စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညို အသက် (၈၁ ) အရွယ်မှာ ကွယ်လွန်သွားပြီလို့ ညီဖြစ်သူ တေးသံရှင် တူးတူးက အသိပေးထားပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ ကွယ်လွန်သွားတဲ့ အဆိုတော် ဗစ်တာခင်ညိုမှာ ဇနီးနဲ့ သား၃ဦးကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ “ကျွန်တော့် အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးပါတယ်” လို့ညီဖြစ်သူ အဆိုတော်တူးတူးက ပရိတ်သတ်တွေကို အသိပေးထားပါတယ်။
ဗစ်တာခင်ညိုကို ၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့မှာ ဖခင် ဖြစ်သူ ဦးခင်ညိုနဲ့ မိခင် ဒေါ်ခင်စန်းရီတို့ကမွေးဖွားပေးခဲ့ပြီး မွေးချင်း ၄ယောက်ထဲမှာ အကြီးဆုံးသားဖြစ်တယ်လို့သိရပါတယ်။ သူရဲ့ နာမည်ကြီးတေးသီးချင်းတွေကတော့ နွေ၊ မြခွာညို ၊ဒီဇင်ဘာနံနက်ခင်း၊ လိုက်ခဲ့တော့ကွယ် စတဲ့တေးသီချင်းတွေနဲ့ စတူရီယိုခေတ်ဦးမှာ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ဗစ်တာ ခင်ညိုရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၂၇ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။
#သောင်ရင်းသတင်းလွှာ #ဗစ်တာခင်ညို #ကွယ်လွန် #နွေ #မြခွာညို