စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေ တစတစ ကြီးထွားလာကာ သန်းနဲ့ချီတဲ့ အိုးအိမ်မဲ့တွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁၁ ရက်ကထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Filippo Grandi က “မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားပါတယ်။ “ဝေဟင်က ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ္စည်းဥစ္စာတွေပျက်စီးခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းတို့ကြောင့် ၎င်းတို့ဟာ ၎င်းတို့ရဲ့ အသက်အန္တရာယ်အတွက် နေ့စဉ်နဲ့အမျှ ကြောက်ရွံ့နေကြရပါတယ်”လို့ပြောကြားပါတယ်။ “အရပ်သား အမျိုးသား၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေကိုအကြမ်းဖက်မှုကနေအကာအကွယ်ပေးရမှာဖြစ်ပြီး လုံခြုံမှုနဲ့ဂုဏ်သိက္ခာရှိစွာ နေအိမ်သို့ ပြန်လာဖို့ ရွေးချယ်နိုင်စေရန် နည်းလမ်းတွေရှာဖွေတွေ့ရှိတယ်လို့၎င်းက ဆက်လက် ပြောကြားပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ဆိုတာ မြန်မာနိုင်ငံတိုင်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မတ်လအတွင်းက ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော်နေပြည်တော် အပါအဝင် ဒေသအများအပြားကို ထိခိုက်ခဲ့ပါတယ်။ ကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ Tom Fletcher က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုဟာ ရန်ပုံငွေမရှိတာကြောင့် အဟန့်အတားဖြစ်နေတယ်လို့ X လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက ထိခိုက်ခံစားရတဲ့ရပ်ရွာတွေဆီကိုသွားရောက်လည်ပတ်ခဲ့တဲ့မစ္စတာ Grandi ကလူသားချင်းစာနာမှုပိုမိုကျယ်ပြန့်စွာဝင်ရောက်ဖို့တိုက်တွန်းခဲ့ပြီး အတင်းအကျပ်ရွှေ့ပြောင်းခံရသူတွေအတွက် အဖြေရှာဖို့ ဆွေးနွေးခဲ့ပါတယ်။ “ပြည်တွင်းမှာ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ လူတွေ၊ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်ကြတာကလွဲရင် ဘာကိုမှ မလိုချင်ကြပါဘူး”လို့မစ္စတာ Grandi က ပြောပါတယ်။
သူတို့က ငြိမ်းချမ်းရေးနဲ့ ယှဉ်တွဲလာတဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကို တောင်းဆိုပိုင်ခွင့်ရှိတယ်” လို့လည်းမစ္စတာ Grandi က ဆက်ပြောပါတယ်။ ဇူလိုင်လက ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေကြောင့် လူထောင်ပေါင်းများစွာရဲ့ နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ “စစ်ပွဲများ၊ ဘေးအန္တရာယ်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်မှု၊ ငတ်မွတ်ခေါင်းပါးမှု- ရိုဟင်ဂျာအရေးတို့လိုမြန်မာနိုင်ငံသားအများအပြားရဲ့မေ့ပျောက်နေတဲ့အကျပ်အတည်းဟာ ဘယ်အခါမှအဆုံးမရှိပါ” လို့မစ္စတာ Grandi က X မှာ ရေးသားပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ဗုဒ္ဓဘာသာနိုင်ငံအများစုရှိ မူဆလင်လူနည်းစုဖြစ်တဲ့ရိုဟင်ဂျာ ၁၅၀,၀၀၀ ဟာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါဟာရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ ၇၅၀,၀၀၀ ခိုလှုံခွင့်ရရှိခဲ့တဲ့ ၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးသော ရွှေ့ပြောင်းမှုဖြစ်ပါတယ်။ UNHCR က မြန်မာနိုင်ငံရှိ အခြားကုလအေဂျင်စီများ၊ NGO မိတ်ဖက်များ၊ လူမှုအသိုက်အဝန်းများနဲ့ပူးပေါင်းပြ်းအခြေခံလိုအပ်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့အတင်းအကျပ် အိုးအိမ်မဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့နိုင်ငံမဲ့နေသူတွေရဲ့ သုခချမ်းသာကို ကိုင်တွယ်ဖြေရှင်းဖို့လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် လူမှုအသိုက်အဝန်းအများအပြားဟာအရေးကြီးတဲ့အကူအညီတွေလက်လှမ်းမီမှု နည်းပါးခြင်းကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အခုနှစ် ကုလသမဂ္ဂ တုံ့ပြန်ရေး အစီအစဉ်ဟာမြန်မာနိုင်ငံအတွက် လောလောဆယ် ရန်ပုံငွေ ၂၂ ရာခိုင်နှုန်းသာ ရှိပါတယ်။ အခုလနှောင်းပိုင်းမှာနယူးယောက်မြိုမှာမစ္စတာ Grandi က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေနဲ့အခြားလူနည်းစုများဆိုင်ရာ အဆင့်မြင့် ညီလာခံကိုတက်ရောက်မှာဖြစ်ပြီး အကျပ်အတည်းကို ဖြေရှင်းဖို့ဒေသတွင်းနဲ့နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေကို တောင်းဆိုခဲ့ပါတယ်။ “နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးကူညီမှုနဲ့ အဖွဲ့အားလုံးဟာ ၎င်းတို့ရဲ့အကျပ်အတည်းကို အဖြေရှာဖို့အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တိုက်ခိုက်ခြင်း ခံရရုံသာမက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ရိုဟင်ဂျာတွေအတွက် အထူးလိုအပ်ပါတယ်” လို့ UNHCR အကြီးအကဲက ပြောကြားခဲ့ပါတယ်။