မြန်မာနယ်စပ် ကာစီနိုရုံက အမျိုးသား ၁၆ ဦးကို ထိုင်း အထူးတပ်ဖွဲ့က ကယ်တင်ခဲ့

အောက်တိုဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ နယ်စပ် ကာစီနိုရုံတစ်ခုကနေ ထိုင်းနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး) ကိုအောက်တိုဘာ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်မှာအောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ Khaosod သတင်းကအောက်တိုဘာ ၆ ရက်ကဖော်ပြပါတယ်။

သူတို့ဟာနယ်စပ်တလျှောက်ရှိ တရုတ်စီးပွားရေးဇုန်တွေက ကာစီနိုလောင်းကစားရုံတွေမှာ အလုပ်အကိုင်ရရှိစေမယ်ဆိုတဲ့ဆိုရှယ်မီဒီယာကြော်ငြာတွေနဲ့ သွေးဆောင်ဖြားယောင်းခံရပြီးနောက် အခုနှစ်စက်တင်ဘာလမှာ မြန်မာနိုင်ငံအတွင်းကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ရောက်ရှိလာချိန်မှာအခကြေးငွေနဲ့လုပ်ငန်းခွင်အခြေအနေတွေဟာ ကြော်ငြာထားတဲ့အတိုင်း မကိုက်ညီတာကိူအလုပ်သမားတေ​ွက တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ကအာဏာပိုင်တွေဆီ ဆက်သွယ်အကူအညီ တောင်းခံခဲ့ကြပါတယ်။

ကယ်ဆယ်ရရှိထားသူတွေကို သက်ဆိုင်ရာ အေဂျင်စီတွေဆီကို လွှဲပြောင်းပေးအပ်ပြီး ၎င်းတို့ရဲ့တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်နေတယ်လို့ သတင်းကဆက်လက်ဖော်ပြပါတယ်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *