admin

219 Posts
ထိုင်းအစိုးရက TIK TOK နှင့် facebook တို့အား အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရာတွင် ကူညီရန်တိုက်တွန်း

ထိုင်းအစိုးရက TIK TOK နှင့် facebook တို့အား အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရာတွင် ကူညီရန်တိုက်တွန်း

ဖေဖော်ဝါရီ ၂၁၊၂၀၂၅။သောင်ရင်းသတင်းလွှာ ထိုင်းအစိုးရက Facebook နှင့် TikTok အပါအဝင် လူမှုမီဒီယာပလက်ဖောင်းအများအပြားမှ ကိုယ်စားလှယ်များကို အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းများကို ဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ဥက္ကဌ Siam Hathasongkorh က Facebook နှင့် TikTok တွင် အွန်လိုင်းလိမ်လည်ခံရသူ သားကောင်အရေအတွက် တိုးလာနေသောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ (more…)
Read More
မြန်မာမှ ကယ်ဆယ်ခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်သမား ၁,၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတရုတ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့

မြန်မာမှ ကယ်ဆယ်ခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်သမား ၁,၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတရုတ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့

ဖေဖော်ဝါရီ ၂၁၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘန်ကောက် (AP) - မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု စင်တာများတွင် အလုပ်လုပ်နေသော ကယ်ဆယ်ခြင်းခံထားရသည့်တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီးနောက် မဲဆောက်မြို့လေဆိပ်မှစင်းလုံးငှါးလေယာဉ်တစ်စီးဖြင့် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပို့ဆောင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စစ်ဆေးမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၂၃ ဦးသည် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးစေသည့် အမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု South China Morning Post ကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံ ကန်နချာဘူရီခရိုင်တွင် ပေါ်ပေါက်လာသော ရှုပ်ထွေးလှသည့် လူမှောင်ခို ကွန်ရက်

ထိုင်းနိုင်ငံ ကန်နချာဘူရီခရိုင်တွင် ပေါ်ပေါက်လာသော ရှုပ်ထွေးလှသည့် လူမှောင်ခို ကွန်ရက်

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့နယ် Vajiralongkorn မြစ်ရေပြင်အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား အများစုဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၁၆ ဦးကို ဖမ်းဆီးခဲ့သည်ဟုKhaosot သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်ကဖေါ်ပြသည်။ ၎င်းတို့ထဲမှ အများအပြားသည် ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံအတွင်းပိုင်း ပြည်နယ်များတွင် အလုပ်ရှာရန် မျှော်လင့်ချက်ဖြင့် လူတစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားခံပွဲစားများထံ ပေးဆောင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ (more…)
Read More
၂၀၂၅ တွင် မုန်တိုင်း တိမ်တိုက်များ စုစည်းရာ အာဆီယံ

၂၀၂၅ တွင် မုန်တိုင်း တိမ်တိုက်များ စုစည်းရာ အာဆီယံ

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဆီယံသည် ၂၀၂၅ ခုနှစ်တွင် ကြုံတွေ့ရမည့်အဓိကစိန်ခေါ်မှုသုံးရပ်မှာမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ယိုယွင်းလာခြင်း၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ တိုးမြင့်လာခြင်းနှင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ခေါင်းဆောင်မှုတွင် ဖျန်ဖြေရေးနှင့် စီးပွားရေးမိတ်ဖက်သစ်များ အတွက် အခွင့်အလမ်းများ ပေးစွမ်းသော်လည်း ဒေသတွင်း တင်းမာမှုများနှင့် ကြီးမားသော ပါဝါပြိုင်ဆိုင်မှု ပေါင်းစပ်မှုသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ထိရောက်မှုကို စမ်းသပ်မည်ဖြစ်သည်။ပြင်ပဖိအားများ တိုးမြင့်လာသော်လည်း မျှဝေခံစားခွင့်များကို အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးမှုအပေါ်တွင် မူတည်ပါသည်။ (more…)
Read More
ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ နယ်စပ်ဖြတ်ကျော်တရားမ၀င်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မြန်မာ့ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အမှတ်(၁ )ရုံးမှ ရှေ့နေများ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးပြီးနောက်ဆုံးဖြတ်ချက်မချနိုင်ခဲ့ဟု The Nation သတင်းက ဖေော်ဝါရီ ၂၁ ရက်ကဖော်ပြသည်။ (more…)
Read More
တရုတ်နိုင်ငံသားအယောက် ၅၀ ကို မဲဆောက်ကနေတရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ပို့ဆောင်

တရုတ်နိုင်ငံသားအယောက် ၅၀ ကို မဲဆောက်ကနေတရုတ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ပို့ဆောင်

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ပထမဦးဆုံး တရုတ်နိုင်ငံသား အယောက် ၅၀အဖွဲ့သည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ China Southern Airlines လေယာဉ်ဖြင့် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ပို့ဆောင်ခဲ့သည်ဟု The Nation သတင်းက ဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံအတွင်းတွင် ငွေလိမ်ဂိုဏ်းများကိုစစ်ဆင်ရေးလုပ်နေစဥ်အတွင်း စိတ်အားထက်သန်မှုလွန်ကဲခဲ့ခြင်းအတွက် တရုတ်ဝန်ကြီးက ထိုင်းကိုတောင်းပန်

ထိုင်းနိုင်ငံအတွင်းတွင် ငွေလိမ်ဂိုဏ်းများကိုစစ်ဆင်ရေးလုပ်နေစဥ်အတွင်း စိတ်အားထက်သန်မှုလွန်ကဲခဲ့ခြင်းအတွက် တရုတ်ဝန်ကြီးက ထိုင်းကိုတောင်းပန်

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတွင် ငွေလိမ်ဂိုဏ်းများတိုက်ဖျက်မှုစစ်ဆင်ရေးများအတွင်းအချုပ်အခြာအာဏာနှင့် ပတ်သက်၍ နားလည်မှုလွဲမှားမှုများ ဖန်တီးခဲ့သည့်အတွက် တရုတ်နိုင်ငံ၏ ဒုတိယ ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi က ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကို ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ဆုံပြီးနောက်တောင်းပန်ခဲ့သည်ဟု Khaosod သတင်းကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More
မြီမိသားစု ၃ ဦးအပါအဝင်၂၃ ဦးကို ရုံးထုတ်စစ်ဆေး

မြီမိသားစု ၃ ဦးအပါအဝင်၂၃ ဦးကို ရုံးထုတ်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကိုးကန့်ဒေသ၏အချမ်းသာဆုံးမိသားစုလေးခုထဲက မြီမိသားစုဝင် ၃ ဦးကို တရုတ်က ဒီကနေ့မှာ စတင်ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောကြောင်း BBC က ဖေဖော်ဝါရီ ၁၉ ရက်ကဖော်ပြသည်။ ကွယ်လွန်သူ သူဌေးကြီး မြီရှောက်ချမ်း၏သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန် နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း အပါအဝင် ပြစ်မှုကျူးလွန်သူ၂၃ ဦးကို ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
မြန်မာမှာတကျော့ပြန်ခေါင်းထောင်လာတဲ့ တရုတ်ဇနီးမယားစျေးကွက်

မြန်မာမှာတကျော့ပြန်ခေါင်းထောင်လာတဲ့ တရုတ်ဇနီးမယားစျေးကွက်

ဖေဖော်ဝါရီ ၁၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်အမျိုးသားနဲ့ လက်ထပ်ပြီးကလေးမွေးဖွားပေးနိုင်ရင် တင်တောင်းငွေ ကျပ်သိန်း ၁၀၀ ရာကျော်နဲ့ တခြားအကျိုးခံစားခွင့်တွေရမယ်ဆိုတဲ့ မက်လုံးပေးကြော်ငြာတွေက လူမှုကွန်ရက် TikTok ၊ဖေ့ဘွတ်ခ်နဲ့ ဝီချက်တွေမှာ ပျံ့နှံ့နေပါတယ်လို့ BBCသတင်းကဖေဖော်ဝါရီ ၁၈ ရက်ကဖေါ်ပြပါတယ်။ တရုတ်အမျိုးသားတွေအတွက် မြန်မာဇနီးသည် ရှာတဲ့‌ စျေးကွက်ဟာ အရင်ကလို တရုတ်-မြန်မာနယ်စပ်မြို့တွေတင်မကဘဲ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအထိ ခြေဆန့်လာပါတယ်။ ရန်ကုန်မြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တချို့ကို တရုတ်ဇနီးလုပ်ဖို့ ကမ်းလှမ်းတဲ့ ရုပ်သံဖိုင် ၂ ခု လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့နောက် ဒီစျေးကွက်ပို ကြီးထွားလာမှာကို စိုးရိမ်နေကြပါတယ်။ (more…)
Read More