အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းမှာ မြန်မာပြည်ပို့ဖို့သယ်လာတဲ့ လက်နက်ကြီးကျည်တွေကို ထိုင်းအာဏာပိုင်တွေဘက်က ဖမ်းမိထားတယ်လို့ သိရပါတယ်။
မနေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်က မြန်မာပြည်အတွက် လက်နက်ကြီးကျည်တွေ သယ်ဆောင်လာတဲ့ ကားကို မဲဆောက်အဝင် တာ့ခ်ခရိုင်၊ ဝှေးယားဟူးစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့တာလို့သိရပါတယ်။
“အဖွဲ့စုံနဲ့ မိသွားတာ။ ပစ္စည်းပိုင်ရှင် မြန်မာဘက်ကလူတွေ ရင်မောရတာပေါ့။
ကားကို မဲဆောက်ခေါ်လာပြီး အဖွဲ့စုံရှေ့မှာ သိမ်းလိုက်တာ။
ထိုင်းလူမျိုး၂ဦးကို လက်နက်မှောင်ခိုသယ်တဲ့အမှုနဲ့ အခု ဖမ်းဆီးစစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဖော်နေတယ်”လို့ ထိုင်းရောက်မြန်မာတဦးကပြောပါတယ်။
ဖမ်းမိထားတဲ့ ခဲယမ်းတွေက ၈၁ မီလီမီတာ လောင်ချာကျည် (၄၀)လုံး၊ ၄၀ မီလီမီတာ အာပီဂျီကျည်ထိပ်ဖူး(၂၅) တောင့်၊ ပို့ယမ်း (၂၅) ခု၊ ၅.၅၆ မီလီမီတာကျည်(၁၆၄၀)တောင့် တို့ဖြစ်တယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #မဲဆောက် #ထိုင်း #ခဲယမ်းတွေ #ဖမ်းမိ