အောက်တိုဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မူဆလင်ရပ်ကွက်မှာ စိတ်ကြွဆေးတွေ သုံးစွဲနေတယ်လို့ ဒေသခံထိုင်းတွေရဲ့ တိုင်ကြားချက်နဲ့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားတွေ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတယ်လို့ မဲဆောက်ရောက်မြန်မာတွေဆီကနေသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ထိုင်းတွေရဲ့ သတင်းပေးတိုင်ကြားချက်အရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မြန်နိုင်ငံသား အမျိုးသမီးတွေအပါဝင် ၈ဦးကို ထိုင်းအာဏာပိုင်တွေကဖမ်းမိခဲ့တာလို့ဆိုပါတယ်။ “သတင်းပေးတာက ထိုင်းတွေ အခုအဲ့လူတွေကို ရဲစခန်းဖမ်းခေါ်သွားတယ်။ ရပ်ကွက်ထဲဝင်လာတော့ မူဆလင်လူကြီးပါ သက်သေခေါ်လာတာ။ ရောင်းတာထက်သုံးစွဲတွေပါ”လို့ရွေ့ပြောင်းမြန်မာအလုပ်သမားတဦးကပြောပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုနဲ့ တရားမဝင်အထောက်ထားမဲ့ နေထိုင်မှုတွေနဲ့ ထိုင်းနိုင်ငံဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။
#သောင်ရင်းသတင်းလွှာ #ထိုင်း #မဲဆောက် #မူးယစ်ဆေးဝါး