စက်တင်ဘာ ၃၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်းနိုင်ငံကန်ချနပူရီခရိုင် စိုင်းဆောင်မြို့ရှိလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၀ ဦးကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက စိုင်းဆောင်အမြဲတန်းစစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ဖို့ ကြိုးပမ်းတဲ့ မသင်္ကာဖွယ်ရာ ယာဉ်လေးစီးကို ခေါင်သွန်ကျေးရွာ မူး ၃ မှာဖမ်းဆီးရမိခဲ့ပြီးရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနဲ့တရားစွဲဆိုထားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၃၀ရက်မှာဖော်ပြပါတယ်။
ရဲတပ်ဖွဲ့က ယာဉ်မောင်းနှစ်ဦးဖြစ်တဲ့ ထိုင်းနိုင်ငံသား Watcharapong, ၂၇ နှစ်, နဲ့ နိုင်ငံမဲ့Ton Rak ၂၀နှစ်တို့ကိုရွှေ့ပြောင်းအလုပ်သမားတွေကိုပို့ဆောင်ပေးမှုနဲ့ဖမ်းဆီးခဲ့ပါတယ်။
၎င်းတို့နှစ်ဦးကိုဆိုင်းထောင် ရဲစခန်းကို ပို့ဆောင်ထားပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ကူညီထောက်ပံ့မှု၊ ခိုအောင်းမှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ သတင်းကဆိုပါတယ်။