admin

511 Posts
သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးမွမ်းပြီးနောက် မြန်မာစစ်အစိုးရမဟာမိတ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်က ရုပ်သိမ်း

သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးမွမ်းပြီးနောက် မြန်မာစစ်အစိုးရမဟာမိတ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်က ရုပ်သိမ်း

ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ချီးကျူးပြီး သွင်းကုန်ခွန်ဖြေလျှော့ပေးဖို့ တောင်းဆိုတဲ့စာတစ်စောင်မှာ အာဏာရစစ်ဦးစီးချုပ်က မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုပြီး နှစ်ပတ်အကြာ ဇူလိုင် ၂၄ရက်နေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ Reuter ကဖော်ပြပါတယ်။ Human Rights Watch က အဆိုပါ လှုပ်ရှားမှုကို “အလွန်စိုးရိမ်စရာ” လို့ဆိုပြီး ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့လူမျိုးတုံးသတ်ဖြတ်မှုမှာပါဝင်ပတ်သက်နေတဲ့မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ မူဝါဒဟာကြီးမားတဲ့အပြောင်းအလဲတစ်ခု လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ KT Services & Logistics နဲ့၎င်းကိုတည်ထောင်သူ ဂျွန်နသန်မျိုးကျော်သောင်း၊MCM Group နဲ့၎င်းရဲ့ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့၎င်းရဲ့ ပိုင်ရှင် စစ်တိုင်းအောင်နဲ့နောက်တစ်ဦးဖြစ်သူ ဦးတင်လတ်မင်းကိုလည်း အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းကနေဖယ်ရှားခဲ့ပါတယ်။ KT Services & Logistics နဲ့ ဂျွန်နသန်မျိုးကျော်သောင်း တို့ကို သမ္မတ ဘိုင်ဒင်လက်ထက်၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ပိတ်ဆို့အရေးယူမှုစာရင်းမှာထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က  အာဏာသိမ်းယူမှု ပထမဆုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခြေလှမ်းတလှမ်းဖြစ်ခဲ့ပါတယ်။ (more…)
Read More
ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲမှသည်အင်ဒိုချိုင်းနားပဋိပက္ခ တစ်ကြော့ပြန်ဖြစ်ခဲ့သောသမ္မတ ၏ စပါယ်ရှယ်အင်ဗွိုင်းဖြင့် လှုပ်ရှားသင့်မသင့်

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲမှသည်အင်ဒိုချိုင်းနားပဋိပက္ခ တစ်ကြော့ပြန်ဖြစ်ခဲ့သောသမ္မတ ၏ စပါယ်ရှယ်အင်ဗွိုင်းဖြင့် လှုပ်ရှားသင့်မသင့်

ပို့ပေါ့တို့၊ခိယူဆန်ဖန်တို့အာဏာလက်မဲ့ဖြစ်သွားပါပြီ။ကမ္ဘောဒီးယား ဖနွမ်ပင်မြို့တော်မှာ အာဏာအရှိ့ဆုံးက ဆိုဗီယက်သံရုံးလိုပြောစမှတ်ဖြစ်သွားပါတယ်။ကမ္ဘောဒီးယားဆိပ်ကမ်းကို ဆိုဗီယက်တို့အသုံးချခွင့်ရသွားပါတယ်။ ပိုပေါ့တို့လဲ ထိုင်းနိုင်ငံပိုင်လင်းက ရာဘာတောအုပ်တွေထဲ ရွေ့ပြောင်းအခြေစိုက်ရပါတယ်။နောက် ပြည်တွင်းပြန်ဝင်ရပါတယ်။ပိုပေါ့တို့အတွက်လိုအပ်တဲ့ စစ်လက်နက်၊ခဲယမ်းတွေကို တရုတ်က ရေကြောင်းကသယ်ပို့ပေးပါတယ်။ထိုင်းဆိပ်ကမ်းတွေကနေ ထိုင်းက ပိုပေါ့တို့ဆီထပ်ဆင့်ပို့ပေးရပါတယ်။ ဟွန်ဆန်တို့အစိုးရကို ကုလ သမဂ္ဂ မှာနေရာ၊ထိုင်ခုံမပေးပဲ ပိုပေါ့တို့ခမာနီအစိုးရကိုပဲဆက်ပေးထားပါတယ်။ဆက်သွယ်ရေးရုံးက စင်ကာပူမှာဖွင့်ထားပါတယ်။ အမေရိကန်ရော၊တရုတ်ကရောက ဟွန်ဆန်အစိုးရကို အသိအမှတ်မပြုတဲ့အတွက် ကုသမဂ္ဂမှာ ပိုပေါ့တို့ကိုဆက်ထားဖို့သဘောညီကြပါတယ်။ အင်ဒိုချိုင်းနားမှာဆိုဗီယက်ဩဇာဖြန့်ကျက်လာပြီး၊ဆိပ်ကမ်းတွေအသုံးချခွင့်ပေးလိုက်တာကို အမေရိကန်ရော၊တရုတ်ရောက မကျေနပ်ကြလို့ ပိုပေါ့ကို ဆက်အသိအမှတ်ပြုကြပါတယ်။ စစ်အေးခေတ်ပြီးတဲ့နောက် ဂျပန်၊ပြင်သစ်၊အိန္ဒိယတို့ပွဲစားလုပ်ပေးပြီး ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဟွန်ဆန် ကုလသမဂ္ဂမှာထိုင်ခုံပြန်ရလာပါတယ်။ခမာနီတွေလက်နက်ချပြီး ပိုပေါ့၊ခိယုဆန်ဖန်တို့ကို ကုလသမဂ္ဂတရားရုံးနဲ့ အေးချမ်းစွာ ဘဝကူးသည်အထိ ဆယ်နှစ်ကျော်တရားဆိုင်ထားပေးပါတယ်။ နောက် ခမာနီကို ရှုတ်ချတဲ့ ကေးလင်းဖီးလ်ရုပ်ရှင်တွေရိုက်ပါတယ်။ခရီးသွားပြတိုက်တွေဖွင့်လာပါတယ်။ ------------------------------------------- ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟွန်ဆန်ကို တစ်ဖက်လပ်ဟွန်ဆန်လို့ ကမ္ဘောဒီးယားအတိုက်အခံများကခေါ်ကြပါတယ်။ခမာနီကွန်မန်ဒိုတပ်ရင်းမှုးဟောင်းဖြစ်ခဲ့တဲ့ဟွန်ဆန်ဟာ တိုက်ပွဲအတွင်းမှာ မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ခမာနီ ရဲမေဟောင်းဖြစ်ခဲ့တဲ့ ဟွန်ဆန်ရဲ့အမျိုးသမီးဟာလည်း ခမာနီ ပိုပေါ့နဲ့ခယူဆန်ဖန်တို့ပြု့လုပ်တဲ့ New Zero လှုပ်ရှားမှု့မှာ အလုပ်ကြမ်းစခန်းမှာ နှိပ်စက်ခံခဲ့ရဖူးပါတယ်။ ကမ္ဘောဒီးယားပြည်တွင်းစစ်မှာ အမေရိကန်ကျောထောက်နောက်ခံ မင်းသားကြီးသီဟာနုကို အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ဗိုလ်ချုပ်ကြီး လုံနို တို့နဲ့မင်းသားကြီးသီဟနုကို ရုပ်ပြခေါင်းဆောင်တင်ထားတဲ့ခမာနီတို့လွမ်းမိုးတဲ့ ကန်ပူးခြားအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ကတစ်ဖက် တိုက်ခိုက်ကြပါတယ်။မင်းသားကြီကတော့ စိတ်ကောက်လိုက် တရုတ်သွားနေလိုက်၊မြောက်ကိုရီးယားသွားနေလိုက်၊ပြင်သစ်စံအိမ်သွားနေလိုက်၊တပ်ဦးဥက္ကဌပြန်လုပ်လိုက်ပါပဲ။ ပထမတော့ အာဏာသိမ်းဗိုလ်ချုပ်လုံနိုအစိုးရမှာ ရုပ်ပြ ဥသျောင် လုပ်လိုက်ပါသေးတယ်။နောက်မှ တရုတ်ကိုထွက်သွားပြီး ခမာနီနဲ့လက်တွဲတာဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲမှာ ဘက်မလိုက်ကြားနေရေးလုပ်ခဲ့တဲ့ မြန်မာပြည်က ဦးနု ကိုစစ်တပ်ကအာဏာသိမ်းခဲ့သလို၊ဘက်မလိုက်မင်းသားကြီးကိုလည်း ဗိုလ်ချုပ်ကြီးလုံနိုတို့ကအာဏာသိမ်းဖြုတ်ချလိုက်တာပါပဲ။ မင်းသားကြီးဟာ စစ်အေးတိုက်ပွဲ တရုတ်-အမေရိကန်အားပြိုင်မှု့ကြားထဲမှာ မညှပ်အောင်နဲ့ကမ္ဘောဒီးယားကွန်မြူနစ်တို့ကို တရုတ်က ပုံမလောင်းအောင်တရုတ်နဲ့နီးစပ်ပြေလည်အောင် ကြိုးပမ်းရင်း အာဏာသိမ်းခံရပြီး စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲထဲလိပ်ပါသွားပါတော့တယ်။ ကန်ပူးချားစစ်ပွဲများမှာ…
Read More
စကစ လုပ်ကွက်ကဗနီကာ(ရှာလကာရေ)ဂျိုး လုပ်ကွက်လောက်ပါ

စကစ လုပ်ကွက်ကဗနီကာ(ရှာလကာရေ)ဂျိုး လုပ်ကွက်လောက်ပါ

ဒီနေရာမှာ စတုတ္ထုစစ်အုပ်စုရဲ့ (Exist Strategy)က ရွေးကောက်ပွဲအပါအဝင် ညှိ/ထွက် လိုင်းဖြစ်ပါတယ်။ ပဉ္စမ စစ်အုပ်စုရဲ့ (Exist Hope)က စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းထဲမှာ ပုံမှန်အသက်မွေးဝမ်းကြောင်းဘဝ စိတ်ချသေချာစေဖို့ပါ။ အာဏာသိမ်း စတုတ္ထစစ်အုပ်စုက နိုင်ငံရေးပလက်ဖောင်းကိုကူးပြီး အလွတ်အကျွတ်ထွက်သွားပြီး ပဉ္စမစစ်အုပ်စုကို စစ်နွှံထဲ ဆွဲနစ်ထားခဲ့မှာဖြစ်ပါတယ်။ ပဉ္စမစစ်အုပ်စုဟာ စတုတ္ထစစ်အုပ်စုရဲ့ စစ်ကျွန်အနေနဲ့ စတုတ္ထစစ်အုပ်စု ရှင်သန်မှုသေချာသည်အထိ အရင်းအနှီးပေးရတော့မယ့်အခြေအနေဖြစ်ပါတယ်။ ကံရံမသင့်ရင် အင်စတီကျူးရှင်း ပြိုကျသွားနိုင်မယ့် ချောက်ကမ်းပါးဆီ ဦးတည်နေပြီဖြစ်ပါတယ်။ပဉ္စမစစ်အုပ်စုအတွက် မျှော်လင့်ချက်က စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကိုလက်ခံပြီး၊အစစ်အမှန်နိုင်ငံရေးနဲ့ရွေးကောက်ပွဲက ပြည်သူရွေးချယ်တင်မြောက်တဲ့ အရပ်သားအစိုးရလက်အောက်မှာနေဖို့ပဲဖြစ်ပါတယ်။ အခုစတုတ္တစစ်အုပ်စုရဲ့ ထွက်ပေါက်အစီအစဉ်တွေက ပြသနာတွေပိုမိုဆိုးဝါးစေမှာဖြစ်တဲ့အတွက် စစ်တပ်ဆိုတဲ့အင်စတီကျူးရှင်း ဆက်လက်တည်တံ့ရေးကို မသေချာအရေရာဖြစ်စေမှာဖြစ်ပါတယ်။ အခု စတုတ္ထစစ်အုပ်စု အရင်းအနှီးကြီးကြီးပေးပြီး နည်းဗျူဟာ တန်ပြန်ထိုးစစ် လုပ်တာက သူတို့အတွင်းပိုင်း ပြသနာအတွက် ရုန်းကန်တာပါ။ စကစ ဟာ စစ်မှုထမ်းဥပဒေနဲ့ အင်အားပြခြိမ်းခြောက်ရေး (Show of Force) လုပ်ဖို့ကြိုးစားပါတယ်။ဒါပေမယ့် တစ်နိုင်လုံး နေရာအကြားအလပ်မရှိတဲ့ စစ်ရင်ပြင်ကြီးကို ထိမ်းချုပ်နိုင်ဖို့ သေနင်္ဂဗျူဟာ အလှည့်အပြောင်းဖြစ်စေမယ့် အင်အားအချိုးအစားရဖို့ဆိုတာမဖြစ်နိုင်တဲ့အခြေအနေပါ။ ----------------------------------- ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယခု နောက်ဆုံးအဖြစ်အပျက် နောင်ချို၊သပိတ်ကျင်းနဲ့ဖားကန့်၊ဗန်မော်ဖြစ်စဉ်များနဲ့ပက်သက်လို့ သုံးသပ်ချက်မျိုးစုံကိုဖတ်ရှုလေ့လာရပါတယ်။ ဒီဖြစ်စဉ်များအပေါ်ကနေ ပြည်သူလူထုရဲ့ စိတ်အတက်၊အကျကို ဖန်တီးနေတဲ့ စိတ်ဓါတ်စစ်ဆင်ရေး ပရိုဂရမ်တွေကိုလည်းတွေ့ရှိရပါတယ်။ နွေဦးတော်လှန်ရေးအပေါ် ပြည်သူတွေရဲ့ စိတ်ခံစားမှုအတက်အကျကို ကိုင်တွယ်ကစားတဲ့ လုပ်ဟန်တွေကို မြင်အောင်ကြည့်ရင်မြင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးဖြစ်လို့ ပြည်သူကို ချပြဖို၊ရှင်းလင်းတင်ပြဖို့ အခက်အခဲရှိကြမှာဖြစ်ပါတယ်။စာဖတ်သူများချိန်ဆစဉ်းစားနိုင်ရန် အမြင်ရှု့ထောင့်တစ်ခုကို ဆဝါးတင်ပြဆွေးနွေးကြည့်ပါတယ်။ လက်ရှိ့ ဖြစ်စဉ်တွေက တစ်နိုင်ငံလုံးဆိုင်ရာစစ်ရင်ပြင် (War Theatre)…
Read More
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီးမှာ တိုက်ပွဲတွေဖြစ်နေလို့နိုင်ငံသားတွေကို အမေရိကန်ကသတိပေးထား

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီးမှာ တိုက်ပွဲတွေဖြစ်နေလို့နိုင်ငံသားတွေကို အမေရိကန်ကသတိပေးထား

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အနီးမှာ ထိုင်းအစိုးရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၎င်းရဲ့နိုင်ငံသားများကို သတိပေးထားပါတယ်လို့ သတင်းရရှိပါတယ်။ ထိုင်နိုင်ငံဘန်ကောက်မြို့ကအမေရိကန်သံရုံးက ဇူလိုင် ၂၄ ရက်နေ့ကထုတ်ပြန်ချက်မှာ ကမ္ဘောဒီးယားနဲ့ထိုင်းတပ်တွေနယ်စပ်တလျှောက်မှာ ဒုံးကျည်နဲ့အမြောက် ပစ်ခတ်မှု အပါအဝင် တိုက်ပွဲတွေဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More
ယူကေအစိုးရက လွန်ခဲ့သည့်သုံးနှစ်မှာ မြန်မာစစ်အစိုးရရဲ့ မတရားကွပ်မျက်ခြင်းကိုခံခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကိုအောက်မေ့သတိရတယ်လို့ဆို

ယူကေအစိုးရက လွန်ခဲ့သည့်သုံးနှစ်မှာ မြန်မာစစ်အစိုးရရဲ့ မတရားကွပ်မျက်ခြင်းကိုခံခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးကိုအောက်မေ့သတိရတယ်လို့ဆို

ဇူလိုင်၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှာ ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးနဲ.အခုအချိန်ထိ ဆက်လက်ပြီး မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူတွေအားလုံးကိုလည်း အောက်မေ့သတိရပါတာ်လို့ ရန်ကုန်မြို့ ​ဗြိတိသျှသံရုံးက ဇူလိုင် ၂၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ၄င်းတို့ဟာအကြမ်းဖက်စစ်ဆေးမှုများ၊ နှိပ်စက်ညှင်းပန်းမှုများကြုံတွေ့ရသည့်အပြင် လုံလောက်သောဆေးဝါးကုသမှုရရှိပိုင်ခွင့်ကို ငြင်းပယ်ခံရခြင်းများနှင့်လည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီးအခုအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး နိုင်ငံရေးအကျဥ်းသား ၇,၀၀၀ နီးပါး ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရပါနာ်။ (more…)
Read More
ကျွန်တော် ထွက်မပြေးပါဘူး ရဲဘော်တို့၊ စိတ်မပူကြပါနဲ့” – ဟွန်ဆန်

ကျွန်တော် ထွက်မပြေးပါဘူး ရဲဘော်တို့၊ စိတ်မပူကြပါနဲ့” – ဟွန်ဆန်

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းသတင်းစာတွေ ဖော်ပြသလို သူ တရုတ်နိုင်ငံကို ထွက်ပြေးသွားတာ မဟုတ်ကြောင်း ဓာတ်ပုံတွေနဲ့ ထုတ်ပြလိုက်တယ်လို့ BBC က​ဇူလိုင် ၂၄ ရက်နေ့နှောင်းပိုင်းကဖော်ပြပါတယ်။ (more…)
Read More
ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေကထိုင်းနယ်စပ်ရှိ နယ်မြေများကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးဒဏ်ရာရရှိခဲ့

ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေကထိုင်းနယ်စပ်ရှိ နယ်မြေများကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးဒဏ်ရာရရှိခဲ့

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက BM-21 Grad 122mm ဒုံးပစ်လောင်ချာမျိုးစုံကို အသုံးပြုပြီး ထိုင်းနိုင်ငံရှိ ဆူရင်နဲ့ Sisaket နယ်စပ်ဒေသတွေကို ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့တယ်လို့ The Nation ကဇူလိုင် ၂၄ ရက်မှာဖော်ပြပါတယ်။ ကနဦးသတင်းတွေအရ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက Sisaket ခရိုင် Ban Phue၊ Kantaralak မြို့ Ban Phue ရှိ PTT ဓာတ်ဆီဆိုင်အတွင်း တည်ရှိတဲ့ 7-Eleven ကုန်စုံဆိုင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားတွေနဲ့အရပ်သားတွေအပါအဝင် ထင်ရှားတဲ့အသေအပျောက်တွေရှိခဲ့ပါတယ်။ (more…)
Read More
ထိုင်းက ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကြဲတိုက်ခိုက်

ထိုင်းက ကမ္ဘောဒီးယားစစ်စခန်းကို ဗုံးကြဲတိုက်ခိုက်

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယနေ့ ဇူလိုင် ၂၄ရက်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်မှာ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်များက ကမ္ဘောဒီးယား စစ်အခြေစိုက်စခန်း ချုံအာမကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ The Nation ကဖော်ပြပါတယ်။ (more…)
Read More
မြန်မာနိုင်ငံမှာ နောက်ထပ် အတုအယောင် ရွေးကောက်ပွဲ – Burma Campaign UK မှ အကျဉ်းချုပ်အသစ်ထုတ်ပြန်

မြန်မာနိုင်ငံမှာ နောက်ထပ် အတုအယောင် ရွေးကောက်ပွဲ – Burma Campaign UK မှ အကျဉ်းချုပ်အသစ်ထုတ်ပြန်

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Burma Campaign UK က ‘မြန်မာ့စစ်အစိုးရရဲ့‘ရွေးကောက်ပွဲများ’- ရက်စွဲသစ်၊ အန္တရာယ်သစ်၊ အတုအယောင်အသစ်’ ဆိုတဲ့ရှင်းလင်းချက်စာတမ်းသစ်ကို ဇူလိုင် ၂၃ရက်နေ့ကထုတ်ဝေပါတယ်။ မြန်မာစစ်တပ်ဟာ ၂၀၂၅ ခုနှစ်အကုန်မှာရွေးကောက်ပွဲအသစ်ကျင်းပဖို့ စီစဉ်နေပါတယ်။ ၎င်းတို့ဟာ လုံးဝအတုအယောင်ဖြစ်ပြီး နိုင်ငံတကာနဲ့ ပြည်တွင်းမှာ လူအများစုက ပယ်ချခံရမှာဖြစ်ပါတယ်။ ဒါကို ဗမာစစ်တပ်က သိပေမယ့် အရေးမကြီးဘူးလို့ တွက်နေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောချင်တယ်။ ဒီရွေးကောက်ပွဲတွေကို ပယ်ချခဲ့ပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ယခင်က တရားမ၀င်လို့ ဖော်ပြခဲ့တဲ့စစ်အစိုးရကို ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပြီး တရားဝင်အစိုးရလိုထောက်ခံအားပေးခဲ့ကြပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းတာကို ကြိုက်သလောက် ရွေးကောက်ပွဲကို ကြိုက်ပါတယ်” လို့Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။ “မြန်မာစစ်တပ်အတွက်၊ ရွေးကောက်ပွဲဟာ ပြုပြင်ပြောင်းလဲရေးတွေ နောက်ဆုံးဖြစ်နေပြီဆိုတာကို မြန်မာပြည်သူပြည်သားတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဆွဲဆောင်ဖို့ ကြိုးစားဖို့ အခွင့်အရေးတစ်ခုပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်းက သူတို့လုပ်ခဲ့တုန်းကလိုပဲ စစ်အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာနိုင်တဲ့ အန္တရာယ်ရှိတယ်"လို့သူကဆက်ပြောပါတယ်လို့ဆိုပါတယ်။ ဗမာစစ်တပ်ဟာ ၎င်းရဲ့ အသက်ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ဘီဘီစီက ခန့်မှန်းချက်အရစစ်တပ်ဟာ တိုင်းပြည်ရဲ့ ၂၀% ဝန်းကျင်ကို အပြည့်အဝထိန်းချုပ်ထားပါတယ်။ ၎င်းရဲ့နောက်ဆုံးပေါ် စီမံခန့်ခွဲရေးအမှတ်တံဆိပ်အမည်ဖြစ်တဲ့ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ (SAC) ဟာနိုင်ငံတကာရဲ့တရားဝင်မှုကို လိုချင်တောင့်တပေမယ့်လည်းမရခဲ့ပါ။ ဗမာစစ်တပ်က ဂိမ်းပြောင်းလဲသူလိုအပ်နေပါတယ်။ ပြန်လည်သတ်မှတ်ခြင်းပါ။ တရုတ်က ရွေးကောက်ပွဲ…
Read More
ကမ္ဘောဒီးယားဘက်က ထိုင်းကိုရော့ကက်နဲ့ပစ်ခတ်

ကမ္ဘောဒီးယားဘက်က ထိုင်းကိုရော့ကက်နဲ့ပစ်ခတ်

ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယားဘက်ကပစ်ခတ်တဲ့ BM-21 ဒုံးပျံဟာ Sisaket ခရိုင် Ban Phue၊ Kantharalak ခရိုမြို့ Ban Phue ရှိ PTT ဓာတ်ဆီဆိုင်ကို ထိမှန်ခဲ့ပြီး ကျောင်းသားနဲ့အရပ်သား အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ဒုတိယတပ်မတော် တိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်တယ်လို့ Thai Enquire သတင်းက ဇူလိုင် ၂၄ ရက်မှာဖော်ပြပါတယ်။ (more…)
Read More