အောက်တိုဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
သတင်းတု သတင်းမှားဖြန့်တဲ့ ကောလဟလဖြန့်ချီရေး၊ရန်သူ့အာဘော် ဖြန့်ကျက်ရေးအလုပ်တွေ တပြိုင်တည်းလုပ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေပြန်ဝင်မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတမျိုး၊ကျယ်ကျယ်တဖုံ ထုတ်လွှင့်နေကြတာလည်း သတိထားမိပါတယ်။ လားရှိုးဘက်ကို စစ်ရှောင်ဖို့ အစီအစဥ်ချပြီး လူတွေကို ကဲ့ထုတ်နေကြသလို လားရှိုးရောက်သွားတဲ့သူတွေကို အတုအယောင်ရွေးကောက်ပွဲကို အတင်းအကြပ်မဲပေးခိုင်းဖို့ စီစဥ်နေတာလည်း တွေ့ရပါတယ်။ မနက်ပိုင်းမှာ ဗုံးကြဲပြီးရင် တနေ့ခင်းလုံး လမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေနဲ့ ထွက်ပြေးနေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်အုပ်စုက လားရှိုးအထိ လာရောက်သယ်ဆောင်ပေးတဲ့ ပရဟိတယောင်ယောင်အဖွဲ့တွေဖွဲ့စည်းပြီး လူသားတွေကို ဒိုင်းကာသဖွယ် အသုံးချနေတယ်လို့ သိထားရပါတယ်။ နမ္မတူမှာ မြို့သားတွေကုန်ခမ်းသွားမှ သူတို့လိုချင်တဲ့ခွင်ကိုချပြီး အသာစီးယူမယ့်အကွက်လို့ တွေ့ရပါတယ်။ဒါကြောင့် စစ်ရှောင်မယ်ဆိုရင်လည်း လားရှိုးစစ်အုပ်စုရဲ့နယ်မြေကို မသွားဘဲ ဘေးလွတ်ရာရွာတွေမှာသာ ခဏရှောင်နေတာ ပိုကောင်းပါလိမ့်မယ်။ လားရှိုးရောက်သွားရင် ပြည်သူတွေကို ပြန်ပေးမထွက်ဘဲ မှတ်ပုံတင်သိမ်းတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေက တဆင့်သိရပါတယ်။
ရက်ဆက်ဗုံးကြဲခံနေရသော နမ္မတူနှင့် ဗုံးကြဲမှုနောက်ကွယ်က ရည်ရွယ်ချက်များ
—————————————————
နမ္မတူကို ဗုံးကြဲနေတာ သုံးရက်ရှိပါပြီ။အောက်တိုဘာ ၂ ရက်နေ့ မနက် ၇နာရီ ၂၀ ဝန်းကျင်၊အောက်တိုဘာ ၆ ရက်နေ့ မနက် ၇နာရီ ခွဲပတ်ချာလည်နဲ့ ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၆နာရီခွဲအချိန်ခန့်မှာ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ နေ့စဥ်ရက်ဆက်လို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူအသေအပျောက်လည်းရှိသလို ဒဏ်ရာပြင်းထန်စွာရရှိတာမျိုးလည်း ကြုံတွေ့နေရပါတယ်။အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အထူးသဖြင့် ထိခိုက်မှုပိုများပါတယ်။ လေကြောင်းက ဂျက်ဖိုက်တာတက်လာတာနဲ့ တခါတည်း တန်းပစ်တာမျိုးကို တွေ့ရတယ်။ပစ်မှတ်ကို ကွေ့ပတ်ရှာနေတာမျိုးမဟုတ်ဘဲ ချက်ချင်းတန်းပစ်ပြီး ပျံဝဲသွားတဲ့အနေအထားဖြစ်လို့ သူတို့စစ်အုပ်စုလက်ထဲမှာ ပစ်စရာမြေပုံရပ်ညွှန်းအတိအကျရရှိထားပြီးသားဖြစ်တယ်လို့ ယူဆရပါတယ်။ ပစ်ချတဲ့နေရာတွေကိုကြည့်ရင် အရပ်သားတွေ နေထိုင်နေတဲ့ နေအိမ်နဲ့ ဘုန်းကြီးကျောင်းတွေကို ဖြစ်နေတာတွေ့ရပါတယ်။စစ်ရေးပစ်မှတ်မဟုတ်နေသလို နမ္မတူမြို့မှာလည်း စစ်ရေးလှုပ်ရှားမှုလုံးဝမရှိနေပါဘူး။ နောက်တချက်က သတ္တုတွင်းမြို့ဖြစ်တဲ့အတွက် ဆယ်ဘီးကားကြီးတွေနဲ့ ဘော်ချေးဆိုတဲ့သတ္တုပါဝင်တဲ့စွန့်ပစ်ပစ္စည်းတွေ သယ်ယူမှုရပ်နားထားတဲ့အချိန်မှာ ကွက်တိဖြစ်ပေါ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပါ။ သတ္တုထုတ်ယူမှုဟာ တရုတ်ပိုင်ကုမ္ပဏီတွေကသာ လုပ်ဆောင်နေတာဖြစ်ပြီး ယင်းကုမ္မဏီဝန်ထမ်းကားမောင်းသမားတွေ အိမ်ပြန်ခွင့်ယူထားချိန်မှာ လေယာဥ်နဲ့ဆက်တိုက်ဗုံးကြဲမှုဖြစ်ပွားလာတာကို သတိထားမိပါတယ်။ တရုတ်နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို စောင့်ရှောက်ကာကွယ်ပေးပါမယ်လို့ အာမခံထားတဲ့ ဗမာစစ်အုပ်စုဟာ ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက်ကို ဖက်ရွက်လောက်တောင် တန်ဖိုးမထားဘဲ နင်းခြေဖျက်ဆီးနေပါတယ်။
နောက်တချက်ကို သတိထားမိတာက နမ္မတူမှာ စစ်အုပ်စုထောက်ခံတဲ့သူတချို့နဲ့ လားရှိုးဘက်ကနေ စိမ့်ဝင်လာတဲ့ အရပ်သားအသွင်ယူ စစ်ထောက်လှမ်းရေးတွေ ပူးပေါင်းပြီး သတင်းပေး၊သတင်းယူကွန်ရက်တခု သေချာတည်ဆောက်ထားတယ်လို့ မြင်ပါတယ်။ သတင်းတု သတင်းမှားဖြန့်တဲ့ ကောလဟလဖြန့်ချီရေး၊ရန်သူ့အာဘော် ဖြန့်ကျက်ရေးအလုပ်တွေ တပြိုင်တည်းလုပ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေပြန်ဝင်မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတမျိုး၊ကျယ်ကျယ်တဖုံ ထုတ်လွှင့်နေကြတာလည်း သတိထားမိပါတယ်။ လားရှိုးဘက်ကို စစ်ရှောင်ဖို့ အစီအစဥ်ချပြီး လူတွေကို ကဲ့ထုတ်နေကြသလို လားရှိုးရောက်သွားတဲ့သူတွေကို အတုအယောင်ရွေးကောက်ပွဲကို အတင်းအကြပ်မဲပေးခိုင်းဖို့ စီစဥ်နေတာလည်း တွေ့ရပါတယ်။ မနက်ပိုင်းမှာ ဗုံးကြဲပြီးရင် တနေ့ခင်းလုံး လမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေနဲ့ ထွက်ပြေးနေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်အုပ်စုက လားရှိုးအထိ လာရောက်သယ်ဆောင်ပေးတဲ့ ပရဟိတယောင်ယောင်အဖွဲ့တွေဖွဲ့စည်းပြီး လူသားတွေကို ဒိုင်းကာသဖွယ် အသုံးချနေတယ်လို့ သိထားရပါတယ်။ နမ္မတူမှာ မြို့သားတွေကုန်ခမ်းသွားမှ သူတို့လိုချင်တဲ့ခွင်ကိုချပြီး အသာစီးယူမယ့်အကွက်လို့ တွေ့ရပါတယ်။ဒါကြောင့် စစ်ရှောင်မယ်ဆိုရင်လည်း လားရှိုးစစ်အုပ်စုရဲ့နယ်မြေကို မသွားဘဲ ဘေးလွတ်ရာရွာတွေမှာသာ ခဏရှောင်နေတာ ပိုကောင်းပါလိမ့်မယ်။ လားရှိုးရောက်သွားရင် ပြည်သူတွေကို ပြန်ပေးမထွက်ဘဲ မှတ်ပုံတင်သိမ်းတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေက တဆင့်သိရပါတယ်။ စစ်ရှောင်ပြည်သူကို ခုတုံးလုပ်ပြီး အကျိုးအမြတ်ထုတ်မယ့် စစ်အုပ်စုရဲ့အကြံအစည်ကိုသတိထားကြပါ။ သူလျှိုဒလန်တွေလို့ ယူဆရတဲ့ လူတွေတွေ့ရှိရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားကြပါ။ ဘေးရန်အပေါင်း ကင်းဝေးပြီး တော်လှန်ရေးခရီးကြမ်းကို အောင်ပန်းဆင်နိုင်တဲ့အချိန်ထိ ဆက်လျှောက်နိုင်ကြပါစေလို့ သီတင်းကျွတ်ဆုမွန်တောင်းလိုက်ရပါတယ်။
ကျော်ကိုကို