မြဝတီမြို့ကအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့စစ်ဘေးရှောင် လူဦးရေဟာ၃၀၀၀ နီးပါးအထိ မြင့်တက်လာပြီး အစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေ

အောက်တိုဘာ ၄၊ ၂၀၂၅။သောင်ရင်းသတင်းလွှာ

ကရင်ပြည်နယ် မြဝတီမြို့မှာမြန်မာစစ်တပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး/ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင်​ြ ကျေးရွာပေါင်း ၁၃ ရွာကအရပ်သားတွေနေရပ်စွန့်ခွာခဲ့ကြရပြီး တာ့ခ်ပြည်နယ် မဟာဝမ်ခရိုင် မဲဆောက်ခရိုင် အရှေ့ဘက် သောင်ရင်းမြစ်အနီး မြန်မာဘက်ခြမ်းမှာ ခိုလှုံနေကြရတယ်လို့ Thai Enquirer သတင်းက အောက်တိုဘာ ၄ ရက်မှာ​ဖော်ပြပါတယ်။


အခုအခါ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ လူဦးရေ ၃၀၀၀ နီးပါးအထိ မြင့်တက်လာပြီး အစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့လည်းသတင်းကဆိုပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *