အချက်ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံက ဖိအားပေးမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြော

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့သက်ဆိုင်သူအားလုံးအကြား ဆွေးနွေးညှိနှိုင်းမှုတွေအဆင်ပြေချောမွေ့စေဖို့ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အာဆီယံကနေ မြန်မာနိုင်ငံကိုဆက်လက် တိုက်တွန်းသွားမှာဖြစ်တယ်လို့ Malay Mail သတင်းကစက်တင်ဘာ ၂၆ ရက်မှာဖော်ပြပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာဤကြိုးပမ်းအားထုတ်မှုတွေကို အချိန်တိုင်း လက်ကိုင်ထားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) နဲ့ တွဲပြီး ကျင်းပတဲ့ အကြိမ် ၈၀ မြောက် စေ့စပ်ညှိနှိုင်းရေး မိတ်ဆွေများအဖွဲ့ရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NUG) ကို စစ်တပ်ကဖြုတ်ချပြီးနောက် ကာလရှည်ကြာ နိုင်ငံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းမှာ ပါဝင်နေခဲ့ပါတယ်။


အဲဒီနှစ် ဧပြီလမှာ အာဆီယံခေါင်းဆောင်တွေအရေးပေါ်အစည်းအဝေးကျင်းပပြီး အကြမ်းဖက်မှု ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထူထောင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးနဲ့အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့မြန်မာနိုင်ငံ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အကဲဖြတ်ဖို့ တောင်းဆိုတဲ့ အချက်ငါးချက် သဘောတူညီမှုကို ချမှတ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ် တင်းမာမှုတွေမှာအာဆီယံဟာ အိမ်နီးချင်းနှစ်နိုင်ငံကိုအဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို အာမခံနိုင်မှာဖြစ်တယ်လို့မိုဟာမက်က ပြောကြားခဲ့ပါတယ်။ “၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနဲ့ ထိုင်းကြား နယ်စပ်တင်းမာမှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်”လို့သူကပြောပါတယ်။ “မြေပြင်မှာ ပွင့်လင်းမြင်သာမှုရှိဖို့ အာဆီယံ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြန့်ကျက်ဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။ အိမ်နီးချင်းနှစ်နိုင်ငံဟာ ၎င်းတို့ရဲ့ ကီလိုမီတာရှည်လျားတဲ့နယ်စပ်တစ်လျှောက်ရှိ နယ်မြေတွေနဲ့ပတ်သက်၍ ဆယ်စုနှစ်များစွာကြာ ပဋိပက္ခတွေမှာ ပိတ်မိနေပါတယ်။ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံ ပူထရာဂျာယာမှာကျင်းပတဲ့မလေးရှား အထူးအစည်းအဝေးမှာကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား သဘောတူညီမှုရရှိခဲ့ပြီး ဇူလိုင် ၂၄ ရက်က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၈ ရက်မှာရုတ်သိမ်းခဲ့ပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *