ငါတို့သည် သူပုန်များ ဖြစ်ကြသည်

တိုင်းရင်းသားတို့က စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်ရက်စက်မှု့ကို ပြည်မထက် နှစ် ၆၀ လောက်ခံစားလာရလို့ စစ်အာဏာရှင်စနစ်ကို မုန်းတီးတာ၊မလိုချင်တာ ပြည်မထက်မပိုတာင် မလျှော့ပါဘူးဆိုတာ လက်ခံဖို့လိုပါတယ်။ဒါပေမယ့် ဘဝအ တွေ့အကြုံအရ ညောင်သီးလဲစား၊လေးညို့သံလဲ နားထောင် ၊ခဲမှန်းဖူးတဲ့စာသူငယ် တွေဆိုတာ မမေ့ဖို့လိုပါတယ်။ လေဘယ်ဖက်ကတိုက်သလဲ၊လေစဉ်ကြည့်ရွက်တိုက်။ပြီးခဲ့တဲ့ NUG ,MOD ဝန်ကြီးရဲ့ အင်တာဗျူးမှာစစ်အုပ်စုကသာစနစ်ပြောင်းဖို့ဆန္ဒရှိ့ရင် PDF တွေအနေနဲ့ မဆွေးနွေးနိုင်စရာမရှိ့ပါဘူးဆိုတာမျိုးရဲ့ လေကြောင်းကဘယ်လိုလည်းဆိုတဲ့မေးခွန်းကို ပေါ်ထွက်လာကြမှာပဲဖြစ်ပါတယ်။လေးညို့သံကြားပြီ၊ညောင်သီးကြည့်စား ဖြစ်ကုန်ကြမှာ သေချာပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်းကို ဖျက်ပစ်စရာမလိုပါဘူး ဆိုတာမျိုးတွေပါ။ဘာလည်း၊ဘယ် လည်း။အဖြေမရ၊အမေးရှိ့ကြမှာမဟုတ်ပါဘူး။ဘာမှမေးခွန်းမထုတ်ကြတာကိုက ကြိုတင်မျှော်မှန်း တွက်ချက်ပြင်ဆင်မှု့တွေရှိ့ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်နေ ပါတယ်။ ဒီတစ်ခါ စစ်အာဏာရှင်စနစ်ကို အပြုတ်မတိုက်နိုင်ရင် ၊တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ခ်သွားကြရင် စစ်တပ်လိုပဲ “ခွေးမြီးကောက်၊ကျည်တောက်စွတ်”တွေပါပဲကွာ လို့ သမိုင်းအကြွေးတင်သွားတော့မှာဖြစ်ပါတယ်။ “ထင်သာထင်၊မဝင်ဖူးကျောင်းအစ်မရေ” တိုင်းရင်းသားတွေအနေနဲ့ “တစ်ခါသေဖူး၊ပျဉ်ဖိုး နားလည်”မဟုတ် တော့ပဲ “အခါခါ သေဖူး၊ပျဉ်ဖိုး မလိုက်နိုင်” ဘဝတွေ၊အဆိုး‌ကျော့သံသရာကိုအမြစ်ဖြတ်လိုကြမှာဖြစ်ပါတယ်။အလားတူ ပြည်မက ပြည်သူတွေလည်း စစ်အာဏာရှင်တို့ကို အဆက်ဖြတ်ချင်နေကြပြီဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မယ်ဆိုတဲ့ ပြည်မက တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေ ဆက်လက်တိုက်ပွဲဝင်နေမှ ၊အမှန်တစ်ကယ် အပြုတ်တိုက်နိုင်မှ တိုင်းရင်းသားတို့ဒေသကို အငြိုးတစ်ကြီး လက်စားခြေခံရတဲ့ အဆိုးကျော့သံသရာကို ဖြတ်နိုင်မယ်ဆို သတိပြု့ဖို့လိုပါတယ်။ဗမာအပါအဝင်၊ဘယ်တိုင်းရင်းသားမှ ဘဝတွေ ထပ်မခါး ချင်တော့ပါဘူး။ စစ်အုပ်စု ရွေးကောက်ပွဲ၊နိုင်ငံတစ်ကာတုံ့ပြန်မှု့ ၊ အဝေးရောက် NCGUB ဒေါက်တာ စိန်ဝင်းလိုကံကြမ္မာကြုံရနိုင်‌ချေ စသဖြင့်မသေချာတဲ့ အခြေအနေသစ်များကို ရှေ့တစ်လှမ်းတိုး အကာအကွယ်ပြု့ဖို့- ပြည်မတော်လှန်ရေးအင်အားစုတွေထဲက စစ်အာဏာရှင်တို့နဲ့

“မစေ့စပ်စတန်း”
“အပြုတ်တိုက်”
“အပြတ် ဆော်”
“စစ်အနိုင်တိုက်မယ်”ဆိုတဲ့ အင်အားစုတွေရဲ့ ရှေ့ခြေတစ်လှမ်းတိုးဖို့၊မဟာဗျူမြောက်ခြိမ်းခြောက်မှု့ ၁၀၂၇ ကဲ့သို့ တိုက်ပွဲစဉ် ဖော်ဆောင်နိုင်ဖို့ ဘယ်လိုလုပ် ပေးရင်ရတယ်ဆိုတာ အတွေ့အကြုံရှိ့ပြီးသားလို့ ယူဆပါတယ်။အချိန်ကိုက်ဖြစ်ဖို့ပါပဲ။ ဗခ ထွန်းမြတ်နိုင် အင်တာဗျူးမှာ ပြောတဲ့ ကံ၊ကံ၏အကျိုး တစ် ပတ်မလည်ဖို့ ပြတ်ပြတ်သားသား သူပုန်ဘဝကို ကူး ပြောင်းဖို့ ရွေးချယ်ရမယ့် လမ်းဆုံ၊လမ်းခွ ကို မကြာမီရောက်လာ တော့မှာဖြစ်ပါတယ်။ တစ်ခုပါပဲတစ်ချို့အ ကြောင်းအရာတွေကို ပြောတဲ့၊ဆိုတဲ့နေရာမှာ ဗခ ထွန်းမြတ်နိုင်အနေနဲ့ စကော်လာတွေရဲ့စာကိုး၊စာကားနဲ့ ပြောဆိုတာပို ဝန်ကင်းပါတယ်။ဟစ်ပိုကရက် တွေက လူဖြူတွေ ရေးထားတာ၊ပြောထားတာ၊ဟော့ဒီမှာကြည့်၊ဟော့မှာကြည့် ဆိုရင် ၊အထွန့်မတက်တတ်ကြလို့ပါ။

—————————————————————။—————————————————————————

စက်တင်ဘာ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

မာတင်စမစ်ရဲ့ ” လက်နက်ကိုင်ဖက်ပြိုင်မှု့များနဲ့လူမျိုးစုဆိုင်ရာနိုင်ငံရေး” စာအုပ်မှာ ဗမာပြည်မနိုင်ငံရေးအင်အားစုများနဲ့ တိုင်းရင်းသားများကြားစိုးရိမ်မှုကို ဖတ်ရပါတယ်။ပြည်မနိုင်ငံရေးမှာလည်း စစ်အာဏာရှင်စနစ်ကို တောက်လျောက်တော်လှန်လာကြပေမယ့် မကြာခဏ ရေချိန်ကျကျသွားပြီး စစ်အုပ်စုကအသာစီးရရသွားတဲ့သမိုင်းကလည်းရှိနေပါတယ်။၁၉၈၈ နောက်ပိုင်း ပြည်မနိုင်ငံရေးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို တိုင်းရင်းသားတွေစုပေါင်းပြီး မဲသရောထကြော်ငြာချက်နဲ့ စစ်ရေး၊နိုင်ငံရေးထောက်ခံခဲ့ကြပါတယ်။ ပြည်မနိုင်ငံရေးမှာ ဒေါ်အောင်စုကြည်အပါအဝင် နိုင်ငံရေးအင်အားစုတွေ ဖိနိုပ်ချေမှုန်းခံရပြီးနောက် ပြည်မနိုင်ငံရေးကျဆင်းသွားပါတယ်။အဲ့ဒီနောက် စစ်တပ်ဟာ မွန်၊ကရင်စသဖြင့်တိုင်းရင်းသားဒေသတွေကို အထွေထွေထိုးစစ်ကြီးဆင်နွဲပြီးဒဏ်ခတ်လက်စားချေပါတယ်။ ကရင်နဲ့မွန်ဒေသတွေကို စစ်တပ်ကအင်အားသုံးသောင်းကျော်နဲ့ဖြတ်လေးဖြတ်၊မြေလှန်မီးရှို့စနစ်နဲ့ ထိုးစစ်ဆင်တဲ့အတွက် ဒေသခံတိုင်းရင်းသားကျေးရွာပေါင်းများစွာမီးရှို့ဖျက်ဆီးခံရပါတယ်။ဒုက္ခသည်များစွာတစ်ဖက်နိုင်ငံကိုထွက်ပြေးကြရပါတယ်။ကရင်ဆို ဒုက္ခသည် သုံးသိန်းကျော် ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။မွန်နဲ့ကရင်နီတို့လည်း ဒုက္ခသည်သိန်းချီထွက်ပြေးရပြီး ယနေ့အထိ့ ပြန်မလာနိုင်ကြသေးပါဘူး။ မြန်မာပြည်တောင်ပိုင်းက တိုင်းရင်းသားတွေ စစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခါးစည်းခံနေရစဉ်မှာပဲ NLD ကဦးအောင်ရွှေတို့က စစ်တပ်ရဲ့ညောင်နှစ်ပင်ညီလာခံဝင်တက်နေကြပါတယ်။ကရင်၊မွန်၊ကရင်နီတို့ရဲ့ အခြေစိုက်စခန်းတွေ အားလုံးနီးပါလက်လွတ်ခဲ့ကြရပြီး ပျောက်ကြားဘဝရောက်သွားပါတယ်။ CRDP ဦးတင်မောင်ဝင်းရဲ့ စာအုပ်ဟာ ပြည့်ချစ်တော်လှန်ရေးPDP အကြောင်းအတော်လေ့လာရတယ်လို့ယူဆရပါတယ်။ဦးနု ဦးဆောင်တဲ့ပြည်ချစ်တပ်ဟာ အမေရိကန်CIA အကူအညီနဲ့ လက်နက်၊ငွေကြေးအတန်အသင့်စုစည်းမိ့လာတဲ့အခါ စစ်ကြောင်းဖွင့်ဖို့လုပ်ပါတယ်။(CIA ဆိုတာ ရောဘတ် တေလာစာအုပ် တွေက အသေအချာသုတေသနလုပ် ရေးပြထားလို့ပါ) ဒီအခါမှာ ကရင်နဲ့မွန်တို့က သူတို့နယ်မြေကိုဖြတ်ပြီး ရန်ကုန်ကိုချီတက်တိုက်ခိုက်မယ့် ဦးနုရဲ့ပြည်ချစ်တပ်ကြီးကို ဖြတ်သန်းခွင့်မပြု့နိုင်ဘူးဆိုပါတယ်။ ကရင်၊မွန်တိုင်းရင်းသားတွေက သူတို့တော်လှန်ရေးက မိမိတို့တိုင်းရင်းသားတွေအတွက် တန်းတူ၊ရည်တူအခွင့်အရေးရဖို့ အဓိကဆင်နွှဲတဲ့ အကန့်အသတ်ရှိ့တဲ့တော်လှန်ရေးဖြစ်တယ်။ဦးနုတို့ပြည်ချစ်တော်လှန်ရေးက ဗိုလ်နေဝင်စစ်အစိုးရကိုဖြုတ်ချမယ့် နိုင်ငံတော်အာဏာသိမ်းပိုက်ရေး အကျွင်းမဲ့တော်လှန်ရေးဖြစ်တယ်လို့ဆိုပါတယ်။

ဦးနုတို့က နိုင်ငံတော်အာဏာဗဟိုချက် ဖြစ်တဲ့ ရန်ကုန်ကိုချီတက်တိုက်ခိုက်မှာကို ဗိုလ်နေဝင်းက ရန် ကုန်ရောက်တဲ့အထိ့ အလှထိုင်ကြည့်နေမှာမဟုတ်ပါဘူး။ တိုင်းရင်းသားဒေသတွေမှာဖြတ်သန်းနေတုန်း ရှိ့သမျှ လက်နက်အသုံးချပြီး အပြင်းအထန် တိုက်ခိုက်မှာဖြစ်ပါတယ်။တိုင်းရင်းသားဒေသတွေ ထောင်းလမောင်းကျေကုန်မှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဦးနုပြည်ချစ်တပ်ကြီးဟာ တနင်းသာရီအစွန်အဖျားကို ဆင်းသွားပြီး မြန်မာပြည်တွင်း ဧရာဝတီကနေထိုးဖောက်ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ထိုစဉ်က ဦးနုပြည်ချစ်တပ်ရဲ့ ဧရာဝတီထိုးဖောက်ရေးဟာ ထော်ပိုင်စစ်ဆင်ရေးနဲ့ ခြေမှုန်းခံခဲ့ရပါတယ်။ မြန်မာဘုရင်များခေတ်က ရှမ်းပြည်က စော်ဘွားနယ်အချို့က ဗမာနန်းတော်ကို လက်ဆောင်ပဏ္ဏာဆက်သလို၊တရုတ် တာလီ့နန်းတော်၊ထိုင်းနန်းတော်ကိုလဲ ပဏ္ဏာဆက်ပါတယ်။ပြည်မနန်းတွင်းအာဏာလုပွဲတွေမှာ မင်းညီ၊မင်းသားတွေ တောင်ပေါ်ဒေသ ပြေးတက်တတ်ကြပါတယ်။တော်လှန်ပုန်ကန်မှု့ရှုံးနိမ့်သွားခဲ့ရင် လက်ခံထားတဲ့ဒေသလက်စားချေခံရပါတော့တယ်။ ယခင်က ပဏ္ဏာပဲဆက်ရပြီး ပြည်မက တပ်ချထားခြင်းမရှိ့တတ်ပေမယ့် နောက်ပိုင်း တပ်ချထားပြီး ဘုရင်ခံသဘော ဗိုလ်မှုးမင်းသားခန့်အပ် ထိမ်းချုပ်လာပါတော့တယ်။ ပြည်မဟာ ဗဟိုအာဏာချက်ဖြစ်လို့ ပြည်မမှာ ဘယ်သူ နိုင်ငံတော်အာဏာကို ချုပ်ကိုင်နိုင်မလဲဆိုတာ တိုင်းရင်းသားတို့က အမြဲစောင့်ကြည့်နေရတဲ့သဘာဝကို နားလည်ဖို့လိုမယ်ထင်ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပြည်မဗိုလ်လုပွဲမှာ စစ်အာဏာရှင်တို့က အသာစီးရနေတာ ၁၉၅၈ ကထဲကနေဖြစ်နေပါတယ်။ ပြည်မနိုင်ငံရေးမှာ စစ်အုပ်စုကသာစီးရမှု့ကို အလှည့်အပြောင်းမလုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားတွေဟာ စစ်အုပ်စုရဲ့ အငြိုးတစ်ကြီးနဲ့ လက်စားချေခံရတတ်တယ်ဆိုတာ ယခု NUG,NUCC ကလူတွေ မမွေးခင်ကထဲက ဘဝအသိ့အရ သိရှိ့ကြပါတယ်။ စစ်အေးခေတ်မှာ မြန်မာပြည်မကို စစ်အုပ်စု၊စစ်အာဏာရှင် လက်ထဲထိုးအပ်လိုက်တာ အမေရိကန်ဆိုတာ စာအုပ်စာတန်းအများစုမှာ သက်သေပြပြီးဖြစ်ပါတယ်။၁၉၈၈ အာဏာသိမ်းပြီး နောက် ‌‌‌‌‌‌‌၂၀၀၈ အခြေခံ ဥပဒေအောက် ဝင်ဖို့ ဒေါက်တာကပ်ကင်းဘဲလ်လာပြီးဒေါ်အောင်ဆန်းစုကြည်ကိုတိုက်တွန်းသွားကြောင်းကိုလဲ CIA ဝန်ထမ်းဟောင်း အဲရစ်မာဖြူရဲ့”ဗမာ့အလောင်းအစား” စာအုပ်မှာ အသေအချာဖော်ပြထားပါတယ်။ ၁၉၈၈ ကနေ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကြားကာလကြီးတစ်ခုလုံးကို အိုဘားမား ရန်ကုန်အပြေးလာ၊အဘွားအစ်မကြီး လုပ်ပြသွားတာကို သတိပြု့ပါ။

ဘယ်သူလက်မည်းကြီးဆိုတာကိုပါ။ အဓိကကျတဲ့အချက်က စစ်ကိုင်း၊မကွေး၊မန္တလေး၊ပဲခူး၊ရန်ကုန်၊ဧရာဝတီ ဒေသကို ပြည်မတော်လှန်ရေးအင်အားစုများက တကယ်ထိမ်းချုပ်နိုင်စွမ်းရှိ့၊မရှိ့ဘဲဖြစ်ပါတယ်။အဆိုပါဒေသတွေမှာ ဗဟိုအာဏာချက်ရှိ့နေတာဖြစ်ပါတယ်။လူဦးရေ သန်း ၃၀ လောက်နဲ့မြို့နယ်ပေါင်း ၁၃၀ လောက်ရှိ့နေတာဖြစ်ပါတယ်။ အဆိုပါဒေသနဲ့ပြည်သူကိုထိမ်းချုပ်ထားသူလက်ထဲမှာ နိုင်ငံတော်အာဏာ ရှိ့နေမှာပဲဖြစ်ပါတယ်။ ယနေ့လက်ရှိ့အခင်းအကျင်းအရကြည့်ရင် မြန်မာပြည်မကို မဟာဗျူဟာမြောက်ထိမ်းချုပ်နိုင်တဲ့ အဆုံးအဖြတ်စစ်မြေပြင် နဲ့အဆုံးအဖြတ် စစ်ပွဲ တစ်ပွဲတောင် မစတင်နိုင်သေးတာ တွေ့ရပါတယ်။ ပြည်မမှာ စစ်အုပ်စုကို မဟာဗျူဟာ‌မြောက် ခြိမ်းခြောက်နိုင်တဲ့ ထိမ်းချုပ်နိုင်မှု့မပြနိုင်သေးသ၍ NUG နဲ့နိုင်ငံတော်အာဏာ နဲ့ သမ္မတနဲ့မိုင်၇၀၀အထက်ဝေးကွာနေဦးမှာဖြစ်ပါတယ်။တတိယနိုင်ငံရောက်နေသူတို့၊အမေရိကန်ရောက်နေသူတို့နဲ့တော့ မိုင်၇၀၀၀ လောက်ဝေးပါသေးတယ်။ခေတ်စကားနဲ့ဆို စဉ်းစားလေ ပါပဲ။ စစ်နိုင်လို့ နိုင်ငံတော်အာဏာသိမ်းမိ့ကာမှ နေကျပါဦး နော်၊အစိုးရအဖွဲ့စာရင်းမထုတ်နဲ့ဦး၊လေယဉ်လက်မှက်ဖြတ်တုန်း။စဉ်းစားလို့တောင်အစဉ် တွေပြေမနေသလိုပဲ။ ပြည်မကိုစစ်တပ်ထိမ်းချုပ်ထားသ၍ စစ်တပ်လက်ထဲမှာ နိုင်ငံတော်အာဏာ ဆက်ရှိ့နေမှာဖြစ်ပါတယ်။ နိုင်ငံတစ်ကာကလည်း မအလ ကိုသာလူရာမသွင်းပေမယ့် နိုင်ငံတစ်ခုရဲ့ အစိုးရအနေနဲ့သံတမာန်ဆက်ဆံနေတာပါပဲ။ အမေရိကန်လွတ်လပ်ရေးနေ့ အိမ်ဖြူတော်ညစာစားပွဲကို မအလခန့် သံအမတ်ကသွားတက်နေချိန်မှာ NUG ဝန်ကြီးက အိမ်ဖြူတော်ရှေ့ ခြံစည်းရိုးအပြင်ဖက်က ဓါတ်ပုံရိုက်တင်‌နေရတာ သိက္ခာကျပါတယ်။ လက်တွေ့နိုင်ငံရေးကို မလျောက်လှမ်းရင် ဆင်အဝှာဆိတ်မျှော် မကပါဘူး။ ဘာကောင်လာလာ အဝှာမျှော်ဖြစ်နေဦးမှာပါပဲ။ဟိုအမတ်၊ဒီအမတ်နဲ့ နေ့လယ်စာစားချိန်လေး လုတွေ့နေရတဲဘဝ ၄ နှစ်ကျော်လာတဲ့အတွက် ပြန်လည်စဉ်းစားသင့်ပြီထင်ပါတယ်။ ဒီအတိုင်းဆက်သွားရင် ဘာ ပရိုတိုကောလ်(သံတမန်အဆင့်အတန်း)အဆင့်အတန်း ရနိုင်မလည်း။ နိုင်ငံတစ်ကာက ဗဟိုအာဏာ၊နိုင်ငံတော်အာဏာကို ဘယ်သူထိမ်းချုပ်ထားနိုင်မလည်း စောင့်ကြည့်နေကြပါတယ်။အလားတူပဲ တိုင်းရင်းသားတို့ကလည်း ကျောက်တုံးစမ်းမိမှ မြစ်ကိုဖြတ်၊ခြေတစ်လှမ်းခြင်းလှမ်း နေကြမှာပဲဖြစ်ပါတယ်။

တိုင်းရင်းသားတို့က စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်ရက်စက်မှု့ကို ပြည်မထက် နှစ် ၆၀ လောက်ခံစားလာရလို့ စစ်အာဏာရှင်စနစ်ကို မုန်းတီးတာ၊မလိုချင်တာ ပြည်မထက်မပိုတာင် မလျှော့ပါဘူးဆိုတာ လက်ခံဖို့လိုပါတယ်။ဒါပေမယ့် ဘဝအ တွေ့အကြုံအရ ညောင်သီးလဲစား၊လေးညို့သံလဲ နားထောင် ၊ခဲမှန်းဖူးတဲ့စာသူငယ် တွေဆိုတာ မမေ့ဖို့လိုပါတယ်။ လေဘယ်ဖက်ကတိုက်သလဲ၊လေစဉ်ကြည့်ရွက်တိုက်။ပြီးခဲ့တဲ့ NUG ,MOD ဝန်ကြီးရဲ့ အင်တာဗျူးမှာစစ်အုပ်စုကသာစနစ်ပြောင်းဖို့ဆန္ဒရှိ့ရင် PDF တွေအနေနဲ့ မဆွေးနွေးနိုင်စရာမရှိ့ပါဘူးဆိုတာမျိုးရဲ့ လေကြောင်းကဘယ်လိုလည်းဆိုတဲ့မေးခွန်းကို ပေါ်ထွက်လာကြမှာပဲဖြစ်ပါတယ်။လေးညို့သံကြားပြီ၊ညောင်သီးကြည့်စား ဖြစ်ကုန်ကြမှာ သေချာပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်းကို ဖျက်ပစ်စရာမလိုပါဘူး ဆိုတာမျိုးတွေပါ။ဘာလည်း၊ဘယ် လည်း။အဖြေမရ၊အမေးရှိ့ကြမှာမဟုတ်ပါဘူး။ဘာမှမေးခွန်းမထုတ်ကြတာကိုက ကြိုတင်မျှော်မှန်း တွက်ချက်ပြင်ဆင်မှု့တွေရှိ့ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်နေ ပါတယ်။ ဒီတစ်ခါ စစ်အာဏာရှင်စနစ်ကို အပြုတ်မတိုက်နိုင်ရင် ၊တွေ့ဆုံဆွေးနွေးရေး ဒိုင်ယာလော့ခ်သွားကြရင် စစ်တပ်လိုပဲ “ခွေးမြီးကောက်၊ကျည်တောက်စွတ်”တွေပါပဲကွာ လို့ သမိုင်းအကြွေးတင်သွားတော့မှာဖြစ်ပါတယ်။ “ထင်သာထင်၊မဝင်ဖူးကျောင်းအစ်မရေ” တိုင်းရင်းသားတွေအနေနဲ့ “တစ်ခါသေဖူး၊ပျဉ်ဖိုး နားလည်”မဟုတ် တော့ပဲ “အခါခါ သေဖူး၊ပျဉ်ဖိုး မလိုက်နိုင်” ဘဝတွေ၊အဆိုး‌ကျော့သံသရာကိုအမြစ်ဖြတ်လိုကြမှာဖြစ်ပါတယ်။အလားတူ ပြည်မက ပြည်သူတွေလည်း စစ်အာဏာရှင်တို့ကို အဆက်ဖြတ်ချင်နေကြပြီဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်မယ်ဆိုတဲ့ ပြည်မက တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူတွေ ဆက်လက်တိုက်ပွဲဝင်နေမှ ၊အမှန်တစ်ကယ် အပြုတ်တိုက်နိုင်မှ တိုင်းရင်းသားတို့ဒေသကို အငြိုးတစ်ကြီး လက်စားခြေခံရတဲ့ အဆိုးကျော့သံသရာကို ဖြတ်နိုင်မယ်ဆို သတိပြု့ဖို့လိုပါတယ်။ဗမာအပါအဝင်၊ဘယ်တိုင်းရင်းသားမှ ဘဝတွေ ထပ်မခါး ချင်တော့ပါဘူး။ စစ်အုပ်စု ရွေးကောက်ပွဲ၊နိုင်ငံတစ်ကာတုံ့ပြန်မှု့ ၊ အဝေးရောက် NCGUB ဒေါက်တာ စိန်ဝင်းလိုကံကြမ္မာကြုံရနိုင်‌ချေ စသဖြင့်မသေချာတဲ့ အခြေအနေသစ်များကို ရှေ့တစ်လှမ်းတိုး အကာအကွယ်ပြု့ဖို့- ပြည်မတော်လှန်ရေးအင်အားစုတွေထဲက စစ်အာဏာရှင်တို့နဲ့

“မစေ့စပ်စတန်း”
“အပြုတ်တိုက်”
“အပြတ် ဆော်”
“စစ်အနိုင်တိုက်မယ်”ဆိုတဲ့ အင်အားစုတွေရဲ့ ရှေ့ခြေတစ်လှမ်းတိုးဖို့၊မဟာဗျူမြောက်ခြိမ်းခြောက်မှု့ ၁၀၂၇ ကဲ့သို့ တိုက်ပွဲစဉ် ဖော်ဆောင်နိုင်ဖို့ ဘယ်လိုလုပ် ပေးရင်ရတယ်ဆိုတာ အတွေ့အကြုံရှိ့ပြီးသားလို့ ယူဆပါတယ်။အချိန်ကိုက်ဖြစ်ဖို့ပါပဲ။ ဗခ ထွန်းမြတ်နိုင် အင်တာဗျူးမှာ ပြောတဲ့ ကံ၊ကံ၏အကျိုး တစ် ပတ်မလည်ဖို့ ပြတ်ပြတ်သားသား သူပုန်ဘဝကို ကူး ပြောင်းဖို့ ရွေးချယ်ရမယ့် လမ်းဆုံ၊လမ်းခွ ကို မကြာမီရောက်လာ တော့မှာဖြစ်ပါတယ်။ တစ်ခုပါပဲတစ်ချို့အ ကြောင်းအရာတွေကို ပြောတဲ့၊ဆိုတဲ့နေရာမှာ ဗခ ထွန်းမြတ်နိုင်အနေနဲ့ စကော်လာတွေရဲ့စာကိုး၊စာကားနဲ့ ပြောဆိုတာပို ဝန်ကင်းပါတယ်။ဟစ်ပိုကရက် တွေက လူဖြူတွေ ရေးထားတာ၊ပြောထားတာ၊ဟော့ဒီမှာကြည့်၊ဟော့မှာကြည့် ဆိုရင် ၊အထွန့်မတက်တတ်ကြလို့ပါ။

စိမ်းမာင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာ ဘော်သာ ဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *