-အာရက္ခအိမ်မက်ကိုလည်း (British Legacy) ရှု့ဒေါင့်ကနေ ရခိုင်စကောလာအချို့ ရေးသားတင်ပြမှု့တွေကို ဖတ်ရပါတယ်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ကုန်းဘောင်မင်းဆက်နဲ့အင်္ဂလိပ်တို့ကြားစစ်ပြေငြိမ်းရေး နယ်မြေပိုင်းခြားမှု့ကို ပြန်လှန်ကိုးကားတာကို သတိ့ပြု့မိပါတယ်။
-ကရင်နီနယ်မြေကလည်း အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ စစ်ပြေးငြိမ်းရေးစာချုပ်ကို ကိုးကားကြတာတွေ့ရပါတယ်။
-အခြားတိုင်းရင်းသားအသီးသီးကလည်း အင်္ဂလိပ်/ဗြိတိသျှအမွေခံ(British Legacy) ကို ကိုးကားကြတာကိုတွေ့ရပါတယ်။
*မြန်မာနိုင်ငံရယ်လို့ပေါ်ထွန်းလာစေခဲ့တဲ့ သမိုင်းဝင်
ပင်လုံစာချုပ်သည်ပင်လျင် ဗြိတိသျအမွေခံလို့ ဆိုနိုင်ပါတယ်။
စာချုပ်ကြီး လေးခုနဲ့ ဗြိတိသျှထံက လွတ်လပ်ရေးရယူထားခဲ့တဲ့မြန်မာပြည်ဟာ ဗြိတိသျှဘားမားနဲ့တရုတ်၊ထိုင်း၊ပြင်သစ်အင်ဒိုချိုင်းနားတို့နဲ့ပက်သက်ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတန်းများအပေါ်မှာလည်း တာဝန်ခံမှု့ရှိ့နေတဲ့သဘောလို့ယူဆရပါတယ်။ စစ်အုပ်ချုပ်ရေးနှစ် ၆၀ ကျော်အောက်မှာ စစ်အာဏာရှင်တို့ဟာ သမိုင်းဖြစ်စဉ်များကို ၎င်းတို့အကျိုးအတွက်သာ ပညာရေးစနစ်အတွင်းပြဌာန်းခဲ့ပါတယ်။ စစ်အုပ်စုဟာ သမိုင်းမှန်တွေကို ပြည်သူများမသိရှိ့စေရန် ထိမ်ချန်ပြီး ၎င်းတို့သိ့စေလိုသလောက်သာ ပြဌာန်းခဲ့ပါတယ်။သမိုင်းမျက်စေ့ပိတ်အောင်၊တစ်ဖက်သတ် သမိုင်းအမြင်အားကောင်းအောင် ပုံသွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ပါနေမှဖြစ်မယ်ဆိုတာကိုပုံသွင်းဖို့သမိုင်းအမြင်ကျဉ်းမြောင်းစေရန် စီမံခဲ့ပါတယ်။ယနေ့ ပြည်မတော်လှန်ရေးနဲ့တိုင်းရင်းသားတို့ရဲ့ နှစ် ၇၀ တော်လှန်ရေးကို ဟန်ချက်ညီပေါင်းစပ်ဖို့ဆိုရင် သမိုင်း အမြင်ရှု့ဒေါင့်ညီညွတ်အောင် ကနဦးကြိုးပန်းသင့်ကြတယ်လို့မြင်မိ့ပါတယ်။ ပြည်မနိုင်ငံရေးအင်အားစုတို့က သမိုင်းအမြင်ကို မဆလ ဗိုလ်နေဝင်းခေတ်က ပညာရေးစနစ်ထဲမှာ ကန့်သတ်ထားတဲ့ ဘောင်အတွင်းကနေဖောက်ထွက်ဖို့လိုအပ်လာတယ်မြင်မိ့ပါတယ်။
ယခုခေတ်စားနေတဲ့ ဧရာဝတီနဲ့ဗခ ထွန်းမြင့်နိုင်အင်တာဗျူးအရဆိုရင် “ရိုဟင်ဂျာ “ကိစ္စကို
-ရခိုင်ဖက်က အင်္ဂလိပ်/ ဗြိတိသျှ အမွေခံပြသနာ(British Legacy) အဖြစ်ရှု့မြင်ပုံကိုဖော်ပြပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများနဲ့ ICJ လျောက်လဲချက်မှာလည်း ကိုလိုနီအမွေခံအဖြစ်လျောက်လဲခဲ့ပါတယ်။
-စစ်အုပ်စုကလည်း ကိုလိုနီအမွေခံအဖြစ် ကိုးကားလေ့ရှိ့ပြန်ပါတယ်။
AA က စမှတ်ပြု့လိုက်သလားအရုပ်ကြီးသုံးရုပ်နဲ့ ဖြေရှင်း၍မလွယ်ပါ
——————————————–
စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
အင်္ဂလန်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု့ဖို့အဆိုတင်ပါတယ်။လုံခြုံရေးကောင်စီမှာ ပါလက်စတိုင်းအရေးကျ အမေရိကန်က ဗီတိုအာဏာသုံးကန့်ကွက်ပြန်ပါတယ်။ထရန့်ကြီးအင်္ဂလန်လာပြီး တော်ဝင်ပွဲခံအပြီး ပါလက်စတိုင်းအရေးတော့ ဘယ်လိုညှိ့ခဲ့ကြတယ်မသိပါဘူး။ အင်္ဂလန်ရဲ့ရပ်တည်ချက်ကတော့ အစ္စရေး-ပါလက်စတိုင်းအရေး သဘောတူညီခဲ့ကြတဲ့ ဘဲးလ်ဖို့သဘောတူညီချက်ကို ရည်ညွှန်းတယ်လို့ ယူဆမိပါတယ်။ ဘဲးလ်ဖို့သဘောတူညီချက်အရဆို လက်ရှိ့ပါလက်စတိုင်းနယ်မြေထက်များစွာကျယ်ဝန်းတဲ့ခွဲခြမ်းစိတ်ဖျာမှု့ရှိခဲ့တယ်ဆိုတာကို သတိ့ပေးတယ်လို့ယူဆပါတယ်။ ဒါပေမယ့် လက်ရှိ့ ကမ့်ဒေးဗစ်သဘောတူညီချက်အတိုင်း ခွဲခြမ်းထားတဲ့ ပါလက်စတိုင်းအကျယ်အဝန်းကို ထပ်အထိပါးမခံတော့ဖူးလို့ သတိ့ပေးလိုပုံရပါတယ်။အခုမြေပုံအတိုင်းပါလက်စတိုင်းနိုင်ငံအဖြစ်အသိအမှတ်ပြု့တယ်လို့ပိုင်းဖြတ်ပေးလိုက်ပုံရပါတယ်။ ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးတို့သိမ်းပိုက်လိုက်မယ်ဆိုတာနဲ့ အီဂျစ်အပါအဝင်ဒေသကြီးတစ်ခုလုံးကို စစ်ကြေငြာလိုက်သလိုဖြစ်သွားမှာဖြစ်ပါတယ်။ သမ္မာကျမ်းစာလာ အဲဂုတ္တလူတို့နဲ့ဣသရေလလူတို့ ဇာတ်လမ်း၊ဖိလိတ္တိလူတို့ဇာတ်လမ်း၊ဣသရေလလူတို့နဲ့ဒေသတွင်းဟိတ္တ၊အာမောရိ၊ခါနနိ၊ဖေရဇိ၊ဟိဝိ၊ဟေဗုသိ စသဖြင့် လူအားလုံးတို့နဲ့ဇာတ်လမ်းတစ်ဖန်နိုးကြားလာမှာပဲဖြစ်ပါတယ်။ ဣသရေလလူတို့ကို အဲဂုတ္တပြည်က ရွေးနှုတ်ကယ်တင်လာပြီးနောက် နွားနို့နဲ့ပျားရည်မြစ်တို့စီးဆင်းရာ ခါနန်နယ်သို့ ပို့ဆောင်လက်ရအပ်ခဲ့ပါတယ်။ဣသရေလလူတို့ကို ယောဒမ်မြစ်တစ်ဖက်ကမ်းကို မကျော်ဖို့မှာခဲ့သလို၊ယောဒမ်မြစ်တစ်ဖက်ကမ်းကိုလည်း အခြားလူတို့အဖို့ဖြစ်စေခဲ့ပြီးဖြစ်ပါတယ်။ ယနေ့အစ္စရေးရဲ့ဗုံးကျဲတိုက်ခိုက်မှုတွေဟာ ဘာတွေဆက်ဖြစ်မလည်း၊သမ္မာကျမ်းစာလာအတိုင်း ဘယ်လိုတွေဆက်ဖြစ်လာမလည်း။ထိုဒေသအပြင်ဖက်ကအခြားစီဗယ်လိုက်ဇေးရှင်းတွေက လူတွေအဖို့စောင့်ကြည့်နေယုံသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ ကျော်က ဖိလိတ္တိလူတို့နဲ့ ဣသရေလလူတို့ရဲ့ ပဋိပက္ခ ဟာ ယနေ့ ဘယ်ဖက်ကို လက်ရအပ်မလည်းဆိုတာ စိတ်ဝင်စားရာပါ။
ဗြိတိန်ရဲ့ပါလက်စတိုင်းနိုင်ငံအသိအမှတ်ပြု့မှု့ကို အခြားနိုင်ငံများကလည်းလိုက်လာပါတယ်။ဗြိတိသျှကိုလိုနီနယ်ဖြစ်ခဲ့တဲ့အတွက် ဗြိတိသျှအမွေခံပြသနာအနေနဲ့ ဗြိတိန်က ဝင်လာတာဆိုရင် အရှေ့အလယ်ပိုင်အားပြိုင်မှု့ဟာ ပိုပြီးစိတ်ဝင်စားစရာဖြစ်လာမယ် ထင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသကို တူရကီအော်တိုမန်အင်ပါယာလက်ကနေ ဗြိတိန်နဲ့ပြင်သစ်တို့က ခွဲခြမ်းသိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ့အရှေ့အလယ်ပိုင်းနိုင်ငံတွေ၊မြေပုံတွေဆိုတာ ဗြိတိန်နဲ့ပြင်သစ်မဟာမင်းကြီးနှစ်ယောက်ရဲ့ စားပွဲဝိုင်းကပေတံတစ်ချောင်းနဲ့ ပေါ်လာကြတာဖြစ်ပါတယ်။ မူလအော်တိုမန်အင်ပါယာအရှင်တူရကီအနေနဲ့ ဗြိတိန်နဲ့ပြင်သစ်ခြေလှမ်းအတိုင်းကစားကွင်းထဲ အသွင်တစ်မျိုးမျိုးနဲ့ပါဝင်လာမယ်လို့ယူဆပါတယ်။ အင်ပါယာဟောင်းတူရကီ၊ဗြိတိန်၊ပြင်သစ်တို့နဲ့အင်ပါယာသစ် အမေရိကန်တို့ ဘယ်လိုတွေအားပြိုင်ကြမယ်ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ပါလက်စတိုင်းအရေးမှာ ဗြိတိန်ရဲ့သမိုင်းအမွေကို ပြန်လည်အစပြု့လာတာနဲ့အတူ မြန်မာ့အရေးကိစ္စမှာ အင်္ဂလန်/ဗြိတိသျှအမွေခံ(British Legacy)ဆိုတဲ့ အသုံးအနှုန်းတစ်ခု စတင်သုံးစွဲလာတာစိတ်ဝင်စားစရာပါ။ ယနေ့ခေတ်အစားဆုံးဖြစ်နေတဲ့ဧရာဝတီ ဦးအောင်ဇော်နဲ့AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်အင်တာဗျူးကနေ ဗခ ထွန်းမြတ်နိုင်က သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဧရာဝတီ ဦးအောင်ဇော်က ရိုဟင်ဂျာအာဂျင်ဒါမေးခွန်းတွေကို ဗခ ထွန်းမြတ်နိုင်က “ရကန်”သဘော လှပစွာတိန်းရှောင်ဖြေကြားတဲ့အထဲမှာ ရိုဟင်ဂျာအစ်ရှူးကို အင်္ဂလိပ်/ဗြိတိသျှအမွေခံ(British Legacy )လို့ သုံးနှုန်းသွားတာဖြစ်ပါတယ်။
-အာရက္ခအိမ်မက်ကိုလည်း (British Legacy) ရှု့ဒေါင့်ကနေ ရခိုင်စကောလာအချို့ ရေးသားတင်ပြမှု့တွေကို ဖတ်ရပါတယ်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ကုန်းဘောင်မင်းဆက်နဲ့အင်္ဂလိပ်တို့ကြားစစ်ပြေငြိမ်းရေး နယ်မြေပိုင်းခြားမှု့ကို ပြန်လှန်ကိုးကားတာကို သတိ့ပြု့မိပါတယ်။
-ကရင်နီနယ်မြေကလည်း အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲ စစ်ပြေးငြိမ်းရေးစာချုပ်ကို ကိုးကားကြတာတွေ့ရပါတယ်။
-အခြားတိုင်းရင်းသားအသီးသီးကလည်း အင်္ဂလိပ်/ဗြိတိသျှအမွေခံ(British Legacy) ကို ကိုးကားကြတာကိုတွေ့ရပါတယ်။
*မြန်မာနိုင်ငံရယ်လို့ပေါ်ထွန်းလာစေခဲ့တဲ့ သမိုင်းဝင်
ပင်လုံစာချုပ်သည်ပင်လျင် ဗြိတိသျအမွေခံလို့ ဆိုနိုင်ပါတယ်။
စာချုပ်ကြီး လေးခုနဲ့ ဗြိတိသျှထံက လွတ်လပ်ရေးရယူထားခဲ့တဲ့မြန်မာပြည်ဟာ ဗြိတိသျှဘားမားနဲ့တရုတ်၊ထိုင်း၊ပြင်သစ်အင်ဒိုချိုင်းနားတို့နဲ့ပက်သက်ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတန်းများအပေါ်မှာလည်း တာဝန်ခံမှု့ရှိ့နေတဲ့သဘောလို့ယူဆရပါတယ်။ စစ်အုပ်ချုပ်ရေးနှစ် ၆၀ ကျော်အောက်မှာ စစ်အာဏာရှင်တို့ဟာ သမိုင်းဖြစ်စဉ်များကို ၎င်းတို့အကျိုးအတွက်သာ ပညာရေးစနစ်အတွင်းပြဌာန်းခဲ့ပါတယ်။ စစ်အုပ်စုဟာ သမိုင်းမှန်တွေကို ပြည်သူများမသိရှိ့စေရန် ထိမ်ချန်ပြီး ၎င်းတို့သိ့စေလိုသလောက်သာ ပြဌာန်းခဲ့ပါတယ်။သမိုင်းမျက်စေ့ပိတ်အောင်၊တစ်ဖက်သတ် သမိုင်းအမြင်အားကောင်းအောင် ပုံသွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံရေးမှာ စစ်တပ်ပါနေမှဖြစ်မယ်ဆိုတာကိုပုံသွင်းဖို့သမိုင်းအမြင်ကျဉ်းမြောင်းစေရန် စီမံခဲ့ပါတယ်။ယနေ့ ပြည်မတော်လှန်ရေးနဲ့တိုင်းရင်းသားတို့ရဲ့ နှစ် ၇၀ တော်လှန်ရေးကို ဟန်ချက်ညီပေါင်းစပ်ဖို့ဆိုရင် သမိုင်း အမြင်ရှု့ဒေါင့်ညီညွတ်အောင် ကနဦးကြိုးပန်းသင့်ကြတယ်လို့မြင်မိ့ပါတယ်။ ပြည်မနိုင်ငံရေးအင်အားစုတို့က သမိုင်းအမြင်ကို မဆလ ဗိုလ်နေဝင်းခေတ်က ပညာရေးစနစ်ထဲမှာ ကန့်သတ်ထားတဲ့ ဘောင်အတွင်းကနေဖောက်ထွက်ဖို့လိုအပ်လာတယ်မြင်မိ့ပါတယ်။
ယခုခေတ်စားနေတဲ့ ဧရာဝတီနဲ့ဗခ ထွန်းမြင့်နိုင်အင်တာဗျူးအရဆိုရင် “ရိုဟင်ဂျာ “ကိစ္စကို
-ရခိုင်ဖက်က အင်္ဂလိပ်/ ဗြိတိသျှ အမွေခံပြသနာ(British Legacy) အဖြစ်ရှု့မြင်ပုံကိုဖော်ပြပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများနဲ့ ICJ လျောက်လဲချက်မှာလည်း ကိုလိုနီအမွေခံအဖြစ်လျောက်လဲခဲ့ပါတယ်။
-စစ်အုပ်စုကလည်း ကိုလိုနီအမွေခံအဖြစ် ကိုးကားလေ့ရှိ့ပြန်ပါတယ်။
NUG ဖက်က ICJ မှာ ဒေါ်အောင်ဆန်းစုကြည် လျောက် လဲချက်ကိုရုတ်သိမ်းပြီးအသစ်တင်ဖို့လုပ်ပါတယ်။**မြန်မာပြည်သူတွေကိုရော၊ရခိုင်ပြည်သူတွေကိုရော ချပြတာမရှိ့သေးပါဖူး။
ICJ တရားရုံးလုပ်ငန်းစဉ်များ ရပ်တံ့နေစဉ်မှာ အာဂျစ်တီးနား တရားရုံးမှာ တရားစွဲဆိုတာကို NUGအစိုးရအဖွဲ့ဝင်အချို့က ဝင်ရောက်ပက်သက်နေတာကို တွေ့ရပြန်ပါတယ်။ ယခုနောက်ဆုံးရိုဟင်ဂျာဒုက္ခသယ်များပြန်လယ်လက်ခံရေး နိုင်ငံတစ်ကာဖိ့အားနဲ့ ပက်သက်လို့ အသံထွက်တာတော့ မတွေ့ရသေးပါဘူး။ NUG,NUCC တာဝန်ရှိ့သူအချို့၊ရိုအရေးတက်ကြွလှုပ်ရှားသူအချို့တို့ စုစည်းတွ့ဆုံမှု့ သတင်းဓါတ်ပုံဖြန့်ဝေမှု့တော့ တွေ့ရပါတယ်။ ရိုဟင်ဂျာဒုက္ခသယ်များပြန်လယ်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဘင်္ဂလားဒေ့ရှ် အစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးတို့ *၁၉၉၃ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဒုက္ခသယ်များပြန်လယ် စီစစ်လက်ခံရေး သဘောတူညီချက်အတိုင်း ပြန်လယ်လက်ခံဖို့ သဘောတူစာချုပ်လက်မှက်ရေးထိုးထားတာရှိ့ပါတယ်။ AA ဟာ နိုင်ငံကိုယ်စားပြု့ (State Actor)မဟုတ်တဲ့အတွက် ယခင် NLD အစိုးရနဲ့ချုပ်ဆိုခဲ့တဲ့ ၁၉၉၃ မူနဲ့လက်ခံရေး G TO G ကိုအကောင်အထည်ဖော်ဖို့ တရားဝင်မှု့ (Legitimate) ရရှိ့ဖို့ နိုင်ငံတစ်ကာဥပဒေ၊ကျင့်ထုံးတွေ အရ လက်တွေ့ကျဖို့ခက်ခဲနိုင်ပါတယ်။ ဒီရိုဟင်ဂျာအရေးအတွက် တရားဝင်မှု့ (Legitimacy) ကို အသုံးချဖို့ကိစ္စဟာ စစ်အုပ်စုအတွက်ရော၊NUG အတွက်ပါ နိုင်ငံရေး ပါရာဇိကကျမယ့် နိုင်ငံရေးထောင်ချောက်ကြီးဖြစ်နေပုံရပါတယ်။ကာယံမသင့်ရင် ပြည်တွင်းနိုင်ငံရေးမှာ အပါယ်လားသွားနိုင်ပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် တော်လှန်ရေး၊ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးကို “ရိုဟင်ဂျာ “အရေးနဲ့စနစ်တကျတွဲချိတ်တာမျိုးက မသင့်တော်ဖူးထင်ပါတယ်။(သတိ၊ပညာ၊ဉာဏ်မြေကတုတ် နဲ့ကိုင်တွယ်နိုင်ပါစေ ကြောင်းဆု တောင်းဖို့ပဲတတ်နိုင်ပါတယ်)
Game Theory ထက်တော့ပိုပြီး သမိုင်းကြောင်းနဲ့အိုင်ဒင်ဒတီနဲ့ တော့ ပေါင်းစပ်ရမယ်ထင်ပါတယ်။
အလားတူ မြန်မာနိုင်ငံတွင်း တိုင်းရင်းသားပြသနာအသီးသီးမှာ တိုင်းရင်းသားအများစုက အင်္ဂလိပ်/ဗြိတိသျှအမွေခံ( British Legacy )ကို ကိုးကားလေ့ရှိ့တာကို သတိ့ပြု့ဖို့လိုအပ်တယ်မြင်မိပါတယ်။ အလားတာ တရုတ်ရဲ့ “မြန်မာပြည်မြေကြီးမြေပုံ ပြီးပြည်စုံရေး”ဆိုတာလည်း ဗြိတိသျှဘားမားနဲ့တရုတ်ပီကင်းနန်းတော်တို့ကြားထဲက သဘောတူညီမှု့ ကို ထင်ဟပ်နေတာဖြစ်ပြီး ဗြိတိသျှအမွေခံဖြစ်တဲ့သမိုင်းစဉ်ကိုလည်း သတိ့ပြု့ဖို့လိုအပ်မယ်ယူဆပါတယ်။
စစ်အုပ်စု၊စစ်အာဏာရှင်စနစ်က မြန်မာနိုင်ငံရဲ့တိုင်းရင်းသားအရေးကို
-ပုဂံခေတ်၊ပင်းယခေတ်၊ အင်းဝခေတ်၊တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်(ပု၊ပင်း၊အင်း၊တောင်၊ ဘောင်)နဲ့
-အရုပ်ကြီးသုံးရုပ်(အနော်ရထာ၊ဘုရင့်နောင်၊အောင်ဇေယျ) သမိုင်းနဲ့
စမှတ်ပြု့ဖြေရှင်းဖို့ တရားသေဆုတ်ကိုင်ထားပါတယ်။စစ်အုပ်ချုပ်ရေးကာလရှည်ကြီးတစ်လျောက် မြန်မာပြည်သူများကိုလည်း ဒီသမိုင်းနဲ့ ဦးနှောက်ဆေးကြောပုံသွင်းခဲ့ပါတယ်။
တိုင်းရင်းသားအများစုက ဗြိတိသျှအမွေခံ (British Legacy) ကနေအစပြု့ဖို့ သဘောထားအခိုင်အမာထားရှိ့ကြပါတယ်။
**ပင်လုံစာချုပ်ပါအပါအဝင်ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်မတော်လှန်ရေးအင်အားစုများရဲ့ သမိုင်းရေးရာချဉ်းကပ်မှု့နဲ့တိုင်းရင်းသားမျာချဉ်းကပ်မှု့ကြားမှာ သမိုင်းအမြင်ညီညွတ်အောင် ချိန်ညိ့ရေးဟာ လိုအပ်ချက်တစ်ခုဖြစ်လာပါတယ်။
ရိုဟင်ဂျာကိစ္စကို
-ဗြိတိသျှအမွေခံ(British Legacy)အဖြစ် ရှု့မြင်ထားတဲ့ ရခိုင် တိုင်းရင်းသားရယ်၊
-လူ့အခွင့်အရေး လစ်ဘရယ်အာဂျင်ဒါ(Liberal Argenda) သက်သက်အဖြစ်ရှု့မြင်လုပ်ကိုင်နေတဲ့ NUGထဲက ဝန်မင်းအချို့နဲ့ NUCC ထဲက “နိုင်ငံတော်၏ အတိုင်ပင်ခံ ကလေးများ အချို့ရယ်နဲ
ဘယ်လိုဘယ်ပုံစခန်းသွားကြမယ်မသိ့နိုင်ပါဖူး။
-မြင်ရတာတော့ ရိုဟင်ဂျာအရေးနဲ့ပက်သက်လို့ NUG,NUCCနဲ့AA အပါအဝင် ရခိုင်အမျိုးသားများနဲ့ “ပြဒါးတစ်လမ်း၊သံတစ်လမ်း”လိုပါပဲ။
အလားတူ မြန်မာပြည်မှာရှိ့တဲ့တိုင်းရင်းသားအသီးသီးရဲ့ ခံစားချက်နဲ့
-ဗြိတိသျှအမွေခံကို မြန်မာပြည်ပြသနာများဖြေရှင်းရန်(စမှတ်)အဖြစ် သဘောထားမှု့၊
-သမိုင်းဆိုင်ရာခံစားမှု့တို့ကို
သဟဇာတဖြစ်အောင်မချိန်ညိ့နိုင်ပါက တပ်ပေါင်းစု ဆိုတဲ့ အဆင့်ထိ့စကားပြောဖို့ကို အခက်အခဲရှိ့နိုင်မယ်ထင်ပါတယ်။
အရုပ်ကြီးသုံးရုပ်၊ပုဂံ၊တောင်ငူ၊ကုန်းဘောင် သမိုင်းအနယ်ကျမှု့ (Historical Sentimental )ထဲက ထွက်ပြီး ကိုလိုနီအမွေခံကနေ အစပြု့ ဆွေးနွေးကြည့်ရင် လမ်းစပေါ်လာလေမလား။
စိမ်းမာင်
မှက်ချက်။ ။စာရေးသူ၏ပုဂ္ဂလိကဘာဘော်သာဖြစ်ပါသည်။
ကိုးကား။ ။- သမ္မာကျမ်းစာ
-အကြီးအကဲ၊ပြန်ဆို မောင်ပေါ်ထွန်း
-အိတ်ဇိုးဒက်၊ပြန်ဆို မောင်မိုးသူ