စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့မှာအမေရိကန်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ခွဲခြားဆက်ဆံတိုက်ခိုက်ခဲ့တဲ့မြန်မာစစ်အစိုးရအတွက် မြောက်ကိုရီးယားဆီကနေ ပစ္စည်းတွေ၀ယ်ယူခြင်း အပါအဝင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) အတွက် ဝင်ငွေရရှိစေတဲ့ ၎င်းတို့ရဲ့ အခန်းကဏ္ဍတွေအတွက် ပစ်မှတ် ခြောက်ခုကို ဒဏ်ခတ်အရေးယူခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဒီလုပ်ဆောင်ချက်က အဆိုပါတိုက်ခိုက်မှုတွေကို လွယ်ကူချောမွေ့စေတဲ့တရားမဝင်ကွန်ရက်များကို နှောင့်ယှက်ဖို့နဲ့ DPRK ရဲ့ ဥပဒေမဲ့ အစုလိုကအစုလိုက်အပြုံလိုက်သုတ်သင်ရှင်းလင်းနိုင်တဲ့လက်နက်တွေခြင်း(WMD) နဲ့ ပဲ့ထိန်းဒုံးကျည်ပရိုဂရမ်တွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က လက်နက်မှောင်ခိုကူးမှုနဲ့ မြောက်ကိုရီးယားအစိုးရအတွက် ဝင်ငွေရရှိစေဖို့ကူညီဆောင်ရွက်ပေးရာမှာ ၎င်းတို့ရဲ့အခန်းကဏ္ဍအတွက် အဖွဲ့အစည်းတစ်ခုနဲ့ လူငါးဦးကို အရေးယူဖို့သတ်မှတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ အဆိုပါအမည်တွေကတော့ မြန်မာနိုင်ငံအခြေစိုက် Royal Shune Lei ကုမ္ပဏီလီမိတက်နဲ့၎င်းရဲ့ အဓိကဝန်ထမ်းတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။ အဆိုပါအမှုထမ်းတွေဟာ မြန်မာလေတပ်အတွက် လက်နက်ရောင်းဝယ်ရေး လွယ်ကူချောမွေ့စေရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ကျော်သူမျိုးမြင့်နဲ့တင်မျိုးအောင်တို့ ပါဝင်ပါတယ်။
ပေကျင်းအခြေစိုက် ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း (KOMID) ရဲ့ လက်ထောက်ကိုယ်စားလှယ် ကင်ယောင်ဂျူ၊ ၂၂၁ အထွေထွေဗျူရိုလို့လည်း လူသိများတဲ့ KOMID ဟာမြောက်ကိုရီးယားရဲ့ အဓိက လက်နက်ရောင်းဝယ်သူနဲ့ပဲ့ထိန်းဒုံးကျည်ဆိုင်ရာ ကိရိယာတွေတင်ပို့ရောင်းချသူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ Royal Shune Lei ရဲ့ဒါရိုက်တာ အောင်ကိုကိုဦးကိုလည်း ဒဏ်ခတ်အရေးယူထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှတစ်ဝှမ်းရှိ ကျယ်ပြန့်တဲ့စီးပွားရေးကွန်ရက်တွေကတစ်ဆင့် နိုင်ငံခြားငွေတွေကို ခဝါချခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသား Nam Chol Ungဟာ မြောက်ကိုရီးယားရဲ့ကင်းထောက်အထွေထွေဗျူရို (RGB) ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ဒီလုပ်ရပ်တွေဟာမြောက်ကိုရီးယားရဲ့ မတည်မငြိမ်ဖြစ်စေတဲ့လှုပ်ရှားမှုတွေကို ပံ့ပိုးပေးတဲ့ ကွန်ရက်တွေကို နှောင့်ယှက်ခြင်းနဲ့ မြန်မာစစ်အစိုးရကို ပံ့ပိုးပေးသူတွေကို တာဝန်ခံမှုမြှင့်တင်ရန် ကတိကဝတ်တွေကို မီးမောင်းထိုးပြနေတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ G7+ DPRK ဒဏ်ခတ်ပိတ်ဆို့မှု ဆက်သွယ်ရေးအဖွဲ့အပါအဝင် ကျွန်ုပ်တို့ရဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းကို ကြိုဆိုပါတယ်လို့လည်းဆက်လက်ဖော်ပြပါတယ်။