အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဖက်နိုင်ငံ ထိုင်းဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လေးကေ့ကော်ကို ကျော်ပြီး မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာလို့သိရပါတယ်။


“ခွေးဘက်က ပစ်တဲ့ ၁၂၀တလုံး သောင်ရင်းကျော်ပြီး ထိုင်းဘက်ကျတယ်။ ထိုင်းစစ်တပ်ဘက်က နယ်ခြားလိုင်းပေါ် လုံခြုံရေးအပြည့်ချထားတယ်။ ဟိုဘက်ခြမ်းမြန်မာဘက်က တရစပ်ကိုလက်နက်ကြီးတွေနဲ့ထုနေတာ။ ကျနော်တို့မဲဆောက်က အိမ်တွေပါတုန်တယ်။ လေးကေ့ကော်မှာ ခွေးတွေအကျအဆုံးများလေ လေကြောင်းနဲ့လက်နက်ကြီးတွေ တရစပ်ပစ်လေပဲ”လို့မဲဆောက်ရှိ မြန်မာနိုင်ငံသားတဦးကပြောပါတယ်။

ထိုင်းဘက် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပေမယ့် လူနဲ့အဆောက်အဦးတွေ ထိခိုက်တာမျိုးမရှိပေမယ့် နယ်စပ်မှာ ရှိတဲ့ပြည်သူတွေ သတိနဲ့နေထိုင်သွားလာကြဖို့ ထိုင်းအာဏာပိုင်တွေဘက်က သတိပေးထားပါတယ်။

#သောင်ရင်းသတင်းလွှာ #လေးကေ့ကော် #မဲဆောက် #စကစ #လက်နက်ကြီးကျကွဲ

By admin

Leave a Reply

Your email address will not be published. Required fields are marked *