စိတ်ကူးယဉ်(ယူတိုးပီးယား) နိုင်ငံတော်လား အောင်ပွဲရသူတို့၏ နိုင်ငံတော်လား
------------------------------------------------- ဖေဖော်ဝါရီ ၅၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) “အခြေခံဥပဒေဆိုတာ အောင်ပွဲရသူတို့ရဲ့ အောင်ပွဲရပြီးတဲနောက် သရဖူဆောင်းတဲ့ အလုပ်ဖြစ်တယ်”လို့ ရဲဘော်ဗိုလ်ကြင်မောင်က ဆိုခဲပါတယ်။လက်တွေ့နိုင်ငံရေးမှာလည်း အမေရိကန်အခြေခံဥပဒေကအစ သမိုင်းအချက်အလက်များစွာကပြဆိုနေပါတယ်။ လက်တွေ့နိုင်ငံရေးသဘောတရားနဲ့နေသူတို့ကတော့ အခြေခံဥပဒေနဲ့ နိုင်ငံရေးမကစားဖူး၊အစိုးရဖွဲ့တန်း မကစားဖူးလို့ ဝတ္တရားရှိ့ရှိ့ ပြောကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ၂၀၁၉ ခုနှစ်က အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီး ပြင်ဆင်ဖို့ကြိုးစားခဲကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ရဲ့ တွေ့ရှိ့ချက်များကို ထိုစဉ်က လွတ်တော်မှာ တင်သွင်းခဲ့ပါတယ်။တစ်ဖက်မှလည်း ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး ပြည်ထောင်စုအဆင့် သဘောတူစာချုပ်တွေချုပ်ဆိုခဲပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းပြင်ဆင်ရေးကော်မတီရဲ့ တွေ့ရှိ့ချက်ကို တင်ပြထားတဲ့ မြန်မာနောင်းက သတင်းတစ်ပုတ်ဖော်ပြချက် ကို ကောက်နုတ်တင်ပြပါမယ်။ “၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲခွဲပြီးနောက် ထောက်ခံမဲများသည့်အတွက် အတည်ပြုလိုက်သည်။ ထောက်ခံမဲ ၄၀၁ မဲ ၊ကန့်ကွက်မဲ ၁၉၇ မဲ ၊ ကြားနေမဲမရှိ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ ချက်ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (ANP)က ၈၅၈ ချက်၊ မွန်အမျိုးသားပါတီက ၆၄၁ ချက်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ၄၆၂ချက်၊ တအောင်းပလောင်ပါတီက ၁၇၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ချက် အကြံပြုထားသည်။ မဲခွဲအတည်ပြုပြီးနောက် အဆိုပြုချက် ၃၇၆၆…