တရုတ်က တားမြစ်ပြီးနောက် အိန္ဒိယက မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မြေရှားသတ္ထု အတွက်သဘောတူညီချက်ကို ရှာဖွေနေ

စက်တင်ဘာ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အိန္ဒိယဟာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကနေ မြေရှားသတ္ထုနမူနာတွေရယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူ လေးဦးရဲ့ပြောကြားချက်အရ သိရပြီးတရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုရဲ့ အစားထိုးအထောက်အပံ့ကို ရှာဖွေနေတယ်လို့ဆိုပါတယ်။ အိန္ဒိယ သတ္တုတွင်း ဝန်ကြီးဌာနကကချင်လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာရှိတဲ့မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြေရှားသတ္ထုနမူနာတွေစုဆောင်းသယ်ယူ ပို့ဆောင်ဖို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဆီကိုတောင်းဆိုခဲ့တယ်လို့ လူ ၃ ဦးက ပြောပါတယ်။ အိန္ဒိယ နိုင်ငံပိုင်သတ္တုတွင်းလုပ်ငန်း IREL နဲ့ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့ဟာ- မြေရှားသံလိုက်တွေ စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် အရင်နှစ်က အစိုးရရန်ပုံငွေရရှိခဲ့တဲ့ဆွေးနွေးပွဲတွေမှာပါဝင်ကြတယ်လို့သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။ နယူးဒေလီက ပြတွင်းဓာတ်ခွဲခန်းတွေမှာ နမူနာတွေကို အီလက်ထရွန်နစ်ယာဉ်တွေနဲ့အခြားအဆင့်မြင့်စက်ပစ္စည်းတွေမှာအသုံးပြုသတဲ့ သံလိုက်အဖြစ်ကိုစီမံဆောင်ရွက်နိုင်တဲ့ စံချိန်မီမြေရှားသတ္ထုပါဝင်မှုအဆင့်တွေလုံလောက်စွာပါဝင်တာသေချာစေဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဝန်ကြီးဌာနက နိုင်ငံပိုင်မဟုတ်တဲ့တစ်ဖွဲနဲ့ဒေလီမှာ ထိတွေ့ဆက်ဆံမှု ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုကို လုပ်ဖို့တောင်းဆိုခဲ့ကတယ်လို့လူနှစ်ဦးရဲ့ ပြောကြားချက်အရသိရပြီး ဇူလိုင်လက အွန်လိုင်းအစည်းအဝေးတစ်ခုမှာဝန်ကြီးဌာနက တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ အစည်းအဝေးကို IREL၊ Midwest နဲ့အနည်းဆုံး အခြားကုမ္ပဏီတစ်ခုကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့ပါတယ်။ KIAက အိန္ဒိယနိုင်ငံရဲ့ ခွဲခြမ်းစိတ်ဖြာမှုအတွက် နမူနာတွေကို စတင်စုဆောင်းနေပြီလို့ လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စတုတ္ထပုဂ္ဂိုလ်က ပြောပါတယ်။ KIA က အိန္ဒိယဆီကို အစုလိုက် တင်ပို့မှု ဖြစ်နိုင်ချေ ရှိ၊ မရှိ အကဲဖြတ်ဖို့သဘောတူညီခဲ့တယ်လို့အခြား သတင်းရင်းမြစ်ဖြစ်ပြီးအကဲဆတ်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့အမည်မဖော်လိုတဲ့ KIA အရာရှိတဦးဆီကနေသိရပါတယ်။ KIA နဲ့အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှု အသေးစိတ်ကို Reuters ကပထမဆုံးအကြိမ် သတင်းဖော်ပြတာဖြစ်ပါတယ်။


အိန္ဒိယ နိုင်ငံခြားရေးနဲ့ သတ္တုတွင်း ဝန်ကြီးဌာနတွေက Reuters ရဲ့ မေးခွန်းတွေကို တုံ့ပြန်ခြင်း မရှိပါဘူး။ IREL နဲ့ Midwest တို့ကလည်း မှတ်ချက်ပေးဖို့တောင်းဆိုချက်တွေမတုန့်ပြန်ခဲ့ကြပါဘူး။ KIAပြောရေးဆိုခွင့်ရှိသူက ဖုန်းခေါ်ဆိုမှုနဲ့စာတိုတွေကို မဖြေကြားဘူးလို့ဆိုပါတယ်။ မြေရှားသတ္ထုဟာ အတော်လေးပေါများပေမယ့်လည်း တရုတ်နိုင်ငံက သတ္တုတွေကိုသံလိုက်အဖြစ်ကို ပြောင်းလဲပေးတဲ့နည်းပညာကို လုံးဝနီးပါး ထိန်းချုပ်ထားပါတယ်။ ဘေဂျင်းက အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြားမှာ ပထဝီဝင်နိုင်ငံရေး လွှမ်းမိုးမှုကို တွန်းလှန်ဖို့ ကြိုးပမ်းနေတာကြောင့် ဒီနှစ်အတွင်း အိန္ဒိယနိုင်ငံလိုအဓိကစီးပွားရေးနိုင်ငံတွေဆီကိုပြုပြင်ပြီးသားမြေရှားသတ္ထုတွေတင်ပို့မှုကို သိသိသာသာ ကန့်သတ်ထားပါတယ်။ ဒေလီက ထောက်ပံ့ရေးပစ္စည်းတွေကို ရရှဖို့လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ပါတယ်။ KIA ကို တိုက်ခိုက်နေတဲ့မြန်မာစစ်ဦးစီးချုပ်မင်းအောင်လှိုင်နဲ့တရုတ်နိုင်ငံမှာ တွေ့ဆုံစဉ် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက မြေရှားပါး သတ္တုတူးဖော်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့သြဂုတ် ၃၁ ရက်က ပြောကြားခဲ့ပါတယ်။ သူကအကျယ်တဝင့် မပြောပါဘူး။ သဘောတူညီချက်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာတာ မရှိသေးဘဲ မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက အကြောင်းမပြန်ပါဘူး။ အိန္ဒိယနိုင်ငံက မြေရှားသတ္ထုတွေကိုသန့်စင်မှုအဆင့်အထိ လုပ်ဆောင်ဖို့ ၎င်းရဲ့ စက်မှုလုပ်ငန်းခွင် စက်ရုံတွေချို့တဲ့မှုကိုလည်း ဖြေရှင်းဖို့ကြိုးပမ်းနေပါတယ်။ IREL ဟာ မြေရှားသတ္ထုသံလိုက်တွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့ဂျပန်နဲ့ ကိုရီးယားကုမ္ပဏီတွေနဲ့ပူးပေါင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ Reuters ရိုက်တာသတင်းမှာ ဖော်ပြခဲ့ပါတယ်ရ။ KIA နဲ့ အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြ်း Reuters ကမေးမြန်းရာမှာ ဒေလီရှိ ဆွေးနွေးပွဲတွေနဲ့ ရင်းနှီးတဲ့ အိန္ဒိယ အရာရှိတစ်ဦးကအရေးကြီးတဲ့ ဓာတ်သတ္တုတွေကို နိုင်ငံရဲ့စိတ်ဝင်စားမှုဟာလျှို့ဝှက်ချက်မဟုတ်ဘူးလို်ပြောကြားခဲ့ပါတယ်။ “ကမ္ဘာတစ်ဝှမ်းရှိ မြေရှားတွင်းထွက်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချသူတွေဆီကမြေရှားသတ္ထုတွေလုံခြုံစေရေးအတွက် စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို သဘာဝအတိုင်း ကျနော်တို့အားပေးပါတယ်”လို့ KIA ကိုတိုက်ရိုက်ရည်ညွှန်းခြင်းမပြုဘဲ အဆိုပါအရာရှိက ပြောကြားခဲ့ပါတယ်။

IRELက အရင်းအမြစ်တွေကို လေ့လာဖို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ ကချင်ပြည်နယ်ကိုအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်အပါအဝင် မြန်မာနိုင်ငံကမြေရှားသတ္ထုတွေထောက်ပံ့ရေး အဆိုပြုချက်တွေကိုအမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့က ကြားသိခဲ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံက မြေရှားသတ္ထုတွေကိုပေကျင်းကို ထောက်ပံ့ပေးနေတဲ့ KIA နဲ့ဆက်နွယ်နေတဲ့ဆက်ဆံရေးရှိတယ်လို့စင်္ကာပူအခြေစိုက် အိန္ဒိယ-မြန်မာဆက်ဆံရေး အကြောင်းကိုလွတ်လပ်တဲ့လေ့လာသုံးသပ်သူ Angshuman Choudhury က ပြောကြားခဲ့ပါတယ်။ “မြေရှားသတ္ထုတွေလုံခြုံရေးအတွက်တရုတ်က KIA နဲ့ ချိတ်ဆက်နေတယ်ဆိုရင် အိန္ဒိယက ဘာကြောင့် နောက်ကျကျန်ခဲ့ရမှာလဲ” လို့သူကပြောပါတယ်။ “ဒီပြိုင်ပွဲက ဒီနယ်ပယ်ကို ဘောင်ခတ်စေတယ်”လို့လည်းသူကဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက Reuters ရဲ့မေးခွန်းတွေကို တုံ့ပြန်ရာမှာ ဘေဂျင်းက အိန္ဒိယနဲ့ KIA တို့ ပူးပေါင်းလုပ်ဆောင်နိုင်တာကို မသိပေမယ့်လည်း “မြန်မာနိုင်ငံမြောက်ပိုင်းရှိ သက်ဆိုင်ရာအဖွဲ့တွေအားလုံးက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ တရုတ်နိုင်ငံရဲ့အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍအတွက် ကျေးဇူးတင်ရှိကြပါတယ်”လို့ပြောကြားခဲ့ပါတယ်။ KIA ဟာ မြန်မာနိုင်ငံရှိ လူနည်းစု ကချင်အသိုက်အဝန်းရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အာမခံစေဖို့အတွက် ၁၉၆၁ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာနိုင်ငံအတွင်း ကြောက်စရာအကောင်းဆုံး လက်နက်ကိုင်အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာရွေးကောက်ခံအရပ်သားအစိုးရတစ်ရပ်ကို မြန်မာစစ်တပ်ကဖြုတ်ချပြီးနောက် တနိုင်ငံလုံး အုံကြွမှုဖြစ်ပွားခဲ့ပြီး KIA က တရုတ်ကျောထောက်နောက်ခံပြု စစ်အစိုးရကို ဆန့်ကျင်တဲ့အင်အားစုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

အရင်နှစ်ကလည်း ၎င်းဟာ ကချင်ပြည်နယ်ရှိ ချီဖွေ-ပန်ဝါ သတ္တုတွင်း ရပ်ဝန်းကို စစ်အစိုးရ မဟာမိတ် တပ်ဖွဲ့ဆီကနေသိမ်းဆည်းရမိခဲ့ပြီး ဒီနေရာတွေကနေကမ္ဘာတဝှမ်းက မြေရှားသတ္ထုရိုင်းရောင်းလိုအားရဲ့ရင်းမြစ်ဖြစ်တဲ့ dysprosium နဲ့ terbium ဒြပ်စဥ်တွေကိုတူးဖော်နေတာဖြစ်ပါတယ်။ KIA က တရုတ်ပြည်ကိုတွင်းထွက်သတ္တုတွေ ဆက်လက်ထောက်ပံ့နေပေမယ့်လည်း ဗျူဟာအရ အရေးပါသတဲ့ဗန်းမော်မြို့မှာအစိုးရတပ်တွေနဲ့ KIA တို့ဟာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ၎င်းတို့ရဲ့ ဆက်ဆံရေးဟာ ကွဲလွဲနေပါတယ်။ ဘေဂျင်းက စစ်အစိုးရဟာ ၎င်းရဲ့အိမ်နောက်ဖေးတွင် တည်ငြိမ်ရေးကို အာမခံသူအဖြစ် ရှုမြင်ပြီး KIA ကို ကျောခိုင်းဖို့ဖိအားပေးခဲ့ပါတယ်။ တစ်ခါပြည်သူ့စစ်တွေဟာအိမ်နီးချင်း အိန္ဒိယနဲ့ ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်နေပါတယ်။ ဒေလီရှိ အရာရှိတွေက မြေရှာသတ္ထုတွေ အတွက် ထောက်ပံ့ရေးလမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ KIA နဲ့ ရေရှည်အစီအစဉ်ကို စိတ်ဝင်စားပေမယ့်လည်း ဝေးလံပြီး မဖွံ့ဖြိုးသေးတဲ့တောင်တန်းဒေသတွေတစ်လျှောက် ကုန်ပစ္စည်းအမြောက်အမြား ယူဆောင်လာရတဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြ်း စိုးရိမ်မှုတွေရှိတယ်လို့လူနှစ်ဦးက ပြောပါတယ်။ တွင်းထွက်ပစ္စည်းတွေကို လမ်းကွန်ရက်ကနေတစ်ဆင့် အနီးနားရှိ တရုတ်နိုင်ငံကိုပို့ဆောင်ပါတယ်။ IREL ကအဆိုပါဆွေးနွေးမှုအချို့မှာပါဝင်ပေမယ့်လည်း သယ်ယူပို့ဆောင်ရေးအတွက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို တာဝန်ယူပေးစေလိုတယ်လို့အဆိုပါကိစ္စနဲ့ နီးစပ်သူ သုံးဦးထံက သိရပါတယ်။ KIA နဲ့အိန္ဒိယတို့ဟာ အိန္ဒိယကို မြေရှားသတ္ထုတွေပေးပို့ခြင်းဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရင်တောင်မှ တရုတ်အကူအညီမပါဘဲ တွင်းထွက်ပစ္စည်းတွေထုတ်ယူရာမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဘယ်လ်ဂျီယံအခြေစိုက် မြေရှားပါးပညာရှင် Nabeel Mancheri က ပြောပါတယ်။ “သီအိုရီအရ အိန္ဒိယက ဒီပစ္စည်းတွေကို ရရင် သူတို့ဟာ ခွဲထုတ်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မှာပါ” လို့၎င်းက ဆိုပါတယ်။ “ဒါပေမယ့် နိုင်ငံတကာဈေးကွက်ကို ဖြည့်ဆည်းပေးမယ့် ပြည့်ဝတဲ့ ပမာဏကို ထုတ်လုပ်နိုင်ဖို့ ဒါကို အတိုင်းအတာတစ်ခုအထိ အချိန်ယူရလိမ့်မယ်”လို့လည်းသူကဆက်ပြောပါတယ်။ ဘန်ကောက်ရှိ Devjyot Ghoshal၊ နယူးဒေလီရှိ Shivam Patel၊ Shoon Naing၊ Rishika Sadam နဲ့ Beijing သတင်းခန်းက Devjyot Ghoshal တို့ကရေးသားပါတယ်။ Katerina Ang ကတည်းဖြတ်ပါတယ်။

အဲမောင်း
Reuters ကဖော်ပြတဲ့ Exclusive: India explores rare-earth deal with Myanmar rebels after Chinese curbs ကိုပြန်ဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *