လူထုတိုက်ပွဲရဲ့ အဓိက ဦးတည်လှုပ်ရှားမှု ၃ ရပ်
===================
အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
“တရုတ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ အတုကြီး” နဲ့ ထွက်ပေါက်ရှာနေတဲ့ စစ်အုပ်စုကို လူထုအားနဲ့ ဆန့်ကျင်တိုက်ဖျက်ကြရပါ့မယ်။ လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲ ၊ လူငယ်၊ လူရွယ်မှန်သမျှကို အဓမ္မဖမ်းဆီး အသေခံခိုင်းပြီး မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကို အားနည်းချိနဲ့အောင် လူထုအားနဲ့ တိုက်ပွဲဝင်ကြရပါ့မယ်။ ဒါကြောင့် ဒီကာလအတွက် လူထုတိုက်ပွဲရဲ့ အဓိက ဦးတည်ချက် ၃ ရပ်ကို လူထုထံတင်ပြ လိုက်ရပါတယ်။ ဒီ ဦးတည်ချက် ၃ ရပ်ကို ပြည်သူလူထုကြီးတရပ်လုံးနှင့် တကွ တော်လှန်ရေးအင်အားစုများ စုပေါင်းညီညွတ်စွာနဲ့ တိုက်ပွဲဝင်ကြပါစို့ခင်ဗျာ..
– ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး …ဒို့အရေး
– အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး ….ဒို့အရေး
– တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး ..ဒို့အရေး
#FreeallPolitcalPrisoner
#SU
#lootmyaukyar
#SayNo_JustTrap
#GSCB