အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
မြန်မာပြည်လွတ်လပ်ရေးရပြီးကထဲက ဌာနေတိုင်းရင်းသားဒေသများ ကံဆိုးမိုးမှောင်ကြတော့သည်။ စစ်အာဏာရှင်၏ဖိနိုပ်သတ်ဖြတ်မှူ့များကြောင့်လည်းကောင်း အရာရှိ့အရာခံအကြပ်တပ်သားအများစုမှာ မြေပြန့်နေဗမာအများစုဖြစ်ခြင်းကြောင့်လည်းကောင်း အာဏာကိုလက်နက်ဖြင့်တောက်လျောက်ယူခဲ့သောစစ်အုပ်စုမှာ ပြည်မသားများသာများသည့်အတွက်ကြောင့်လည်းကောင်း တိုင်းရင်းသားလူ့အဖွဲ့အစည်းအတွင်းမြန်မာနိုင်ငံ၏စစ်တပ်ကို ဗမာစစ်တပ် ဗမာစစ်သားတွေဟု့သာခေါ်ဝေါ်ကြသည်။လက်တွေ့အရခေါ်ဆိုလာရသောအမည်ဖြစ်သည်။ တိုင်းရင်းသားတို့သည်နှစ်ပေါင်းများစွာစစ်တပ်၏ဖိ့နှိပ်မှု့ကိုလက်နက်ကိုင်နည်းလမ်းဖြင့်သာခုခံတွန်းလှန်နေရသည်မှာနှစ် ၇၀ ကျော်ပြီပင်ဖြစ်သည်။တစ်လျောက်လုံးစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကိုသာခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။ခုခံရမှု့အတွက် ပြည်သူလူထု၏ ဘဝများစွာ အိုးအိမ်ပျက် ရွာဖျက်ခံရ စစ်ရှောင်ရဖြင့် မရေမတွက်နိုင်အောင်ပေးဆပ်နေကြရသည်။ ပြောလိုသည်မှာတိုင်းရင်းသားအများစုသည်မိမိကိုယ်ကိုမိမိ ခက်ခဲစွာခုခံကာကွယ်နေရသည့်အခြေအနေဟုမြင်သည်။ မြန်မာဒီမိုဂရပ်ဖီအရ ဗမာမျိုးနွယ်စုမှာ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ဟု သန်းခေါင်စာရင်းများအရသိရသည်။ကျန်သည့်မျိုးနွယ်စုများမှာ ကရင်နှင့် ရှမ်းမှလွဲ၍ လူနည်းစုများသာဖြစ်သည်။ အချို့မှာ သိန်း ဂဏန်းသာရှိ့ကြသည်။ လူဦးရေအချိုးအစား လက်နက်ရုပ်ဝတ္ထုအမျိူးအစား လုံးဝမညီပဲ အချိုးမညီစစ်ပွဲကို ခုခံနေကြရခြင်းဖြစ်သည်။ မြန်မာပြည်မ မှအာဏာဗဟိုချက်သည် ပဒေသရာဇ်ခေတ်ကလည်း လက်နက်နိုင်ငံတော်ဖြစ်သလို ယနေ့ထိလည်းလက်နက်နိုင်ငံတော်ပင်ဖြစ်နေသည်။နိုင်ငံရေးစနစ်မည်မျှပင်ပြောဆိုနေသောလည်းလက်နက်သည်အခရာဖြစ်နေသည်။ ပဒေသရာဇ်ခေတ်ကလည်း သားကအဖေထံ ညီကအစ်ကိုထံ မြို့စားကနန်းတော်ထံမှအာဏာကိုလက်နက်ဖြင့်သာလုယူကြသည်။မင်းညီမင်းသားများကကျေးလက်တွင်ဗိုလ်ဝင်ခံပြီး ထီးနန်းလု့ကြသည်။ပြည်သူကလည်းသူရဲကောင်းမျှော်သည် သူရဲကောင်းနောက်လိုက်ကြသည်။
ဗမာမျိုးနွယ်စုတော်လှန်ရေးဒီရေမြင့်လာလို့ ဒီပွဲနိုင်ပြီ
————————————————-
(မုံရွာမှာစတင်အပစ်ခံရပြီး ကနီနယ်မှာ ဗိုလ်မှုးကားတစ်စီးအတိုက်ခံရပြီးနောက် ကနီကိုစစ်ကောင်စီက စစ်သား၄၀လောက်ပို့ပြီးဖိ့နှိပ်ရာကနေ အညာဒေသ ခုခံတိုက်ခိုက်မှု့စတင်ပါတယ်။ကနီသားမိတ်ဆွေတစ်ဦးနဲ့စကားပြောရင်း ထိုစဉ်ကခေတ်စားနေတဲ့တိုင်းရင်းသားတပ်တွေနဲ့NUG ပေါင်းပြီးပြည်မကိုနေချင်းညချင်းသိမ်းစေချင်တဲ့လိုင်းဆွေးနွေးပါတယ်။ကျွန်တော်ကမဖြစ်နိုင်ဘူး တိုင်းရင်းသားတွေမှာ လူသားအရင်းအမြစ်နည်းတယ်။လူတစ်သောင်းကျသွားလို့ထပ်ဖြည့်ဖို့ခက်မယ်။ကျွန်တော်တို့မွန်ဆိုသိန်းဂဏန်းရှိ့တာ တစ်သောင်းကျသွားရင် မွန်မလေးတွေတစ်သောင်းအပျိုကြီးဖြစ်ကုန်မယ်။ ခင်ဗျားတို့ဗမာကသန်းချီတယ်။သိန်းချီဖြည့်ဖို့လူသားအရင်းအမြစ်ရှိ့တယ်။ဗမာတွေပုန်ကန်မှအောင်မြင်မှာလို့ဆွေးနွေးပါတယ်။သိပ်သဘောမတူလို့၊၊ဘာလည်ဗျ အညာမှာစစ်ကြောင့် အနိဌာရုံတွေမဖြစ်စေချင်တာလားလို့မေးတော့။အဲ့ဒါတော့ဟုတ်တယ် မဖြစ်စေချင်ဘူးဗျာလို့ဖြေပါတယ်။ ထူးဆန်းတာအလားတူအဖြေကို ဝါရင့်နိုင်ငံရေးသမားအချို့ကလည်းဗြောင်ဖြေတာကြားရပါတယ်။သူတို့ကတိုင်းရင်းသားတွေစုပေါင်းပြီး ပြည်မကိုသိမ်းစေချင်နေတာပါပဲ။အခုနွေဦးတော်လှန်ရေး အောင်မြင်မှု့ဆီဦးတည်လာတာဗမာလူမျိုးစု ကိုယ်တိုင် စစ်တပ်ကိုခုခံလာတာလည်းအရေးပါတဲ့သော့ချက်ဖြစ်ပါတယ်။
ဗိုလ်ချူပ်ဂွမ်မော်ရှင်းလင်းချက်နဲ့ မေလနဲ့ဧပြီလပိုင်းကရေးခဲ့တဲ့ ဗမာတော်လှန်မှဖြစ်မယ့်အကြောင်းပူးတွဲတင်ပြအပ်ပါတယ်ဗျ။)
ဝေဖန်ဖို့ပါ။
ပြည်မသားများအတွက်နိုးဆော်စာ
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
🇧🇫ကျွန်တော်နဲ့အတူစားအတူနေတဲ့ KIA ရဲဘော်သူငယ်ချင်းအချို့က မင်းကဗမာအကြိုက်စာအရမ်းရေးတတ်တယ်နော်..ကချင်လိုတောင်မရေးတော့ဘူး..မင်းအဲဒီအောက်သားတွေရဲ့ Cm တွေနဲ့သာယာနေတာလား? ငါကတော့လုံးဝမယုံဘူး..အခြေအနေတစ်ခုကြောင့်သာငါတို့ KIA တွေကိုအားကိုးနေတာ..ငါတို့ KIA လူကြီးတွေလဲ ဘယ်လိုတွေတွေးနေကြလဲ မသိပါဘူး..ကိုယ့်အရေးကိုအပြီးမသတ်နိုင်ဘူး…တစ်နိုင်ငံလုံးအရေးကို လျှာရှယ်ပြီးဝန်ထမ်းနေကြတယ်…ဖင်မနိုင်ပဲဟင်းစားရတော့မယ်.. ဒီတစ်ခါနောက်တစ်ကြိမ်အကွက်ကြီးကြီး ထပ်ရွှေ့မှားနေပြီလို့မြင်နေတယ်..ရခိုင်တွေရဲ့ရပ်တည်ချက်လိုဖြစ်ရမှာတဲ့..အားမလိုအားမရဖြစ်နေတဲ့ KIA ရဲဘော်တွေရှိသလို ကချင်ပြည်သူများလည်းထိုနည်းတူအမျိုးမျိုးဝေဖန်သုံးသပ်သူများရှိနေကြပါတယ်။ကျွန်တော်ပင်လျှင်အဆစ်ပါပြောခံထိပါတယ်။ထားလိုက်ပါ ..ကျွန်တော့ကိုဘာဘဲ ပြောပြော ဗွေမယူပါဘူး..တော်လှန်ရေးကြီးအောင်မြင်ဖို့သာအရေးကြီးပါတာပါ။
🇧🇫ကျွန်တော်နိုင်ငံရေးအကြောင်းအများကြီးနားမလည်ပေမဲ့..အခုလိုကျွန်တော်တို့ KIA လူကြီးများ၏ဆုံးဖြတ်ချက်နှင့်ရပ်တည်ချက်ကို ၁၀၀% ထောက်ခံပါတယ်။အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်တို့ကချင်တွေဟာ နှစ်ပေါင်း ၆၀ ကျော်ကြိုးစားခဲ့တဲ့တော်လှန်ရေးကြီးကိုအဆုံးသတ်ကာ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အုပ်ချုပ်ခွင့်ရပြည်နယ်ကြီးအဖြစ်မိမိတို့ဘက်မှတစ်ဖက်သတ် ကြေငြာကာ မိမိတို့ကံကြမ္မာကို မိမိတို့ဖန်တီးနိုင်ဖို့ရန် မဟာစီမံကိန်းကြီးရေးဆွဲကာပြင်ဆင်နေသည်မှာနှစ်ပေါင်းမနည်းတော့ပါ။ဤမဟာစီမံကိန်းကြီးအတွက်နိုင်ငံရေးအမျှော်အမြင်ရှိသောကချင်လူငယ်မြောက်မြားစွာအား နိုင်ငံခြားသို့ပညာတော်သင်စေလွတ်ခဲ့သလို ပညာစုံကာပြန်လာကြသောလူငယ်မြောက်မြားစွာကိုလည်းမွေးထုတ်ထားပြီးဖြစ်ပါတယ်။ အစိုးရတစ်ခုအဖြစ်ရပ်တည်ရာတွင် လိုအပ်သောယန္တယားများစုံညီနေပြီဖြစ်ပြီး တင်းပြည်မှီသော အဆင့်သို့ရောက်ရှိနိုင်ရန်လိုအပ်သည်များကို ထပ်မံကြိုးစားပြင်ဆင်နေချိန်တွင် ဆိုင်းမဆင့်ဘုံမဆင့် နွေဦးတော်လှန်ရေးကြီးဖြစ်ပေါ်လာတော့ ကျွန်တော်တို့ KIA ခေါင်းဆောင်တွေခေါင်းခြောက်ကြသည်မှာအမှန်ပါ။အဖြေကကျွန်တော်တို့အချိန်မကျသေးချိန်ပါ..လူ့အကြံအစည်ထက်ဘုရား၏အကြံအစည်သာလွန်ကြောင်းလည်းသက်သေပါ။
🇧🇫KIA ကတော့ ဗဟိုကော်မတီ၏ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်ဖြင့်နွေဦးတော်လှန်ရေးတွင်ခြေစုံပစ်ပါဝင်လာပါတော့သည်။ လက်ခံကြိုဆိုသည့်ကချင်ပြည်သူများရှိသလို လက်မခံသည့် ကချင်ပြည်သူများစွာရှိခဲ့သော်လည်း March လ ၂ ရက်နေ့မှစတင်၍အပြစ်မဲ့ပြည်သူများအားနေ့စဥ်နှင့်အမျှ ရက်စက်စွာ ပစ်သတ်နေသည့် စကစများအားလက်စားခြေရန်နှင့် မြန်မာပြည်သူတစ်ရပ်လုံး၏ အရေးတွင်တစ်ဖက်တစ်လှမ်းမှပါဝင်ရန် သက်သေပြသောအနေဖြင့် ထိုးစစ်စစ်ဆင်တိုက်ပွဲဝင်ခဲ့ကြပါသည်။မိမိတို့ KIAရဲဘော်များပင်လျှင် KIA ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များကိုနားမလည်နိုင်ခဲ့ကြပါ… NUG မဖွဲ့စည်းခင်ကစ မိမိတို့အကျိုးအမြတ်ကိုထည့်တွက်ခြင်းမရှိမိမိတို့ဘက်၌ ထိခိုက်နစ်နာမှုများစွာရှိလာနိုင်သည်ကိုသိသိကြီးဖြင့် နွေဦးတော်လှန်ရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြပါတယ်။စေတနာအကျိုး၏ ရောင်ပြန်ဟတ်မှုကတော့ မြန်မာ့သမိုင်းတွင်တစ်ကြိမ်တစ်ခါမှမရရှိဖူးသော ပြည်မဘက်မှမြန်မာပြည်သူတစ်ရပ်လုံး၏မေတ္တာ ယုံကြည်မှု၊ အားကိုးမှု များ KIA အပေါ်သက်ရောက်လာပါတော့သည်။
🇧🇫မြန်မာပြည်သူတစ်ရပ်လုံး၏ မေတ္တာရရှိလာမှုအား KIA ရဲဘော်များသာမက ကချင်ပြည်သူတစ်ရပ်လုံးကလည်းအံ့သြခြင်းနှင့်အတူဝမ်းသာပီတိဖြစ်ကြရပါတယ်။အစပိုင်းမှာ နားမလည်ခဲ့ကြသော ကချင်ပြည်သူများနားလည်လာကြတယ်။တစ်နိုင်ငံလုံး၏အင်အားဖြင့်ဝိုင်းဝန်းတော်လှန်မှသာ ဤစနစ်ဆိုးကြီးပပြောက်နိုင်မှာဖြစ်ကြောင်းပိုမိုသိလာကြတယ်။သို့ရာတွင်နွေဦးတော်လှန်ရေးဟာကျွန်တော်တို့ KIAများအစွမ်းကြောင့်သာအောင်မြင်မှုရရှိအောင်လုပ်ဆောင်နိုင်မည်မဟုတ်ပါ..ကျွန်တော်တို့ကချင်တွေဟာသန်းခေါင်စရင်းအရ လူမျိုးစု ခုနှစ်မျိုးပေါင်းခဲ့လျှင်တောင် တစ်သန်းမပြည့်တဲ့လူမျိုးတွေပါ…ဒီကြားထဲ စကစ၏ သွေးခွဲမှုအောက်ပါသွား သည့် ပြည်သူ့စစ် အဖွဲ့အစည်းများလည်းရှိနေပါသေးသည်။ဗမာလူမျိုးများဟာ သန်း ၄၀ နှင့်အထက်ရှိနိုင်ပါတယ်။အဆပေါင်း၄၀သာလွန်သော ဗမာလူမျိုးများ၏အင်အားဟာ ပို၍ အဓိကကျ အရေးပါလှပါတယ်။ကျွန်တော်တို့ဟာလူနည်းစုတွေပါ။နွေဦးတော်လှန်ရေးအတွက် မည်သူ့တိုက်တွန်းခြင်းမှမပါဘဲ မိမိတို့သွားမည့်လမ်းကြောင်းများကိုလွဲကာမြန်မာပြည်သူတစ်ရပ်လုံးနှင့်အတူလျှောက်ရဲရခြင်းမှာ စစ်အာဏာရှင်စနစ်အပြီးတိုင်ပပြောက်ဖို့ရန်ကြီးမားသည့်ရည်ရွယ်ချက်ခြင်းတူညီသွားသောကြောင့်သာဖြစ်သည်။
🇧🇫နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ ဗမာလူမျိုးများ၏ ကြီးမားသောလူထုဆန္ဒ ထုတ်ဖော်မှုများ …ရရာလေးဂွများဖြင့်ပင်အသက်ပေးတိုက်ခိုက်ခဲ့ကြသည့် Gen Z များ၏ ပြင်းထန်သော နာကြည်းသောတော်လှန်ရေးစိတ်ဓါတ်များဟာ ကျွန်တော်တို့ KIA ခေါင်းဆောင်များ၏ နုလုံးသားကိုပင်လုပ်ရန်းနိုင်ခဲ့ကြပါတယ်။ Gen Z များ၏လုပ်ရှားမှုများ၊ CDMလုပ်ခြင်းဖြင့် အနစ်နာခံပေးဆပ်ကြသောဝန်ထမ်းများ၊ မိမိတို့၏သားကောင်းရတနာများအား လွတ်မြောက်ရာနေရာများဆီသို့ သွေးကျွေးဆပ်ရန် သတ္တိရှိရှိစေလွတ်ပေးခဲ့ကြသောမိဘများ..သတင်းမီဒီယာအဖြင့် ကမ္ဘာကသိရှိအောင် လုပ်ဆောင်နေကြသူများ၊ တော်လှန်ရေးကြီးအောင်မြင်ဖို့ ရိက္ခာ,အလှူငွေများဖြင့်ထောက်ပံ့ကူညီပေးကြသူများစသည်ဖြင့်ဘက်ပေါင်းစုံမှပါဝင်လုပ်ရှားနေသည်မှာလည်းတော်လှန်ရေးအတွက်များစွာအထောက်အကူဖြစ်စေပါသည်။တော်လှန်ရေးစိတ်ဓါတ်ပြင်းထန်နေသော်လည်းလက်တွေ့ပါဝင်မှုမရှိသေးသူများကိုလည်းအမြန်ဆုံးပါဝင်လာရန်ဖိတ်ခေါ်ပါတယ်။တောင်တန်းနှင့် ပြည်မတစ်ဦးတစ်ယောက်မကျန်ဝိုင်းဝန်းတော်လှန်မှသာလျှင် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းပနိုင်မည်ဖြစ်သောကြောင့် သန်း ၄၀ ကျော်သောပြည်မဘက်ကအမျိုးများအား ယုံကြည်လေးစားမှု ၊အားကိုးမှုနှင့်အတူ ထပ်မံနိုးဆော်လိုက်ပါတယ်။
🇧🇫KIA နှင့်ကချင်ပြည်သူများကတော့ဘုရင့်နောင်ဖောင်ဖျက်ပြီးသားပါ။
©️Gidawn Brang
(စက်တင်ဘာ ၂၉ တွင်ကူးယူပါသည်)
ဗမာ့သွေးပြကြရန်အချိန်တန်ပြီ
မဟုတ်လျှင် ဂိုတ်ပဲ့မည်
———————————————။ မေ ၁၂
မြန်မာပြည်လွတ်လပ်ရေးရပြီးကထဲက ဌာနေတိုင်းရင်းသားဒေသများ ကံဆိုးမိုးမှောင်ကြတော့သည်။ စစ်အာဏာရှင်၏ဖိနိုပ်သတ်ဖြတ်မှူ့များကြောင့်လည်းကောင်း အရာရှိ့အရာခံအကြပ်တပ်သားအများစုမှာ မြေပြန့်နေဗမာအများစုဖြစ်ခြင်းကြောင့်လည်းကောင်း အာဏာကိုလက်နက်ဖြင့်တောက်လျောက်ယူခဲ့သောစစ်အုပ်စုမှာ ပြည်မသားများသာများသည့်အတွက်ကြောင့်လည်းကောင်း တိုင်းရင်းသားလူ့အဖွဲ့အစည်းအတွင်းမြန်မာနိုင်ငံ၏စစ်တပ်ကို ဗမာစစ်တပ် ဗမာစစ်သားတွေဟု့သာခေါ်ဝေါ်ကြသည်။လက်တွေ့အရခေါ်ဆိုလာရသောအမည်ဖြစ်သည်။ တိုင်းရင်းသားတို့သည်နှစ်ပေါင်းများစွာစစ်တပ်၏ဖိ့နှိပ်မှု့ကိုလက်နက်ကိုင်နည်းလမ်းဖြင့်သာခုခံတွန်းလှန်နေရသည်မှာနှစ် ၇၀ ကျော်ပြီပင်ဖြစ်သည်။တစ်လျောက်လုံးစစ်တပ်၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကိုသာခုခံတိုက်ခိုက်နေရခြင်းဖြစ်သည်။ခုခံရမှု့အတွက် ပြည်သူလူထု၏ ဘဝများစွာ အိုးအိမ်ပျက် ရွာဖျက်ခံရ စစ်ရှောင်ရဖြင့် မရေမတွက်နိုင်အောင်ပေးဆပ်နေကြရသည်။ ပြောလိုသည်မှာတိုင်းရင်းသားအများစုသည်မိမိကိုယ်ကိုမိမိ ခက်ခဲစွာခုခံကာကွယ်နေရသည့်အခြေအနေဟုမြင်သည်။ မြန်မာဒီမိုဂရပ်ဖီအရ ဗမာမျိုးနွယ်စုမှာ လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ဟု သန်းခေါင်စာရင်းများအရသိရသည်။ကျန်သည့်မျိုးနွယ်စုများမှာ ကရင်နှင့် ရှမ်းမှလွဲ၍ လူနည်းစုများသာဖြစ်သည်။ အချို့မှာ သိန်း ဂဏန်းသာရှိ့ကြသည်။ လူဦးရေအချိုးအစား လက်နက်ရုပ်ဝတ္ထုအမျိူးအစား လုံးဝမညီပဲ အချိုးမညီစစ်ပွဲကို ခုခံနေကြရခြင်းဖြစ်သည်။ မြန်မာပြည်မ မှအာဏာဗဟိုချက်သည် ပဒေသရာဇ်ခေတ်ကလည်း လက်နက်နိုင်ငံတော်ဖြစ်သလို ယနေ့ထိလည်းလက်နက်နိုင်ငံတော်ပင်ဖြစ်နေသည်။နိုင်ငံရေးစနစ်မည်မျှပင်ပြောဆိုနေသောလည်းလက်နက်သည်အခရာဖြစ်နေသည်။ ပဒေသရာဇ်ခေတ်ကလည်း သားကအဖေထံ ညီကအစ်ကိုထံ မြို့စားကနန်းတော်ထံမှအာဏာကိုလက်နက်ဖြင့်သာလုယူကြသည်။မင်းညီမင်းသားများကကျေးလက်တွင်ဗိုလ်ဝင်ခံပြီး ထီးနန်းလု့ကြသည်။ပြည်သူကလည်းသူရဲကောင်းမျှော်သည် သူရဲကောင်းနောက်လိုက်ကြသည်။
ထိုစဉ်ကထဲကတိုင်းရင်းသားများမှာ ပြည်မထီးနန်းနှင့်လိုက်လျောညီထွေနေနေကြရသည်။မနေပါကလည်းရက်စက်စွာဖိ့နှိပ်ခံကြရသည်။အင်္ဂလိပ်လက်အောက်တွင်အတန်အသင့်ပြည်မဖိ့နှိပ်မှု့မှသက်သာခွင့်ရသော်လည်း လွတ်လပ်ရေးရပြီးသည်နှင့် ပြည်မမှလက်နက်နှင့်ဖိ့နှိပ်မှု့ကို ယနေထိ့ခုခံကာကွယ်နေရသည်။ ပြည်မသည်လည်း လက်နက်ဖြင့် အာဏာယူမှု့အပေါ်တွင် နောက်ဆုံးအနိုင်ရဖိ့နှိပ်လာပါက ဆက်လက်တွန်းလှန်ခြင်းထက် မကြာခဏဝပ်စင်းသွားကြသည်။ဘာသာရေးအဆောက်အဦးမှာလည်း နိုင်သည့်ဘုရင် သာသနာပြု့ဘုရင်အဖြစ်ပင်လက်ခံလိုက်တတ်သည်။ ယခုအခါတွင် ဒီမိုကရေစီခရီးလမ်းဖြောင့်ရန်လမ်းစပေါ်စတွင်ပင်စစ်တပ်မှအာဏာသိမ်းလမ်းပိတ်ပစ်လိုက်သည်။တစ်နိုင်ငံလုံးသန်းချီဆန္ဒပြကြသည်။ယခုနောက်ပိုင်းစစ်တပ်မှရက်စက် ကြမ်းတမ်းစွာဖိနှိပ်လာသည်။တိုင်းရင်းသားများကိုမျော်လင့်အကူအညီတောင်းလာကြသည်။ ဤနေရာတွင်တိုင်းရင်းသားများသည်ပင်လျင် မိမိကိုယ်ကိုခုခံကာကွယ်နေရသည့်အခြေအနေကိုထည့်တွက်ရန်ဖြစ်သည်။ တိုင်းရင်းသားများသည်အင်အားခြင်းမမျှသော်လည်း မတတ်သာသည့်အဆုံးလက်နက်ကိုင်ခုခံနေကြရသည်။ ယခုအခါအာဏာသိမ်းစစ်တပ်သည် ပြည်မဗမာအများစုနေရာများတွင်ရက်စက်စွာပစ်ခတ်သတ်ဖြတ်နေသည် တိုင်းရင်းသားဒေသများတွင်လည်းအစဉ်အလာအတိုင်းသတ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်များသည်စစ်တပ်စိုးမိုးရာ မြို့ရွာများရှိ့ မိမိလူမျိုးနွယ်များပင် မကာကွယ်နိုင်ဖြစ်နေသည်ကိုထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ သမိုင်းတွင်အကြမ်းဖျင်းမြင်ရသလောက် ဗမာမျိူးနွယ်စုသည် ဗမာစစ်ပဒေသရာဇ်စနစ်ကိုအံတုဗလ ဖက်ပြိုင်ခြင်း ပုန်ကန်တိုက်ခိုက်ခြင်း၌ စိတ်အားထက်သန်မှု့မရှိ့ဟု့မြင်ရသည်။
ဗမာစစ်ပဒေသရာဇ်အုပ်စိုးသူတို့ဖိ့နှိပ်မှု့ပြင်းထန်လာလျှင် ပုန်ကန်သောမင်းညီမင်းသားများရှုံးနိမ့်လျှင်တောင်ပေါ်သို့ထွက်ပြေးတိမ်းရှောင်ခြင်းအစဉ်အလာသည် ၂၁ ရာစုထိ့တိုင်အစဉ်အလာလိုဖြစ်နေသည်ကိုတွေ့ရသည်။ လူဦးရေရာခိုင်နှူန်း အချိုးအစားနည်းလှလွန်းသော မိမိကိုယ်ကိုမနဲခုခံကာကွယ်နေရသောတိုင်းရင်းသားများမှာ လူဦးရေအချိုးးအစား၏၆၀ ကျော် ၇၀ ရာခိုင်နှုန်းရှိ့သောပြည်မနှင့် ဗမာမျိုးနွယ်စုအတွက် ခုခံတိုက်ပွဲဝင်ရန် အင်အားမလုံလောက်သည်မှာမြင်သာလှသည်။ နောက် မြေပြန့်ဆင်းလာကြရန်ဆိုသည်မှာ မမျှော်လင့်မိ့ဟု့ မြင်မိ့သည်။မိမိကိုယ်ကိုခုခံကာကွယ်ရေးကို ပိုမိုတိုးတက်အောင်သာအမြင့်ဆုံးလုပ်နိုင်မည်ယူဆသည်။ထို့အပြင်လူနည်းစုတိုင်းရင်းသားလူငယ်တစ်သောင်းကျဆုံးလျှင်နောက်ထပ်တစ်သောင်းထပ်ဖြည့်ရန် လူစွမ်းအားအရင်းအမြစ်မရှိ့သည်ကိုလည်းထည့်တွက်ကြရမည်ဖြစ်သည်။ ပြသနာနှင့်အဖြေမှာဗမာမျိုးနွယ်စုကိုယ်၌က ဗမာစစ်ပဒေသရာဇ်အာဏာရှင်စနစ်ကိုအံတုဗလပြု့ရန်သတ္တိ အစွန်းအစ စိတ်ဓါတ်ရှိ့မရှိ့ ဆန္ဒရှိ့မရှိ့ပင်ဖြစ်သည်။ လူ ၁၀၀ လျှင် လူ ၆၀, ၇၀ ရှိ့သော မျိုးနွယ်စုကြီးက လူ၁၀၀ လျှင် ၃ယောက် ၄ယောက်သာအချိုးအစားရှိ့သောမျိုးနွယ်စုများ၏အကူအညီကိုမျှော်နေရခြင်းသက်သက်ဖြင့် စစ်ပဒေသရာဇ်စနစ်အဆုံးသတ်ရေးအလှန်းဝေးလွန်းလှသည်ဟု့မြင်မိ့သည်။ ဗမာလူမျိုးကြီးဝါဒီ စစ်ပဒေသရာဇ်ကို ဗမာမျိုးနွယ်စုမှ တိုးတက်သောဒီမိုကရက်တစ်များကတွန်းလှန်တိုက်ပွဲဝင်မှသာအမြစ်ပြတ်မည်မြင်မိ့သည်။ ဗမာမျိုးနွယ်စု၏ ဇာတိသွေးဇာတိ့မာန်ဆိုသည်မှာ စစ်ပဒေသရာဇ်များ၏ ရှေ့မှောက်တွင် ကျဆုံးဝပ်စင်းသွားမည်ဟုတော့မယူဆနိုင်သေးပေ။
စိမ်းမောင်