့နေပါတယ်။

၁။သမိုင်းကြောင်းတစ်လျောက် နယ်စပ်တစ်ဖက်တစ်ချက်စီမှာ ပြန့်နှံ့နေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် အမြင်၊သဘောထားနဲ့ပေါ်လစီခင်းကျင်းမှု့။

၂။အိမ်နီးနားချင်း၊လူမျိုးစုနဲ့နယ်စပ်နိုင်ငံရေးကို ဘယ်လို့ ရှု့မြင် ပေါ်လစီခင်းကျင်းထားသလဲ။စတာတွေက လက်တွေ့၊လက်ငင်း ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ကမ္ဘာ့အစီအစဉ်သစ်အားပြိုင်ပွဲထဲမှာ မြန်မာပြည်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ပြည်သူ့တော်လှန်ရေးဟာ
-အစီအစဉ်တကျ ဖြစ်ထွန်းပေါ်ပေါက်တာလား၊တိုက်ဆိုင်မှု့လား ဆိုတာ ရှင်းလင်းစွာ သရုပ်ခွဲ စမ်းစစ် ဖော်ပြပေးဖို့လိုအပ်နေတယ်လို့မြင်မိပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ဒုတိယကမ္ဘာစစ်အပြီး ပေါ်ထွန်းခဲ့တဲ့တစ်ကမ္ဘာလုံးကတော်လှန်ရေးများက စစ်အေးခေတ်ရဲ့အစီအစဉ်နဲ့ ပေါင်းစပ်ကြွေးကြော်ကြတာတွေ့ရပါတယ်။

ထိုခေတ်အခြေအနေအရ ပြည်တွင်းတော်လှန်ရေးကိုနယ်ချဲ့ဆန့်ကျင်ရေး၊အမျိုးသားလွတ်မြောက်ရေး ကြွေးကြော်သံနဲ့ ကမ္ဘာ့စစ်အေးတိုက်ပွဲနဲ့ပေါင်းစပ်ခဲ့ကြတဲ့ ဖြစ်စဉ်တွေလက်တွေ့ရှိ့ခဲ့ပါတယ်။

ယနေ့မြန်မာနိုင်ငံစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ပြည်သူ့တော်လှန်ရေးဟာ နိုင်ငံတစ်ကာ စိမ်ခေါ်မှု့အသစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အဖြေပေးရတော့မှာဖြစ်ပါတယ်။

မြန်မာ့တော်လှန်ရေးဟာ- အမေရိကန်ဦးဆောင်တဲ့ ဝင်ရိုးတစ်ခုကမ္ဘာ(Unipolar World Order ) နဲ့ပေါင်းစပ်မလား။

-နိုင်ငံအများစုကြိုးပမ်းနေတဲ့ ဝင်ရိုးစုံကမ္ဘာ (Multipolar World Order) နဲ့ပေါင်းစပ်မလား တစ်ခုခု ရွေးချယ်ရတော့မယ့် အကျပ်အတည်းဆိုက်လာပြီဖြစ်ပါတယ်။ဒါက ကမ္ဘာ့အခင်းအကျင်အတွက်ဖြစ်ပါတယ်။

ဒေသတွင်းမှာ
-အမေရိကန်နိုင်ငံရေးသမားတွေ( ၂၁ ရာစုအတွင်း ပထမဦးဆုံး နိုင်ငံသစ်တစ်ခုကို ပေါ်ထွန်းစေခဲ့ပြီ) လို့ လက်ပေါက် ပန်းခတ်ကြွေးကြော်ခဲ့တဲ့ အရှေ့တီမော တစ်နိုင်ငံထဲရဲ့ စာနာမှု့ရတယ်ဆိုတာ ဂုဏ်ယူ၊ဂုဏ်ဆာ နေလို့ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

-ဒေသတွင်း နိုင်ငံအားလုံး ခွဲထွက်ရေးပြသနာတွေနဲ့ ရင်ဆိုင်နေကြရတာကို ချိန်ဆဖို့လိုပါတယ်။ဒေသတွင်း အင်အားကြီး တရုတ်၊အိန္ဒိယ နိုင်ငံတို့တောင် ခွဲထွက်ရေးပြသနာတွေနဲ့ သူ့အပူနဲ့သူဖြစ်နေတာကို နိုင်ငံပြု့သုခမိန် (Stateman) အဆင့်အတန်းနဲ့ကြည့်ကြဖို့ပါ။

အရှေ့တီမောကိုယ်တိုင် ဒေသတွင်းအစီအစဉ်တွေထဲပါဝင်ခွင့်ရဖို့ အသဲအသန်အားထုတ်နေတာကိုမြင်အောင်ကြည့်ဖို့ပါ။မြန်မာပြည်နဲ့တရားဝင် သံတမာန်အဆက်အသွယ် ထူထောင်နေပါတယ်။ မှိုင်းမမိဖို့ပါ။ ကမ္ဘာမှာ နိုင်ငံအလိုက် ကိုယ်ပိုင်အမှတ်သရုပ်သကန်တွေ၊စီဗယ်လိုက်ဇေးရှင်းတွေ၊ ယဉ်ကျေးမှု့တွေ၊ဘာသာရေးတွေ အားကောင်းလာနေပါတယ်။ အနောက်တိုင်းစီဗယ်လိုက်ဇေးရှင်း ပြန့်ပွားဖို့အတွက်၊လစ်ဘရယ်စံနှုန်းတွေ ပြန့်ပွားဖို့အတွက် CSO,NGO မျိုးစုံနဲ့ အက်ဗိုကိတ်လုပ်ကြပါတယ်။ဒါပေမယ့် အစ္စလာမ်ကမ္ဘာကြီးတစ်ခုလုံးမှာ လစ်ဘရယ်တွေ ရွေးကောက်ပွဲစနစ်ထဲမှာကို အရေးနိမ့်နေကြတာ လက်တွေ့ဖြစ်ပါတယ်။အလားတူ အခြား စီဗယ်လိုက်ဇေးရှင်းတွေမှာလည်း အနောက်စံနှုန်းတွေ ရှုံးနိမ့်နေတာကို မြင်အောင်ကြည့်ရင် မြင်နေရပါတယ်။ အနောက်စံနှုန်းပြု့ခြင်း( Westernization) နဲ့ အမေရိကန်လစ်ဘရယ်စံနှုန်းပြု့ခြင်း(Americanization) ကို CSO,NGO, ACTIVES တွေနဲ့ အက်ဗိုကိတ် လုပ်ကြပေမယ့် ခေတ်ပညာတတ်လူလတ်တန်းစားအလွှာကိုတောင်မဆွဲဆောင်နိုင်ကြပဲ သီးခြားကြီးချွန်ထွက်နေကြတာ နိုင်ငံတိုင်းရဲ့မြင်ကွင်းပါပဲ။ စစ်အေးခေတ်က ကွန်မြူနစ်တင်ပိုမှု့ က စစ်အေးခေတ်အပြီး နိုင်ငံတွေရဲ့ စီဗယ်လိုက်ဇေးရှင်းကပြန်လွမ်းမိုးသွားတော့ ကွန်ကြောင်၊C ကြောင်တွေလို့ သမုတ်ခံကြရသလို လစ်ဘရယ် စံနှုန်းဝါဒီတွေလည်း ဒေသအလိုက် စီဗယ်လိုက်ဇေးရှင်းရဲ့လွမ်းမိုးမှု့ကိုမလွန်ဆန်နိုင်တော့ အခွင့်အရေးကြောင်၊RIGHT ကြောင်တွေ လို့ သမုတ်ခံနေရတာကိုတွေ့ရပါတယ်။ ခေတ်ကာလရေစီးကြောင်းအရ နှစ်ပေါင်း ၁၀၀ ကျော် ရပ်တည်ခဲ့တဲ့ ပြည်တွင်းဖြစ် ကျောင်းသားနိုင်ငံရေးတွေ တောင် အမျိုးသားနိုင်ငံရေးအထွေထွေပေါ်လစီကနေ လစ်ဘရယ် စံနှုန်း Right base Issues တွေနောက်ပါသွားခဲ့တဲ့ ကာလတစ်ခု မြင်ခဲ့ရပါတယ်။C ကော Right ရော စုပေါင်းစပ်ပေါင်းဖြစ်သွားတာမျိုးပါ။ ကမ္ဘာ့ရေစီးကြောင်းဟာ မြန်မာနိုင်ငံတစ်ခုထဲမဟုတ်ပဲ နိုင်ငံတကာကြုံတွေ့နေရတဲ့ဖြစ်စဉ်ပါ။နိုင်ငံအသီးသီးက မြို့ပြပညာတတ်၊အလယ်အလတ်အလွှာအများစုကို လစ်ဘရယ်အာဂျင်ဒါ ဆွဲဆောင်နိုင်စွမ်းမရှိ့ပုံ နမှုနာမျိုးစုံကို စာပေတွေမှာ လေ့လာနိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်အတွက် မြို့ပြစီဗယ်လိုက်ဇေးရှင်းမှာ သိ့သိ့သာသာခြားနားသွားတဲ့နမူနာအချက်အချို့ကတော့
၁။- Right base Issues သမားတွေ နှစ်ကျိတ် ၈ ဆူ လို ဘာသာရေးပွဲလမ်းတွေကို အသံချဲ့စက်ဆူညံသံအကြောင်းပြ ပြင်းပြင်းထန်ထန် ဆူဆူညံညံ ကန့်ကွက်နေကြစဉ်မှာ
-ရပ်ကွက်အသီးသီးက လူငယ်အလွှာမျိုးစုံက မိမိတို့ရပ်ကွက်အလိုက် ဘာသာရေး၊ယဉ်ကျေးမှု့ပွဲတော်တွေအတွက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်နေကြတဲ့မြင်ကွင်းမျိုးပါ။

၂-Right base သမားတွေ ယဉ်ကျေးမှု့နှောင်ကြိုးဖြတ်တောက်ရေး၊လိင်လွတ်လပ်ခွင့်၊ကျား/မ တန်းတူရေး စသဖြင့် ပညာပေးပြီး Radio Bar , Night Club,One night Free ,ပလေတိုးနစ်အချစ်(LGBT Romantic Promotion) တွေလုပ်နေချိန်မှာ-မြို့ပေါ်၊ရပ်ကွက်၊မြိုပြ၊ကျေးလက်အသီးသီးက ခေတ်ပညာတတ်၊လူတ်တန်းစာ လူငယ်၊လူရွယ် အများစုက ဗုဒ္ဓဘာသာဝင်များက အဘိဓမ္မာသင်တန်းတက်ခြင်း၊ဝိပတ်သနာ တရား စခန်းဝင်ကြခြင်း၊ဘာသာရေးနဲ့ယဉ်ကျေးမှု့ လှုပ်ရှားမှု့များမှာ ပူးပေါင်းပါဝင်နေကြခြင်း၊ အခြားဘာသာဝင်များကလည်း သူတို့ဘာသာရေး၊ယဉ်ကျေးမှု့ လုပ်ငန်းစဉ်များမှာ ပါဝင်မှု့အချိုးအစားများပြားလာခြင်း။ စသဖြင့် သိ့သာထင်ရှားတဲ့ ဖြစ်စဉ်များကို မြင်သာစွာတွေ့နေရပါတယ်။ ယခု စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ အဆိုပါ အထိုင်အသီးသီးကလူငယ်တွေက ရှေ့တန်းရောက်အဓိက အင်အားစုအနေနဲ့ပါဝင်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့်တော်လှန်ရေးရဲ့ နိုင်ငံရေးနဲ့နိုင်ငံတစ်ကာဆက်ဆန်ရေး စတဲ့ ဦးဆောင်မှု့အပိုင်းကို လစ်ဘရယ်အာဂျင်ဒါမောင်းနှင်ရေး အင်အားစုများက ယာယီ ဦးဆောင်မှု့ရထားသလိုမြင်ရပါတယ်။ တော်လှန်ရေးရဲ့ဦးဆောင်မှု့မှာ မူလက NGO,CSO, ACTIVES များဖြစ်ကြတာ ပြသနာတစ်ခုမဟုတ်ပါဘူး။

ဒါပေမယ့် လက်တွေ့ ပေါ်လစီ၊မှုဝါဒခင်းကျင်းမှု့မှာ ကမ္ဘာဖြစ်စဉ်နဲ့အလိုက်သင့်အလျားသင့်ဖြစ်ဖို့လိုအပ်တယ်လို့မြင်မိပါတယ်။ နိုင်ငံရေး၊တော်လှန်ရေးနဲ့နိုင်ငံတော်တာဝန်ထမ်းဆောင်လာကြတော့ စဉ်စား၊တွေးခေါ်၊လုပ်ကိုင်ပုံဟာCSO,NGO, ACTIVES ဆန်နေတာမျိုး၊ အလေ့အကျင့်ဖြစ်နေတာမျိုးထက် လက်တွေ့နိုင်ငံရေး Real Politic လက်တွေ့နိုင်ငံရေးချဉ်းကပ်မှု့နဲ့ နိုင်ငံပြု့သုခမိန် (Stateman) အထိုင်ကနေ စဉ်းစား၊တွေးခေါ်၊လုပ်ကိုင်ဖို့ လိုအပ်နေတယ်လို့မြင်မိ့ပါတယ်။ (လက်တွေ့နိုင်ငံရေးလေဟာနယ် )ကိုဖြည့်ဖို့သဘောပါ။ ဒေါ်အောင်စုကြည်က နိုင်ငံရေးသမားဖြစ်တဲ့အတွက် နိုင်ငံရေးလိုပဲ စဉ်းစားရပါတယ် လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ် ။ ၂၀၁၂ သူမနေအိမ်အကျယ်ချုပ်ကလွတ်မြောက်စဉ်က နိုင်ငံတစ်ကာမီဒီယာတစ်ခုက တရုတ်အပေါ်သဘောထားကိုမေးတဲ့အခါသူမက”တရုတ်က ကျွန်မတို့ ငြင်းပယ်ပိုင်ခွင့်မရှိ့တဲ့ ထာဝရအိမ်နီးချင်းပါ” လိုဖြေခဲ့ပါတယ်။နိုင်ငံပြု့သုခမိန်Stateman စဉ်းစားပုံနဲ့စဉ်းစားချဉ်းကပ်ရပါတော့တယ်။ စစ်အေးခေတ်မှာ ဗိုလ်နေဝင်းက ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို ကတ်ကြေးနဲဖြတ်တောက်ပြီး ဘယ်သူမှမရှိ့တဲ့ ပင်လယ်ထဲမှာ ထားလို့ရရင်ထားချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။လက်တွေ့မှာ အိမ်နီးချင်းတွေနဲ့ပဲ လူးကာ၊လှိမ့်ကာ ဖြတ်သန်းခဲ့ရတာပါပဲ။ ယနေ့လက်ရှိ့ မြန်မာပြည်စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး တော်လှန်ရေးမှာ တာဝန်ရှိသူတွေအနေနဲ့တော်လှန်‌ရေးကြီးအောင်မြင်ပြီးရင် မြန်မာပြည်ကြီးကို “မ”ပြီး အမေရိကန်နဲ့ဥရောပကိုရွေ့သွားလို့ရမရ စဉ်းစားပြီး လက်တွေ့ကျကျ ပေါ်လစီခင်းကျင်နိုင်ကြပါစေကြောင်း။

စိမ်းမောင်
မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိက အာဘော်သာဖြစ်ပါကြောင်း။

By admin

Leave a Reply

Your email address will not be published. Required fields are marked *