ဒေသတွင်း လုံခြုံရေးကို အာမခံချက်ပေးရန်ပေါ်လစီချပြရန် အချိန်တန်ပြီ

လတ်တလော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အမေရိကန်ဒေါ်လာ သန်း 300 ကျော်တန် အမေရိကန်ကောင်စစ်ဝန်ရုံးဖွင့်လှစ်မှု့ကို တရုတ်က ၎င်း၏နောက်ဖေးပေါက်လုံခြုံရေးခြိမ်းခြောက်မှု့အဖြစ် အကြီးအကျယ်ကန့်ကွက်ခဲ့သည်။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးကစားကွက်အရ ၁၉၈၈ ခုနှစ် နိုင်ငံရေး အခြေအနေနှင့်မတူပဲ ၂၀၂၁ မြန်မာ့အင်အားစုများ၏ အခြေစိုက်ရာပင်မဌာနသည် ထိုင်းနိုင်ငံမဲဆောက်မှ *ချင်းမိုင်မြို့* သို့ပြောင်းရွေ့သွားသည်ကို တွေ့ရသည်။ စီကာပတ်ကုံး တင်ပြမှု့၏ အဓိကအချက်မှာ ကနဦးတင်ပြသကဲ့သို့ စစ်အေးခေတ်တွင် အမေရိကန်သည် ဖက်ဒရယ်ပြည်ထောင်စုကို အားမပေးခဲ့ကြောင်း သက်သေခံချက်ဖြစ်သည်။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက်မြန်မာစစ်အာဏာရှင် စနစ်ကို အမေရိကန်နှင့်အနောက်အုပ်စုမှ ကျောထောက် နောက်ခံပေးခဲ့ခြင်းပင်ဖြစ်သည်။ ဘာတေးလစ်တနာ၏ ရေးသားချက်အရ စစ်အာဏာရှင်စနစ်သည် ဈေးအသက်သာဆုံး၊ကုန်ကျစားရိပ်အနည်းဆုံးနှင့်အမေရိကန်အတွက် အကျိုးအဖြစ်ဆုံးဆိုသည့် စစ်အေးခေတ်နှင့် စစ်အာဏာရှင်စနစ်ကို မီးမောင်းထိုးလိုခြင်းဖြစ်သည်။ စစ်အေးခေတ်ပြီးဆုံးသွားသော်လည်း တရုတ်-အမေရိကန် ပါဝါပျော့လွန်ဆွဲပွဲနှင့် မြန်မာတော်လှန်ရေး လာဆုံနေရသည်။ စစ်အုပ်စုသည် စစ်အေးခေတ်အတွင်း ဗိုလ်နေဝင်းစစ်အုပ်စုခင်းကျင်းထားခဲ့သော ပေါ်လစီအပေါ်တွင် အသာစီးယူ၍ လျောက်လှမ်းနေပုံရသည်။

တရုတ်-မြန်မာ အပြန်အလှန် မကျူးကျော်ရေးစာချုပ်အရ
” တစ်ဦး၏ နိုင်ငံကို ဆန့်ကျင်ဖက်ပြု့သော စစ်မဟာမိတ်အဖွဲ့အစည်း တစ်ခုခုတွင် တစ်ဦးကမပါဝင်ပါဟူ၍လည်းကောင်း ကတိပြု့ကြသည်။”ဆိုသည် စာချုပ်ကို မည်သည့် မြန်မာအာဏာရအင်အားစုမှ ဆက်လက်တာဝန်ခံမည်နည်းဟူသော စိုးရိမ်မှု့သည် တရုတ်အပေါ်ဖိ့စီးနေပုံရသည်။ တစ်ဖန် အိန္ဒိယသမုဒ္ဒရာဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါက်တာယူနွတ်၏ အမေရိကန်လုံခြုံရေးအစီအစဉ်အတိုင်းလိုက်ပါလုပ်ဆောင်နေမှု့များသည်လည်း တရုတ်၏မြန်မာပြည်ဆိုင်ရာ ပေါ်လစီအပေါ်ထပ်မံ၍ ဖိ့အားသက်ရောက်နေမည်ဖြစ်သည်။ (စကားချပ်။ ။ဘင်္ဂလားဒေ့ရှ် စစ်ဖက်မှ ဒေါက်တာယူနွတ်၏အမေရိကန် ကြိုးဆွဲရာကနေမှု့များသည် သွေးချောင်းစီး စစ်ပွဲကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း သတိ့ပေးသည့် သတင်းကိုလည်း သတိ့ပြု့မိသည်။ယူနွတ်ကံကြမ္မာမည်သို့အဆုံးသတ်မည်ကို စောင့်ကြည့်နေရသည်။) မြန်မာပြည်တော်လှန်ရေးကို ဦးဆောင်နေသူများ (ပြည်တွင်း မှသူများကို ရည်ညွန်း) အနေဖြင့် တရုတ်-အမေရိကန် နေရာစုံ ပါဝါပျော့လွန်ဆွဲပွဲတွင်

ဒေသတွင်း လုံခြုံရေးကို အာမခံချက်ပေးရန်ပေါ်လစီချပြရန် အချိန်တန်ပြီ
——————————————
အောက်တိုဘာ ၂၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ

ဆရာဝင်းငြိမ်းဘာသာပြန်သော နော်လီဇာဘင်ဆင်အကြောင်း”မယ်ဗမာ”မဖတ်လိုက်ရလျှင်ခေတ်မမှီသော အချိန်တစ်ခုဖြတ်ခဲ့ရသည်။ ကရင်ခေါင်းဆောင် ဗိုလ်လင်းထင်၏ ကတော်ဖြစ်ခဲ့သော နော်လီဇာဘင်ဆင်၏ ဖခင် ဦးစောဘင်ဆင်အကြောင်းကလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဂျူးလူမျိုးဖြစ်သော ဘင်ဆင်သည် ဒုတိယကမ္ဘာစစ်မဖြစ်မည်က စစ်တွေတွင် အကောက်တော်အရာရှိ့ဖြစ်သည်။(စကားချပ်။ ။ဦးကျော်ငြိမ်းသည်လည်း လွတ်လပ်ရေးကြိုးပန်းစဉ်ကာလ စစ်မဖြစ်မည်က ရန်ကုန်ဆိပ်ကမ်းတွင် အကောက်တော်အရာရှိ့လုပ်ခဲ့သည်။) ဘင်ဆင်ကြီးသည် နော်လီဇာ၏မိခင် ကရင်အမျိုးသမီးနှင့် အိမ်ထောင်ကျပြီးနောက် စောဘင်စင်ဖြစ်သွားသည်။ စောဘင်ဆင်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ယနေ့CIA ၏ အမြူတေဖြစ်သော OSS တွင် ထောက်လှမ်းရေးအရာရှိ့ ဗိုလ်မှုးအဖြစ်အမှု့ထမ်းခဲ့သည်။ စစ်အပြီးတွင် ရေခဲစက်လုပ်ငန်း၊အချိုရည်လုပ်ငန်းများဖြင့် နေ့ချင်းညချင်း ရန်ကုန်မြို့၏ ထိပ်တန်းသဌေးကြီးဖြစ်သွားသည်။ စောဘင်ဆင်၏ သမီး နော်လီဇာဘင်ဆင်သည် မယ်ဗမာအလှမယ်ဆုရပြီးနောက် ဆယ်လီဖြစ်နေသည်။သူမသည် ဗိုလ်နေဝင်းကတော် ကစ်တီဘသန်းနှင့်အတွဲညီပြီး ဗိုလ်နေဝင်းအိမ်ဝင်ထွက်သွားလာနေသူဖြစ်သည်။ ထို့နောက် ငြိမ်းချမ်းရေးကိစ္စနှင့်လာသော ဗိုလ်လင်းထင်က စောဘင်ဆင်အိမ်လည်ပတ်ရင်း နော်လီဇာဘင်ဆင်နှင့် လက်ထပ်ပေးရန် တောင်းဆို၍ လက်ထပ်ပေးလိုက်သည်။ ဗိုလ်နေဝင်းအာဏာသိမ်းသည့်ညက စောဘင်ဆင်အိမ်တွင် အမေရိကန်သံရုံးမှ ဌာနလက်ကိုင်မရှိ့ အရာရှိ့ ဟတ်စ်ချက်နှင့် အရက်သောက်နေသည်။ စောဘင်ဆင်မှ ဟတ်စ်ချက်အား”ဗိုလ်နေဝင်း အာဏာသိမ်းသွားပြီ၊မင်းမပြန်သေးဖူးလား။မင်းတို့က ဗိုလ်နေဝင်းကို အာဏာသိမ်းစေချင်တာမဟုတ်လား၊အခုသိမ်းသွားပြီ၊မင်းအလုပ်အောင်မြင်သွားပြီမို့လား”မေးခဲ့သည်။

ဆက်လက်၍ ဦးစောဘင်ဆင်ကြီးမှ”မင်းတို့က ဦးနုကို မကြိုက်ဖူး၊ဦးနုက ပျော့တယ်။ဗမာပြည်ဖက်ဒရယ်ဖြစ်သွားရင် တိုင်းရင်းသားပြည်နယ်တွေမှာ ကွန်မြူနစ်ဖက်ဒရယ်အစိုးရလေးတွေဖြစ်ကုန်ပြီး တရုတ်ကွန်မြူနစ်တွေလွမ်းမိုးသွားမှာကို မလိုချင်ဖူး””‌ဗိုလ်နေဝင်းက ကွန်မြူနစ်သော၊တိုင်းရင်းသားသော၊ဘာသော၊ညာသော ဘာမှစဉ်းစားမှာမဟုတ်ဖူး အကုန်သတ်မှာပဲ။ “မင်တိုလိုချင်တာ ရပြီမဟုတ်လား” ဟုစကားနာထိုးသည်။ ဟတ်စ်ချက်မှ “ငါ ထိုင်းမစ်ရှင်အတွက် ထိုင်းကိုခရီးဆက်ရဦးမယ်”ဟုပြန်ဖြေသည်။ အဆိုပါ နော်လီဇာဘင်ဆင်စာအုပ်တွင်ပါသော အမေရိကန် သံရုံး ဌာနလက်ကိုင်မရှိ့ ဟတ်စ်ချက်ကို ဆရာဟိန်းလတ်ပြန်ဆိုသော”မျော”စာအုပ်တွင် ပြန်တွေ့ရသည်။ မျော စာအုပ်ပါ အဓိကဇာတ်ကောင်မှာ နတ်မောက်လမ်း ခြံအမှတ် ၈၆ တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အိမ်နီးချင်း၊မိသားစုချင်း ရင်းနီုးကြသော အမေရိကန်ယဉ်ကျေးမှု့ဌာန ညွန်ကြားရေးမူး(ယခု အမေရိကန်စင်တာ A,C ဖြစ်မည်ထင်)ဖြစ်သည်။ အဆိုပါညွန်မူးသည်လည်း ဗိုလ်နေဝင်းအာဏာသိမ်းသည့်ညက ကမ်းနားလမ်း စထရင်းဟောတယ် ဘား တွင် အခြေချနေစဉ် အမေရိကန်သံအမတ်ကိုယ်တိုင်လိုက်လာပြီး အနီးဆုံးလေယဉ်ဖြင့် နီပေါ သို့ ပို့ဆောင်ခံလိုက်ရသည်။ “မျော”စာအုပ်တွင် အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ၏အိမ်နီးနားချင်း ညွန်မူးနှင့် စောဘင်စင်နှင့် စကားပြောခဲ့သော ဟတ်စ်ချက်တို့ နှစ်ဦးစလုံးသည် ဗီယက်နမ်နိုင်ငံ၊အမေရိကန်သံရုံး ခေါင်မိုးမှ နောက်ဆုံးထွက်ခွာသော ရဟတ်ယဉ်ဖြင့် နောက်ဆုံးခွာရသူများ အဖြစ်ဖတ်ရသည်။ဗီယက်နမ်မစ်ရှင်တွင် အတူတစ်ကွ တာဝန်ကျသည့်ကို တွေ့ရသည်။ စောဘင်ဆင်နှင့်ဟတ်စ်ချက် အချီအချစကားပြောခန်းမှ စစ်အေးတိုက်ပွဲကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စုကို အမေရိကန်မှ မလိုလားကြောင်း၊တိုင်းရင်းသားပြည်နယ်များတွင် တရုတ်ကွန်မြူနစ်ဝါဒစိမ့်ဝင်ပြီး လွမ်းမိုးသွားမည်ကို မလိုလားကြောင်း မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။


ဦးနုသည်တိုင်းရင်းသားများကိစ္စ ပြေလယ်သွားစေရန် အသံလွင့်ရုံ၌ တိုင်းရင်းသားခေါင်းဆောင်များနှင့် ညီလာခံကြီးကို တိုင်းသိ့ပြည်သိ့ ထုတ်လွင့်ကာ ကျင်းပနေသည့် အချိန်ဖြစ်သည်။
၁၉၆၂ အာဏာသိမ်းမည့်နေ့လယ်၌ တိုင်းရင်းသားများနှင့် ဆွေးနွေးပွဲမှာ အဖြေရရန်နီးစစပ်လာ၍ ဆွေးနွေးဖက်များရော၊ပြည်သူများရော စိတ်ချမ်းသာလျက် အနာဂါတ်ကို ပျော်ရွှင်လျက်ရှိနေကြသည်။ သို့သော် ထိုညတွင် အာဏာသိမ်းလိုက်က မြန်မာပြည်၏ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွက်နိုင်ရန် လမ်းမှန်သမျှ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် အမေရိကန်သမ္မတ ဂျွန်ဆင်၏ ဖိတ်ကြားချက်ဖြင့် အမေရိကန် နိုင်ငံတော်ဧည့်သည် အနေဖြင့် အိမ်ဖြူတော် သမ္မတ မိသားစုထမင်းစားခန်းတွင် သမ္မတနှစ်ဦးတည်း(ကတော်နှစ်ဦးပါ) နှစ်နာရီကျော်ဆွေးနွေးခဲ့ကြသည်။ စစ်အုပ်စု ပွဲခံခဲ့သည်။ ဗိုလ်နေဝင်းသည် အနုစားအာဏာသိမ်းမှု့ဖြစ်သည့် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်၊၁၉၆၀ တွင်ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်တို့ “ချစ်ကြည်ရေးနှင့်တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု့မပြု့ရေး သဘောတူ စာချုပ်”ကို ချုပ်ဆိုခဲ့သည်။စာချုပ်၏ အရေးကြီးဆုံး အနှစ်အသားမှာ

အပိုဒ် ၃
” စာချုပ်ချုပ်ဆိုသော၊နှစ်နိုင်ငံအစိုးရတို့သည် တစ်ဦး၏နိုင်ငံကို တစ်ဦးက ကျူးကျော်တိုက်ခိုက်မှု့များမပြု့လုပ်ပါဟူ၍ လည်းကောင်း။
တစ်ဦး၏ နိုင်ငံကို ဆန့်ကျင်ဖက်ပြု့သော စစ်မဟာမိတ်အဖွဲ့အစည်း တစ်ခုခုတွင် တစ်ဦးကမပါဝင်ပါဟူ၍လည်းကောင်း ကတိပြု့ကြသည်။”

ရဲဘော်ဗိုလ်ကြင်မောင်က ဗမာစစ်အုပ်စုသည် စစ်အေးခေတ် မျက်နှာပေးမှု့ကို ရခဲ့သည်၊ အသုံးချခဲ့သည်ဟု့ ဆိုခဲ့သည်။
တရုတ်နှင့်အမေရိကန်ကြားတွင်

-တိုင်းရင်းသားဒေသများတွင် ကွန်မြူနစ် စနစ်မလွမ်းမိုးစေရန် ဖက်ဒရယ်ပြည်ထောင်စု လုပ်ခွင့်မပေးဖူး ဟူ၍
အမေရိကန်အလိုကျ အသုံးတော်ခံခဲ့သည်။

-မြန်မာမြေပေါ်တွင် နိုင်ငံခြားစစ်စခန်း(စစ်အေးခေတ်အရ အမေရိကန်စစ်အခြေစိုက်စခန်း)ဖွင့်ခွင့်မပြု့ပါဟု
တရုတ်အလိုကျအသုံးတော်ခံခဲ့သည်။

စစ်အေးခေတ်အတွင်း တစ်ကမ္ဘာလုံး စစ်အာဏာ သိမ်းမှု့ပေါင်း ၅၀ ကျော်တွင် အမေရိကန်အစီအစဉ်ဖြင့်အာဏာသိမ်းမှု့ပေါင်း ၃၀ ကျော်ခဲသည်ဟု ဆိုသည်။ဗိုလ်နေဝင်းနှင့်အင်ဒိုနီးရှားမှ ဆူဟာတို တို့သည်လည်း ကွန်မြူနစ်ဟန့်တားရေး အာဏာသိမ်းစစ်ခေါင်းဆောင်များအဖြစ် အမေရိကန်တို့ သူကောင်းပြု့ခဲ့ကြသည်။ တရုတ်သည် စစ်အေးခေတ်အတွင်း အမေရိကန်နှင့် ရွှေလမ်း၊ငွေလမ်းဖောက်ရန် ကွန်မြူနစ်တင်ပို့မှု့ကို ရပ်တံ့လိုက်သည်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဗဟိုသည်လည်း အဆစ်ပါသွားသည်။ အမေရိကန်၊တရုတ်ပူးပေါင်း၍ ပျားရည်ဆန်းကာလဖြတ်သန်းကြပြီး ဆိုဗီယက်အထီးကျန်ရေး သည် ဆိုဗီယက်ပြိုကျပြီး နောက် ပြောင်းလဲသွားသည်။ ယခု စစ်အေးခေတ်ပြီး၍ တရုတ်၊အမေရိကန် နေရာစုံ ပါဝါပျော့ လွန်ဆွဲပွဲ ဇာတ်ရှိန်တက်လာသည်။ အမေရိကန် အထက်လွတ်တော်အမတ် မြန်မာနိုင်ငံသို့လာရောက်ပြီး ဗိုလ်သန်းရွှေနှင့်ဆွေးနွေးပြီးသည့်နောက်
အမေရိကန်သည် စစ်အုပ်စု လမ်းပြမြေပုံပေါ် လှေကြုံစီးလိုက်သည်။ဒေါက်တာ ကတ်ကင်းဘဲလ်ကို အရှေ့တောင်အာရှနှင့်ဒေါ်အောင်ဆန်းစုကြည်ထံသို့ လှည့်လယ်သွားလာက လမ်းပြမြေပုံ အစွန်ရောင်းထုတ်ပေးခဲ့သည်။ CIA ဝန်ထမ်းဟောင်း အဲရစ်မာဖြူ၏ ဗမာ့အလောင်း အစား စာအုပ်တွင် Sealing the Road Map ဟု ခေါင်းစဉ်ခွဲကို အစွန်ရောင်းထုတ်ခန်းဟု ပြန်ဆိုခြင်းသည် ကိုက်ညီမည်ဟု့ယူဆသည်။ ဆက်ရလျှင် ၂၀၀၈ ခြေဥ၊၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊အိုဘားမား အပြေးလာ အဘွားအစ်မကြီး၊မင်္ဂလာပါ မြန်မာ၊၂၀၁၅ ရွေးကောက်ပွဲ NLD အပြတ်နိုင်၊ရိုဟင်ဂျာပြသနာစစ်တပ်မှအစပြု့၊၂၀၂၀ ရွေးကောက်ပွဲထပ်နိုင်၊စစ်တပ်မှာ အာဏာထပ်သိမ်းသွား၊၉၀ ရလာဒ်အခြေခံ NCGUB အစိုးရကဲ့သို့ ၂၀၂၀ ရလာဒ် NUG အစိုးရပေါ်လာ စသဖြင့် အစီအစဉ်တွေကျနေသည်။ (စကားချပ်။ ။ယခု NUGအစိုးရသည် NCGUB အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်ထက် ပို၍ နိုင်ငံတစ်ကာ အရောက်မြန်သည်ဟုဆိုရမည်။

ဦးခင်မောင်စိုး၏ ဂျာနယ်လစ်ဇင် တင်ပြပုံအသစ်ရ နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့အစောင့်အရှောက်နဲ့ကားအမည်းကြီးစီးကာ သတင်းခန်းမထဲကို ဝင်ရောက်လာပါပြီးခင်ဗျ။ဆိုသည့် တင်ဆက်ပုံအရ ဦးဘိုလှတင့်တို့မရသည့် အခွင့်အရေးဖြစ်သည်ကိုတွေ့ရသည်။) ထိုင်းနယ်စပ်အခြေပြု့ပြီး တော်လှန်ရေးလုပ်ရန် လူငယ်များစွာသည်လည်းစုရုံးရောက်ရှိ့လာသည်။ ဇာတ်ညွန်းအရတော့ တစ်ပတ်လယ်ရန် လက်တစ်ကမ်းအလိုဖြစ်သည်။ ဤတွင် အညာဒေသမှ ပြည်သူများ၏ အုံနှင့်ကျင်းနှင့် သဘာဝကျစွာ အလိုအလျောက်တော်လှန်ရေးပေါ်ထွန်းလာသောအခါ ဇာတ်ညွန်းအသစ်ဖြစ်လာသည်။ တောင်ပိုင်းတွင် တိုက်ပွဲများ ဆင်နွဲနေစဉ် မြောက်ပိုင်းသည် ငြိမ်သက်စွာ စုဖွဲ့ပြင်ဆင်နေသည့်သဘောဖြစ်သည်။ ထို့နောက် တပ်မဟာ၆၁၁ လက်နက်တပ်ဆင်ပွဲပြီးနောက်မကြာမည် ၁၀၂၇ စစ်ဆင်ရေးကြီးပေါ်ထွက်လာသည်။ စစ်ဆင်ရေး ရည်မှန်းချက်ကို ကျားဖျန့်နိုမ်နင်းရေးခေါင်းစဉ်ဖြင့်တွဲဆက်ထားသည်။ မကြာမီ ကိုးကန့်ဒေသကြီးတစ်ခုလုံး နှင့်အရေးကြီးသည့် ကွမ်းလုံ၊ကုန်းကြမ်းဗျူဟာများကို စစ်အုပ်စုလက်လွတ်လိုက်ရပြီးသည့်နောက် မဟာဗျူဟာအရ ပွဲပြီးသလောက်ဖြစ်သွားသည်။ အပိုဆုအနေဖြင့် လာရှိုးဗျူဟာကိုပါ ပေးလိုက်ရသည့်အတွက် စစ်အုပ်စု မည်မျှ ဖရိုဖရဲဖြစ်နေသည်မှာ ပေါ်လွင်သွားသည်။ ၁၀၂၇ စစ်ဆင်ရေးအရှိန်ရစတွင် စာရေးဆရာတစ်ဦးမှ – တရုတ်သည် ၎င်း အတွက်မသေချာ၊မရေရာသည့်အခြေအနေမျိုးကို ရင်ဆိုင်ရပါက ၎င်း၏ ခံစစ်စည်းကို ရှေ့တစ်လှမ်းတိုးတတ်သည့် အလေ့အထရှိ့ကြောင်း ရေးသားထောက်ပြခဲ့သည်။ အသေးစိတ်ထပ်ဆင့်ဖော်ပြခဲ့ခြင်းမရှိ့သော်လည်း ကိုရီးယားစစ်ပွဲ ဥပမာကို ယူသည်ဟု မြင်ရသည်။ မြောက်ကိုရီးယားသည် ၃၈ မျဉ်းပြိုင်ကိုကျော်၍ တောင်ကိုရီးယားသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည်။တစ်လခန့်အကြာတွင် အမေရိကန်ဦးစီးသော ကုလသမဂ္ဂနိုင်ငံစုံတပ်ကြီးမှ ကိုရီးယား အင်ချွန်းကမ်းခြေမှ ကမ်းတက်ကာ တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ နိုင်ငံစုံတပ်ကြီးသည်ဆုတ်ခွာသွားသော မြောက်ကိုရီးယားတပ်များနောက်လိုက်လံတိုက်ခိုက်ရင် တရုတ်၊မြောက်ကိုရီးယားနယ်စပ် ယာလူးမြစ်အနီးသို့ရောက်လာသည်။ ဤတွင် မော်စီတုန်းမှ အမေရိကန်တပ်များ တရုတ်နယ်စပ်အနီးချဉ်းကပ်လာပြီး တရုတ်ပြည်တွင်းကိုခြိမ်းခြောက်မှု့မှ တားဆီးနိုင်ရန်အတွက် မြောက်ကိုရီးယားစစ်ပွဲအတွင်းသို့ဝင်ရန်ဆုံးဖြတ်လိုက်သည်။

တရုတ်အပျော်တန်းတပ်ခေါင်းစဉ်ဖြင့် အမေရိကန်တပ်များကို ယာလူးမြစ်ဝှမ်းမှ ပြန်လည်တွန်းထုတ်ရသည့် စစ်ပွဲတွင် မော်စီတုန်း၏သားအပါအဝင် တရုတ်စစ်သည် ၅ သိန်းခန့် ကျဆုံးခဲ့သည်။ ဤဖြစ်စဉ်ကိုနမူနာယူ၍ တရုတ်သည် မြန်မာပြည်တွင်းရေးသည် ၎င်း၏နောက်ဖေးပေါက်လုံခြုံကို မသေချာမရေရာသည့် အခြေအနေတွင် ၎င်း၏ခံစစ်စည်းကို သံလွင်အရှေ့ဖက်ကမ်းကြီးတစ်ခုလုံးသေချာစေရန်စီမံခဲ့သည့်သဘော သတိထောက်ခြင်းဖြစ်မည်ဟုယူဆရသည်။ လားရှိုးဗျူဟာသည် အပိုဆုရသွားခြင်းဖြစ်ပြီး စစ်အုပ်စုအတွက် နိုင်ငံရေးအကျပ်ရိုက်နေရသည့် သဘောဖြစ်သွားသည်။ ယေဘူယျအားဖြင့် ၁၀၂၇ သည် ကိုးကန့်ထီးနန်းအပြောင်းအလဲအတွက်ဟုသာမြင်ကြသည်။၁၀၂၇ စစ်ဆင်ရေးအပေါ်မူတည်၍ တစ်လှိုင်းပြီးတစ်လှိုင်း ကမ်ပိန်းများဖြင့်ပြည်သူကို မီုတီပေးခဲ့ကြသည်။ ဟိုင်ဂင်ဆွေးနွေးပွဲများမတိုင်မည်အထိ့ တစ်လှိုင်းပြီးတစ်လှိုင်းကမ်ပိန်း လှုံ့ဆော်မှု့များကို ဆင်နွဲခဲ့ကြသည်။မပိုင်ဝက်မွေးနှင့်အလှု့လက်ဖက်နှင့်မျက်နှာလုပ်ရသည်မှာ မျက်နှာပူစရာဖြစ်သည်။

ရဲဘော်ဗိုလ်ကြင်မောင်မှ –
-အမေရိကန်သည် ဗီယက်နမ်စစ်ပွဲပြီးကထဲက အာရှတွင် တရုတ်နှင့်တစ်ပွဲတစ်လမ်းစမ်းချင်နေသည်။
-မြန်မာစစ်အုပ်စုတွင်လည်းတတိယစစ်အုပ်စုသည် ဒီမိုကရေစီအုပ်စုဖြင့် အပေးအယူလုပ်သွားပြီးထွက်ပေါက်ယူသွားပါက ၎င်း တို့အလှည့်မရောက်၊တက်လမ်းပိတ်လိမ့်မည်ကို စိုးရိမ်နေသောစတုတ္တစစ်အုပ်စုရှိ့နိုင်သည်။
-2000ခုနှစ် တာချီလိပ် အိုဆယ်ဗင်းတောင်ကုန်းကိစ္စ ထိုင်းနှင့်မြန်မာပဋိပက္ခသည် စတုတ္ထ စစ်အုပ်စုလက်ရာပါနိုင်သည်။
-တရုတ်သည် ၎င်း နယ်စပ်အနီးတွင် ကြားခံစစ်ပွဲတစ်ပွဲ
မပေါ်ပေါက်စေလို၍ နှစ်ဖက်စလုံးသို့ နားချထိမ်းသိမ်းနိုင်သည်။
-စတုတ္ထစစ်အုပ်စုဆိုသည်မှာ အတတ်မပြောနိုင်ပဲ ပေါ်လာမှသာ သိနိုင်သည့် အမျိုးဖြစ်သည်
ဟု ပြည်ချစ်ဝါဒတွင် တင်ပြခဲ့သည်။

လတ်တလော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အမေရိကန်ဒေါ်လာ သန်း 300 ကျော်တန် အမေရိကန်ကောင်စစ်ဝန်ရုံးဖွင့်လှစ်မှု့ကို တရုတ်က ၎င်း၏နောက်ဖေးပေါက်လုံခြုံရေးခြိမ်းခြောက်မှု့အဖြစ် အကြီးအကျယ်ကန့်ကွက်ခဲ့သည်။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးကစားကွက်အရ ၁၉၈၈ ခုနှစ် နိုင်ငံရေး အခြေအနေနှင့်မတူပဲ ၂၀၂၁ မြန်မာ့အင်အားစုများ၏ အခြေစိုက်ရာပင်မဌာနသည် ထိုင်းနိုင်ငံမဲဆောက်မှ *ချင်းမိုင်မြို့* သို့ပြောင်းရွေ့သွားသည်ကို တွေ့ရသည်။ စီကာပတ်ကုံး တင်ပြမှု့၏ အဓိကအချက်မှာ ကနဦးတင်ပြသကဲ့သို့ စစ်အေးခေတ်တွင် အမေရိကန်သည် ဖက်ဒရယ်ပြည်ထောင်စုကို အားမပေးခဲ့ကြောင်း သက်သေခံချက်ဖြစ်သည်။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက်မြန်မာစစ်အာဏာရှင် စနစ်ကို အမေရိကန်နှင့်အနောက်အုပ်စုမှ ကျောထောက် နောက်ခံပေးခဲ့ခြင်းပင်ဖြစ်သည်။ ဘာတေးလစ်တနာ၏ ရေးသားချက်အရ စစ်အာဏာရှင်စနစ်သည် ဈေးအသက်သာဆုံး၊ကုန်ကျစားရိပ်အနည်းဆုံးနှင့်အမေရိကန်အတွက် အကျိုးအဖြစ်ဆုံးဆိုသည့် စစ်အေးခေတ်နှင့် စစ်အာဏာရှင်စနစ်ကို မီးမောင်းထိုးလိုခြင်းဖြစ်သည်။ စစ်အေးခေတ်ပြီးဆုံးသွားသော်လည်း တရုတ်-အမေရိကန် ပါဝါပျော့လွန်ဆွဲပွဲနှင့် မြန်မာတော်လှန်ရေး လာဆုံနေရသည်။ စစ်အုပ်စုသည် စစ်အေးခေတ်အတွင်း ဗိုလ်နေဝင်းစစ်အုပ်စုခင်းကျင်းထားခဲ့သော ပေါ်လစီအပေါ်တွင် အသာစီးယူ၍ လျောက်လှမ်းနေပုံရသည်။

တရုတ်-မြန်မာ အပြန်အလှန် မကျူးကျော်ရေးစာချုပ်အရ
” တစ်ဦး၏ နိုင်ငံကို ဆန့်ကျင်ဖက်ပြု့သော စစ်မဟာမိတ်အဖွဲ့အစည်း တစ်ခုခုတွင် တစ်ဦးကမပါဝင်ပါဟူ၍လည်းကောင်း ကတိပြု့ကြသည်။”ဆိုသည် စာချုပ်ကို မည်သည့် မြန်မာအာဏာရအင်အားစုမှ ဆက်လက်တာဝန်ခံမည်နည်းဟူသော စိုးရိမ်မှု့သည် တရုတ်အပေါ်ဖိ့စီးနေပုံရသည်။ တစ်ဖန် အိန္ဒိယသမုဒ္ဒရာဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါက်တာယူနွတ်၏ အမေရိကန်လုံခြုံရေးအစီအစဉ်အတိုင်းလိုက်ပါလုပ်ဆောင်နေမှု့များသည်လည်း တရုတ်၏မြန်မာပြည်ဆိုင်ရာ ပေါ်လစီအပေါ်ထပ်မံ၍ ဖိ့အားသက်ရောက်နေမည်ဖြစ်သည်။ (စကားချပ်။ ။ဘင်္ဂလားဒေ့ရှ် စစ်ဖက်မှ ဒေါက်တာယူနွတ်၏အမေရိကန် ကြိုးဆွဲရာကနေမှု့များသည် သွေးချောင်းစီး စစ်ပွဲကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း သတိ့ပေးသည့် သတင်းကိုလည်း သတိ့ပြု့မိသည်။ယူနွတ်ကံကြမ္မာမည်သို့အဆုံးသတ်မည်ကို စောင့်ကြည့်နေရသည်။) မြန်မာပြည်တော်လှန်ရေးကို ဦးဆောင်နေသူများ (ပြည်တွင်း မှသူများကို ရည်ညွန်း) အနေဖြင့် တရုတ်-အမေရိကန် နေရာစုံ ပါဝါပျော့လွန်ဆွဲပွဲတွင်

-၁၉၆၀ တွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်တို့
“ချစ်ကြည်ရေးနှင့်တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု့မပြု့ရေး သဘောတူ စာချုပ်”ကို
မည်မျှ အာမခံချက်ပေးမည်ကို ပေါ်လစီချပြရတော့မည်ဖြစ်သည်။
-အလားတူ အမေရိကန်အားလည်း တရုတ်ဩဇာခံမဟုတ်ပါကြောင်းလဲ ပေါ်လစီအရ အာမခံချပြရတော့မည်ဖြစ်သည်။

စစ်အုပ်စုသည် ပထမစစ်အုပ်စု ဗိုလ်နေဝင်း ကစားခဲ့သော တရုတ်နှင့်အမေရိကန်ကြား ချိန်ခွင်လျာညိ့သည့် ကစားကွက်ကို စနစ်တကျ ကစားလျက်ရှိ့နေသည်။ အဆိုပါပေါ်လစီမှာလည်း ဦးနုခေတ်ကထဲကစခဲ့သော တိတိကျကျ ကြားနေရေး ပေါ်လစီပင်ဖြစ်သည်။ဒေါ်အောင်စုကြည်လက်ထက်တွင်လည်း ခေတ်အလိုက်စကားလုံးအပြောင်းအလဲလုပ်၍ နိုင်ငံအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးတည်သည့် နိုင်ငံခြားရေး မူဝါဒကျင့်သုံးမည်ဟု လုပ်ခဲ့ရသည်။ ပေးထားချက်ကို မူတည်၍ တွက်ချက်ကစားကြရခြင်းဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မြန်မာပြည်တွင်မလိုလားခဲ့သော အမေရိကန်က မြန်မာလစ်ဘရယ်အင်အားစုများနှင့်တိုင်းရင်းသား လစ်ဘရယ်အင်အားစုများကို ဖက်ဒရယ်ဝပ်လျော့များ၊ချာတာများ၊အက်ဖ်တာများ၊အခြေခံဥပဒေ အကြမ်းများ စသဖြင့် ဖက်ဒရယ်လေပွေလှိုင်းအတွင်း စုပြုံပစ်ထည့်ထားခြင်းဖြစ်သည်။ငွမ်ကျူံးလျံကလည်း ခြေ/ဥ တစ်စုံရေးထားမည်။ ဦးအောင်ထူးကလည်း တစ်ယောက်ထဲ တစ်စုံရေးထားမည်။ ကိစ္စပြီးလျင် ဗီဇာစုပြုံဖွင့်ပေးရန်သာ ကျန်တော့မည်ဖြစ်သည်။ (စကားချပ်။ ။သွားကြပါ။သွားလေသူ မင်ရှီဗစ်၊ကျစ်ခဲ့သူ ဗော်ရှီဗစ် ပေါ့)

အစွယ်ရှိ့၊အဆိပ်ပြင်းသော တိုင်းရင်းသား EROS များနှင့် မူ အသံတိတ်ဒီပလိုမေစီကျင့်သုံးနေခြင်းဖြစ်သည်။ ရွေးကောက်ပွဲပြီးသည့်နောက်အမေရိကန်က တိုင်းရင်းသားများအတွက် ဈေးအစမတန်မြ့င်ပေးလိုက်ရန် ဖိ့အားပေး တုတ်တစ်ချက်၊မုန့်တစ်ချပ် ပေါ်လစီ ဝင်လာမည်ဆိုပါတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချေမှုန်းရေးသက်သက်သာ ကျန်တော့မည်ဖြစ်သည်။

-ပြည်သူတို့၏ စစ်အာဏာရှင်စနစ်အကျွင်းအကျန်ကိုမျှ လက်မခံတော့သည့် ဆန္ဒသည် ပြင်းပြဆဲဖြစ်သည်။

-တော်လှန်ရေးအရှိန်အဟုန်ကလည်း တက်နေဆဲဖြစ်သည်။

-အမေရိကန်အခါပေးများကလည်း တော်လှန်ရေးအကြောင်းပြ၍ စစ်တပ်အား ခံစစ်ထဲမှထိုးစစ်ဆင်ရန် အခါတော်ပေးနေသည်။

-တရုတ်သည်လည်း ၎င်း အတွက်ရေရှည် အကျိုးမပြု့နိုင်သော စစ်အုပ်စုကို ၎င်း၏ နောက်ဖေးပေါက်လုံခြုံရေးအတွက် ထိမ်းညိ့ဆက်ဆံနေရဆဲဖြစ်သည်။

-ပြည်ပရောက် မြန်မာအတိုက်အခံအင်အားစုတို့က နေရာစုံ တရုတ်၊အမေရိကန် ပါဝါပျော့လွန်ဆွဲပွဲတွင် အမေရိကန်အလိုကျ တရုတ် ဝိုင်းပတ်ပိတ်ဆို့ရေး ပေါ်လစီတိမ်းညွတ်မှု့ကို ပေါ်ပေါ်ထင်ထင်ပြသနေကြသည်။(စကားချပ်။ ။သူ့ဆန်စား ရဲပြ ဖြစ်ပါလိမ့်မည်)

-၁၀၂၇ စစ်ဆင်ရေးအရ မြန်မာ့တော်လှန်ရေး ဒီရေ အတက်၊အကျကို တရုတ်မှ အကူအညီပေးနိုင်ပါကြောင်း သက်သေပြထားသည်။

-တရုတ်မှ မြန်မာ့တော်လှန်ရေးအား အလုံးစုံစာနာထောက်ထားလာစေရန်မှာ “တရုတ်-မြန်မာ မကျူးကျော်ရေးစာချုပ်”ကို ရှင်းလင်းပြတ်သားစွာ သဘောထားပေးရန်လိုအပ်လာသည်။

-ဤအချက်သည် (ပြည်တွင်းတွင် တော်လှန်ရေးနှင့်အတူ နေထိုင်နေသော) ခေါင်းဆောင်များမှသာ လုပ်ကိုင်ဆောင်ရွက်နိုင်မည့်ကိစ္စဖြစ်သည်။

ရဲဘော်ဗိုလ်ကြင်မောင်၏သတိ့ပေးချက်ဖြစ်သည့် “အမေရိကန်၏ အလုပ်သည် ၊ဗမာပြည်ပြသနာများ၊ပြီးပြတ်ပြေလယ်သွားရေးမဟုတ်။
ဗမာပြည် ပြသနာများ အစဉ်အမြဲရှုတ်ထွေးနေစေရန်မှာ၊ သူ၏အလုပ်ဖြစ်သည်” ဆိုသည်ကို နှလုံးသွင်း၍

-မြန်မာနိုင်ငံ၏ စစ်အာဏာရှင်စနစ်ဖြုတ်ချ‌ရေးနှင့်တော်လှန်ရေးသည် တရုတ်၊အိန္ဒိယ အပါအဝင် ဒေသတွင်းနိုင်ငံများ၏ ဒေသတွင်းလုံခြုံရေးကို မခြိမ်းခြောက်နိုင်ပါကြောင်း ရှင်းလင်းသော ပေါ်လစီချပြရတော့မည်ဖြစ်သည်။
(စကားချပ်။ ။ယူနွတ်ပေါက်စလေးများမဟုတ်ကြောင်း)

အချိန်လု့လာရသည့်ကာလဖြစ်၍
ကာလံ၊ဒေသံ၊အဂ္ဂဓနံ
ဖြစ်မဖြစ် စဉ်းစားကြည့်နိုင်ပါရန် တင်ပြလိုက်ရပါကြောင်း။

စိမ်းမောင်

မှက်ချက်။ ။စာရေးသူ၏ ပုဂ္ဂလိကအာဘော်သာဖြစ်ပါသည်။

By admin

Leave a Reply

Your email address will not be published. Required fields are marked *