သက်ဆင်က ဘာကြောင့် အမှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ပြစ်ဒဏ်ချမှတ်ခံထားရတဲ်၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းမှာ နေထိုင်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရဲချုပ်ဆေးရုံမှာ ကြာရှည်စွာနေထိုင်ခဲံတဲ့အတွက် တရားရုံးချုပ်ရဲ့ စီရင်ချက်ကို လက်ခံတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ သက်ဆင်က စက်တင်ဘာ ၉ရက်နေ့ကဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာတင်ထားတဲ့ပို့စ်တစ်ခုမှာ ၎င်းဟာ ပြဿနာတွေနဲ့ ပဋိပက္ခတွေအားလုံးကို အဆုံးသတ်လိုကြောင်းနဲ့ အနာဂတ်ကို စတင်ဖို့မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။ “၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး အစိုးရ ပြုတ်ကျပြီးတဲ့ ကိစ္စတွေအားလုံး (ကျနော့်ကို ဆန့်ကျင်တဲ့) ပေါ်ပေါက်လာခဲ့တယ်။ ဒီနေ့ကစပြီး ကျနော်မျှော်လင့်နေပြီး အတိတ်က အရာအားလုံး၊ တရားစီရင်ရေးကိစ္စတွေရော၊ ကျနော်ကအစပြုတဲ့ ဒါမှမဟုတ်ကျနော်နဲ့ပတ်သက်တဲ့ ပဋိပက္ခမှန်သမျှကို အဆုံးသတ်ချင်ပါတယ်”လို့ ၎င်းက ပြောပါတယ်။ ဒီစာကို ထိုင်းဘာသာနဲ့ သူ့ကိုယ်စား သူ့အဖွဲ့ကတင်ထားတာဖြစ်ပါတယ်။


နိုင်ငံရေးရာထူး ကိုင်ဆောင်ထားသူတွေအတွက် တရားရုံးချုပ် ရာဇ၀တ်မှု ဦးစီးဌာနက ၂၀၀၃ ခုနှစ်ကရဲချုပ် ဆေးရုံမှာခြောက်လကြာ နေထိုင်ခဲ့တာဟာ ပြစ်ဒဏ်ကျခံခဲ့တာမဟုတ်လို့တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ တရားရုံးက သူ့ကို တော်ဝင်သက်သာခွင့် ရရှိပြီးနောက် ကျန်ပြစ်ဒဏ်အဖြစ်ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတာ်။ ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်က ဘုရင်မင်းမြတ်ကို၎င်းကိုထောင်ဒဏ်ကို ရှစ်နှစ်ကနေတစ်နှစ်ကိုလျှော့ချပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ဖော်ပြခဲ့ပါတယ်။ သူဟာ ကောင်းမွန်တဲ့အချိန်တွေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ သူ့ကို ပံ့ပိုးပေးခဲ့ကြတဲ့ Pheu Thai အဖွဲ့ဝင်တွေ၊ နိုင်ငံရေးသမားတွေနဲ်အခြားသူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။ ဘန်ကောက်မြို့ ရဲအချုပ်အကျဉ်းထောင်မှာ သူဟုပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

၎င်းရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ဆုံးရှုံးခဲျ့ပမယ့်လည်း သက်ဆင်က အကျဉ်းထောင် နံရံတွေဟာ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ကန့်သတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ “လူတိုင်းကို ရှေ့တိုးဖို့ တိုက်တွန်းဖို့ ဒီလမ်းကြောင်းကို လျှောက်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့၎င်းက ရေးသားခဲ့ပါတယ်။ “လွတ်လပ်ရေး မရတော့ပေမယ့် တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးအတွက် လွတ်လပ်စွာ တွေးတောခွင့်လည်း ရှိပါ တယ်”လို့လည်းသူကဆိုပါတယ်။ သူ့တာဝန်က ဘုရင်စနစ်၊ တိုင်းပြည်နဲ့ ထိုင်းပြည်သူတွေကို အစေခံဖို့ပါပဲလို့လည်းဆက်ဆိုပါနယ်။ သက်ဆင်ဟ ပြီးခဲ့တဲ့ သီတင်းပတ်က ဒူဘိုင်းကိုထွက်ခွာခဲ့ပြီး နောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသတဲ့အခါ မဲဆန္ဒနယ်တိုင်းရှိ Pheu Thai ကိုယ်စားလှယ်လောင်းတွေကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမယ်လို့ တရားရုံးကို ပြန်လည် ရောက်ရှိလာပြီးနောက် တရားရုံးမှာပြောကြားခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ စည်းပုံအရ ဧပြီလမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့စီစဉ်ထားပါတယ်။

အဲမောင်း
ဘန်ကောက်ပို့မှာဖော်ပြတဲ့ Why Thaksin decided to face the music.ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *