admin

425 Posts
သရက်ချောင်းနယ်၊ စစ်တပ်ဂိတ်နဲ့စခန်းကုန်းတခုကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် ၅ဦးသေ၊ လက်နက်ခဲယမ်းတွေသိမ်းနိုင်ခဲ့

သရက်ချောင်းနယ်၊ စစ်တပ်ဂိတ်နဲ့စခန်းကုန်းတခုကိုတိုက်ခိုက်သိမ်းပိုက်၊ စစ်အုပ်စုဝင် ၅ဦးသေ၊ လက်နက်ခဲယမ်းတွေသိမ်းနိုင်ခဲ့

ဇန်နဝါရီ ၃၀၊ ၂၀၂၅။  သောင်ရင်းသတင်းလွှာ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဒေသတော်လှန်ရေးတပ်ပေါင်းစုက စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းတာဝန်ရှိသူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ မနေ့ မွန်းလွဲ ၂နာရီခန့်က စစ်အုပ်စုဂိတ်နဲ့စခန်းကုန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ၅နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၅ဦးအထက်သေ၊ ၄ဦးလက်ရဖမ်းမိထားပြီး လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်နိုက်ခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
မုံရွာသာစည်ရဲစခန်းကထွက်လာတဲ့ ရဲနဲ့ပျူစေယထီးတွေ ကြားဖြတ်မိုင်းဆွဲခံရလို့ ၄ဦးဒဏ်ရာရ

မုံရွာသာစည်ရဲစခန်းကထွက်လာတဲ့ ရဲနဲ့ပျူစေယထီးတွေ ကြားဖြတ်မိုင်းဆွဲခံရလို့ ၄ဦးဒဏ်ရာရ

ဇန်နဝါရီ ၃၀၊ ၂၀၂၅/ သောင်ရင်းသတင်းလွှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ပျူစောထီးတွေကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၃၀ ADRPAအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်နေ့မနက် ၈နာရီခွဲခန့်က ရဲနဲ့ပျူစောထီးအင်အား ၂၀ခန့်ကို ကြိုတင်သတင်းရတဲ့အတွက် ရဲစခန်းအနီး လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၄ဦးဒဏ်ရာရ ၂ဦးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့သိရပါတယ်။ (more…)
Read More
PDFနဲ့တိုက်ပွဲဖြစ်ပြီး အထိနာသွားတဲ့စစ်အုပ်စုက ကျေးရွာတွေထဲဝင်မီးရှို့ပြီး ပစ္စည်းတွေခိုးယူနေ

PDFနဲ့တိုက်ပွဲဖြစ်ပြီး အထိနာသွားတဲ့စစ်အုပ်စုက ကျေးရွာတွေထဲဝင်မီးရှို့ပြီး ပစ္စည်းတွေခိုးယူနေ

ဇန်နဝါရီ ၃၀၊ ၂၀၂၅/သောင်ရင်းသတင်းလွှာ မကွေးတိုင်း၊ စလင်းနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒေသတော်လှန်ရေးတပ်တွေပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာသွားလို့ ရွာထဲဝင်မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေခိုးယူနေကြတယ်လို့ ဒေသခံတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့မနက် ၁၀နာရီနဲ့ ၁၂နာရီဝန်းကျင်တွေမှာ စလင်းမြို့နယ်၊ အုန်းတောကျေးရွာနဲ့ကညှပ်ကျေးရွာတွေကိုဝင်ရောက်ပြီး မီးရှို့ပစ္စည်းခိုးနေတာလို့သိရပါတယ်။ (more…)
Read More
အလင်းဝင်လာသူတွေက အောင်ဇေယျစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ရှေ့တန်းရဲဘော်တွေစားသောက်ရေးအတွက် အချက်အပြုတ်ကူညီပေးနေ

အလင်းဝင်လာသူတွေက အောင်ဇေယျစစ်ကြောင်းကိုတိုက်ခိုက်နေတဲ့ရှေ့တန်းရဲဘော်တွေစားသောက်ရေးအတွက် အချက်အပြုတ်ကူညီပေးနေ

ဇန်နဝါရီ ၃၀၊ ၂၀၂၅/သောင်ရင်းသတင်းလွှာ ကရင်ပြည်နယ်အတွင်း၊ စစ်ကြောင်းထိုးလာတဲ့အောင်ဇေယျစစ်ကြောင်းကနေအလင်းဝင်ရောက်လာသူတွေက ရှေ့တန်းစစ်မျက်နှာရောက် PDFတွေစားရေးသောက်ရေးအတွက် ကူညီချက်ပြုတ်ပေးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲကထုတ်ပြန်ထားပါတယ်။ #သောင်ရင်းသတင်းလွှာ #ကရင်ပြည်နယ် #အောင်ဇေယျစစ်ကြောင်း #အလင်းဝင်လာသူတွေ
Read More
စစ်တပ်အရာခံဗိုလ်၁ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

စစ်တပ်အရာခံဗိုလ်၁ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

ဇန်နဝါရီ ၃၀၊ ၂၀၂၅/ သောင်ရင်းသတင်းလွှာ ကရင်နီပြည်နယ်၊ ဖရူဆိုအခြေစိုက် ခမရ ၅၃၁က အရာခံဗိုလ်တဦး စစ်အုပ်စုဘက်ကနေ တော်လှန်ရေးဘက်ကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ KNDF ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ရက်နေ့က စစ်မှုထမ်းသက် နှစ်၄၀ကျော်ရှိနေတဲ့ အရာခံဗိုလ်ဟာ အကြမ်းဖက်စစ်အုပ်စုဆီမှာ ဆက်လက်အမှုထမ်းလိုတာကြောင့် KNDFထံအလင်းဝင်ရောက်ခဲ့တာလို့သိရပါတယ်။ (more…)
Read More