အောက်တိုဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ကန်ချနပူရီ အာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ်အနီးမှာပျောက်ဆုံးသွားတဲ့ဗြိတိန်ဆယ်ကျော်သက် လူငယ်လေး Lawrence Stallard Honour ကို ရှာဖွေနေကြတယ်လို့ The Nation သတင်းက အောက်တိုဘာ ၃ ရက်မှာဖော်ပြပါတယ်။ ကန်ချနပူရီ အုပ်ချုပ်ရေးမှူး Athisan Intara က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပတ္တယားပြည်နယ် ပတ္တရားမြို့မှာ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Lawrence Stallard Honour ကို အောက်တိုဘာ ၂ရက်နေ့ကအပြင်းအထန် ရှာဖွေခဲ့တာဖြစ်ပါတယ်။
ချောင်ဘူရီမှာနေထိုင်တဲ့ ထိုင်း-ရုရှားမိခင်က သူ့သားဘယ်ရောက်နေလဲဆိုတာကို စိုးရိမ်တဲ့အကြောင်း ပတ္တယားမှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အနီး ကန်ချနပူရီပြည်နယ် Sangkhla Buri ခရိုင်အနီးမှာ သူ့ရဲ့အီးမေးလ်လုပ်ဆောင်ချက်ကို တွေ့ရှိရတဲ့အခါ သူ့ရဲ့စိုးရိမ်ပူပန်မှုဟာ နက်ရှိုင်းလာတာဖြစ်ပါတယ်။ ကန်ချနပူရီ အာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ်အနီးမှာပျောက်ဆုံးသွားတဲ့ ဗြိတိန်ဆယ်ကျော်သက် လူငယ်လေး Lawrence Stallard Honour ကို ရှာဖွေနေကြတယ်လို့သိရပါတယ်။ ကန်ချနပူရီ အုပ်ချုပ်ရေးမှူး ကစက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က Sangkhla Buri အပန်းဖြေစခန်းကနေ Lawrence ဟာ လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည် ၀တ်ပြီး ကျောပိုးအိတ်ကို ကိုင်ဆောင်ထားတဲ့ပုံကိုCCTV မှတ်တမ်းကနေရရှိပြီးနောက် လုံခြုံရေးအေဂျင်စီတွေနဲ့ နယ်ခြားစောင့်တပ်အားလုံးကို အရှိန်အဟုန်ပြင်းစွာ ရှာဖွေကြဖို့အမိန့်ပေးခဲ့ပါတယ်။
အဲဒိနေ့မှာပဲ Lawrence ဟာဖုန်းပြောနေစဉ် မြန်မာနိုင်ငံဘက်က ဘုရားသုံးဆူမြို့ ဖြတ်ကူးဖို့ ကြိုးပမ်းခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒိအချိန်က နယ်စပ်ဖြတ်ကျော်တာကို ခွင့်မပြုဘူးလို့အာဏာပိုင်တွေက ကြားဝင်တားဆီးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ Lawrence ဟာ ခြံစည်းရိုးကို ဖြတ်ကျော်ဖို့ထပ်မံကြိုးစားခဲ့ပြီး အာဏာပိုင်တွေက သူ့ကို ဘတ်စ်ကားပေါ် ပြန်တက်ဖို့တောင်းဆိုခဲ့ပါတယ်။ နောက်တော့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီးကွန်ပြူတာ အဆင့်မြင့်ကျွမ်းကျင်တဲ့ သားဖြစ်သူဟာ လိမ်လည်လှည့်စားသူတွေရဲ့သားကောင်ဖြစ်သွားနိုင်တယ်လို့ မိခင်က သံသယရှိပြီး မြန်မာနိုင်ငံအခြေစိုက် ခေါ်ဆိုရေးစင်တာဂိုဏ်းတစ်ခုနဲ့ အလုပ်လုပ်ဖို့နယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့ သွေးဆောင်ခံခဲ့ရတာလည်းဖြစ်နိုင်တယ်လို့သတင်းကဆိုပါတယ်။
ဒါ့အပြင် Lawrence ဟာ Sai Yok Noi ရေတံခွန်အနီးရှိ Sangkhla Buri ကိုကျောင်းဆရာတစ်ဦးနဲ့အတူ လိုက်ပါသွားတယ်လို့သတင်းရရှိပါတယ်။ အာဏာပိုင်တွေကလက်ရှိမှာ အဆိုပါဆရာအကြောင်းကိုထပ်မံသိရှိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ကန်ချနာဘူရီပြည်နယ်အကြီးအကဲ Somboon Pansomboon က Kanchanaburi၊ Tha Makham ခရိုင်မှာ Lawrence ကိုတွေ့ရှိခဲ့တယ်လို့ဆိုပြီး Facebook က ဦးဆောင်သူတစ်ဦးကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဏာပိုင်တွေက ဒေသခံတွေ၊ တည်းခိုနေထိုင်သူတွေနဲ့ခရီးသွားရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တွေကိုမေးမြန်းခဲ့ရာမှာ ဘယ်သူကမှအတည်မပြုနိုင်ပါဘူး။ ကန်ချနပူရီခရိုင်က ရွာသူကြီးတွေနဲ့ ဒေသခံခေါင်းဆောင်တွေကို ဖော်ပြချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံခြားသားတစ်ယောက်ကို တွေ့ရင် ချက်ချင်း သတင်းပို့ဖို့ တိုက်တွန်းထားပါတယ်။ Lawrence ရဲ့ တည်နေရာနှင့် ပတ်သက်တဲ့အချက်အလက် ရှိသူတိုင်းကို အရေးပေါ် ဝန်ဆောင်မှု 191 သို့မဟုတ် Sangkhla Buri ရဲစခန်း 0-3459-5300 ကို ဆက်သွယ်ကြဖိုတိုက်တွန်းထားပါတယ်။