admin

515 Posts
စစ်တပ်ဒေါက်တိုင် ခရိုနီတေဇ၏သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှား

စစ်တပ်ဒေါက်တိုင် ခရိုနီတေဇ၏သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှား

ဇူလိုင်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အကြမ်းဖက် စစ်တပ်၏ ဒေါက်တိုင် ခရိုနီ တေဇ၏ သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချ ဖယ်ရှားလိုက်ကြောင်း Justice For Myanmar(JFM) က ဇူလိုင် ၁၈ရက်သတင်းထုတ်ပြန်သည်။ ရေချယ်တေဇအကြောင်း ဖော်ပြထားသော ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue Italia ၏ မိခင်ကုမ္ပဏီ Condé Nast ထံသို့ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားသည့် အွန်လိုင်း စာမျက်နှာကို Vogue Italia website မှ ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများနှင့် OECD ၏ တာ ဝန်ရှိသော စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့သည့် Vogue Italia မဂ္ဂဇင်း ၏ လုပ်ဆောင်ချက်ကို JFM က ကြိုဆိုကြောင်း၊ ခရိုနီ တေဇ ၏သမီးဖြစ်သူ ရေချယ်တေဇ သည် ထူးအုပ်စုတွင် တာဝန်ရှိသူဖြစ်သည့်အပြင်၊ မြန်မာစစ်အုပ်စု၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူ ဖြစ်ကြောင်း JFM က ဆိုသည်။ (more…)
Read More
ထိုင်း မူးယစ်တရားခံပြေး ၂ ဦးကို မြန်မာမှ ပြန်လည်လွှဲပြောင်း

ထိုင်း မူးယစ်တရားခံပြေး ၂ ဦးကို မြန်မာမှ ပြန်လည်လွှဲပြောင်း

ဇူလိုင်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမှ မူးယစ်အမှုဖြင့် အလိုရှိသည့် ထိုင်းနိုင်ငံသား တရားခံပြေး ၂ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC)က ဇူလိုင် ၁၇ရက်ကထုတ်ပြန်သည်။ (more…)
Read More
အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် [၇၈နှစ်ပြည့် အာဇာနည်နေ့ (၁၉ ဇူလိုင်) လှုပ်ရှားမှု]

အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် [၇၈နှစ်ပြည့် အာဇာနည်နေ့ (၁၉ ဇူလိုင်) လှုပ်ရှားမှု]

အာဇာနည်တို့ မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် [၇၈နှစ်ပြည့် အာဇာနည်နေ့ (၁၉ ဇူလိုင်) လှုပ်ရှားမှု] ဇူလိုင်ရဲ့ မိုးရေစက်တွေနဲ့ အတူ ... ဇူလိုင်လဟာ ကြေကွဲဖွယ်ရာတွေရဲ့ လတလဖြစ်ပါတယ်။ ကျောင်းသားတွေ သွေးမြေခခဲ့ရတဲ့ ၇ ဇူလိုင်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်၉ဦး လုပ်ကြံခံခဲ့ရတဲ့ ၁၉ ဇူလိုင်၊ ကိုဂျင်မီ ကိုဇေယျာသော်တို့အပါအဝင် ရဲဘော် ၄ဦးကို စစ်အုပ်စုက တရားလက်လွှတ် သတ်ဖြတ်ခဲ့တဲ့ ၂၃ ဇူလိုင် ... စသဖြင့်။ ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေးနဲ့ တန်းတူညီမျှရေးတို့အတွက် အသက်ကို စတေး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်အပေါင်းရဲ့ ဂုဏ်ဟာ ကျနော်တို့ ဖြတ်သန်းနေကြရတဲ့ နွေဦးခရီးရှည်ရဲ့ မောင်းနှင်အားတခုပဲဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၁၉ရက်နေ့ (အာဇာနည်နေ့)မှာ ပေးဆပ်သူ အပေါင်းရဲ့ ဂုဏ်ရည်ကို မျှော်မှန်းကာ အလေးအမြတ်ပြုကြမှာဖြစ်ပါတယ်။ မိမိတို့ နေထိုင်ရာ မြို့အသီးသီး၊ နေရာအသီးသီးမှာ ရှိကြတဲ့ အာဇာနည်အထိမ်းအမှတ်နေရာတွေမှာ စုဝေးပြီး အာဇာနည်တွေကို အလေးအမြတ်ပြုကြမယ်။ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့ရတဲ့ ၁၀နာရီ ၃၇ မိနစ်မှာ ကားဟွန်းတီးသံတွေ၊ ဥသြသံတွေနဲ့ ဝမ်းနည်းမှု ထုတ်ဖော်ပြသကြမယ်။ အာဇာနည်နေ့နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ဖြစ်ရပ်တွေ အထင်ကရ သမိုင်းသင်ခန်းစာတွေ ဟောပြောကြမယ်၊ မျှဝေကြမယ်။ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် တော်လှန်ရေးခရီးရှည်အတွင်းမှာ ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေအကြောင်းလည်း ပြန်လည်ထုတ်ဖော်ကြမယ်။ (more…)
Read More
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အာဇာနည်နေ့ကိုဂုဏ်ပြုကြောင်းထုတ်ပြန်

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက အာဇာနည်နေ့ကိုဂုဏ်ပြုကြောင်းထုတ်ပြန်

ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၅ခုနှစ် ဇူလိုင်လ ၁၉ရက်မှာကျရောက်သော ၇၈ကြိမ်မြောက် အာဇာနည်နေ့အား ဂုဏ်ပြုကြောင်းရန်ကုန်မြို့ရှိ အမေရိကန်သံရုံးကထုတ်ပြန်သည်။ (more…)
Read More
ယူကေအစိုးရသည် မြန်မာပြည်သူပြည်သားများနှင့် ၄င်းတို့ရည်မှန်းသော ဒီမိုကရေစီနှင့်လွတ်လပ်မှုတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်သည်ဟု အာဇာနည်နေ့တွင် ​ရန်ကုန်မြို့ရှိဗြိတိသျှသံရုံးက ထုတ်ပြန်

ယူကေအစိုးရသည် မြန်မာပြည်သူပြည်သားများနှင့် ၄င်းတို့ရည်မှန်းသော ဒီမိုကရေစီနှင့်လွတ်လပ်မှုတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည် ဖြစ်သည်ဟု အာဇာနည်နေ့တွင် ​ရန်ကုန်မြို့ရှိဗြိတိသျှသံရုံးက ထုတ်ပြန်

ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် (၈) ဦးတို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသောနေ့ကို အောက်မေ့သတိရသည့် (၇၈) နှစ်ပြည့် အာဇာနည်နေ့ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံအနာဂတ်အတွက်ကြိုးပမ်းရာတွင် အသက်စတေးခဲ့ကြသူများအားလုံးကို ဗြိတိသျှသံရုံး၊ရန်ကုန်အနေဖြင့် မြန်မာပြည်သူများနှင့်ထပ်တူ လေးစားအမှတ်ရနေပါသည်။ (more…)
Read More
ရွေးကောက်ပွဲ နီးလာချိန်တွင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်သည် ငါးနှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ်အာဇာနည်နေ့ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် လာခဲ့

ရွေးကောက်ပွဲ နီးလာချိန်တွင် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်သည် ငါးနှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ်အာဇာနည်နေ့ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် လာခဲ့

ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် စစ်တပ်ကလုပ်မည့် အတုယောင် အထွေထွေရွေးကောက်ပွဲနီးကပ်လာချိန်မှာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် အာဇာနည်နေ့နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာစစ်ခေါင်းဆောင် တက်ရောက်ခဲ့သည်။ (more…)
Read More
မြန်မာပြည်သူများနှင့်တကွ ပိုမိုတောက်ပသောအနာဂတ်အတွက်ကြိုးပမ်းနေကြသူအားလုံးအား လေးစားဂါရဝပြုပါသည်ဟု ရန်ကုန်မြို့ရှိသြစတေးလျှသံရုံးကအာဇာနည်နေ့တွင်ထုတ်ပြန်

မြန်မာပြည်သူများနှင့်တကွ ပိုမိုတောက်ပသောအနာဂတ်အတွက်ကြိုးပမ်းနေကြသူအားလုံးအား လေးစားဂါရဝပြုပါသည်ဟု ရန်ကုန်မြို့ရှိသြစတေးလျှသံရုံးကအာဇာနည်နေ့တွင်ထုတ်ပြန်

ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယနေ့သည် အာဇာနည်နေ့ဖြစ်ပါသည်။ (more…)
Read More
မင်းအောင်လှိုင်ကို ဘာရလိမ့်မလဲ သာဝရယ်လုပ်လိုက်တဲ့ ထရမ့်

မင်းအောင်လှိုင်ကို ဘာရလိမ့်မလဲ သာဝရယ်လုပ်လိုက်တဲ့ ထရမ့်

၂၀၀၈ အခြေခံဥပဒေနဲ့၂၀၁၀,၂၀၁၂ ကြားဖြတ်တို့ကို ပြန်ကြည့်ရင် အမေရိကန်ရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ပရိုဂရမ်မျိုးစုံနဲ့ တာဝန်ယူ၊တာဝန်ခံမှုရှိတယ်လို့ ပြောလို့ရပါတယ်။ သိသာတာကတော့ ဒေါ်စုနေအိမ်အကျယ်ချုပ်ကျနေစဉ်မှာ သန်းရွှေစစ်အုပ်စုနဲ့ဒေါ်စုတို့ကိုလာတွေ့သွားတဲ့ အမေရိကန်၊အရှေ့တောင်အာရှ ဒါရိုက်တာ ကပ်ကမ်းဘဲလ်ရဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလိုက်ပါခဲ့တဲ့ CIA ရဲ့ စာချုပ်ဝန်ထမ်း အဲရစ်မာဖြူက BURMA Hazard ဗမာ့လောင်းကြေး ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပါတယ်။ အဆိုပါစာအုပ်မှာ အမေရိကန်က ဗမာ လမ်းပြမြေပုံပေါ်ခုန်တက်လှေကြုံစီးခြင်းဆိုတဲ့အခန်းလဲပါပါတယ်။ နောက် စစ်အုပ်စုရဲ့ လမ်းပြမြေပုံအစွန်‌ရောင်းထုတ်ခြင်း ခေါင်းစဉ်နဲ့တစ်ခန်း ပါပါတယ်။ တရုတ်က ကျောက်ဖြူနဲ့OBOR ပရောဂျက်တွေသာ လက်ဦးသွားရင် အိန္ဒိယသမုဒ္ဒရာထဲဖြတ်သန်းနေတဲ့ ကွန်တိန်နာနဲ့ လောင်စာစွမ်းအင်ဈေးကွက်ရဲ့ သုံးပုံ /နှစ်ပုံလောက် တရုတ်ကဈေးကွက်အုပ်စီးမိသွားမယ်ဆိုပါတယ်။ ဒေါ်စုနဲ့ဒေါက်တာကပ်ကမ်းဘဲလ်တို့တွေ့တော့ ဒေါ်စုက မြန်မာစစ်ဗိုလ်တွေရဲ့ တရုတ်အပေါ်စိုးရိမ်မှုကို သူမနားလည်ပါတယ်။သူမအနေနဲ့တော့ မြန်မာပြည်စစ်မှန်တဲ့ဒီမိုကရေစီရရှိသည်အထိနောက်ဆုံးအချိန်ထိမဆုတ်မနစ်အားထုတ်လုပ်ကိုင်သွားမယ်ဆိုခဲ့ပါတယ်။ စစ်အုပ်စုလမ်းပြမြေပုံကို အာရှတစ်လွှားလိုက်ရောင်းတဲ့ ဒေါက်တာကပ်ကမ်းဘဲလ်ကို ဘာလို့အခုလိုပြန်ပြောတာလဲ မရှင်းထားပါဘူး။ စစ်အုပ်စုလမ်းပြမြေပုံ က စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (တစ်နည်းအားဖြင့်) ၂၀၀၈ အခြေခံဥပဒေ နဲ့ပက်သက်လို့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီအပေါ်ဒေါ်စုက ဒေါက်တာကပ်ကမ်းဘဲလ်ကို တုံ့ပြန်လိုက်တယ်လို့ယူဆပါတယ်။ -------------------------------------------------- ဇူလိုင်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံခြားရွေးကောက်ပွဲများအပေါ်ဝေဖန်မှတ်ချက်မပေးရန် ထရမ့်အစိုးရက ကမ္ဘာအနှံ့ရှိ အမေရိကန် သံတမန်များကို ညွှန်ကြားဆိုတဲ့သတင်းနဲ့ပက်သတ်ကာ စစ်အာဏာရှင်တို့လုပ်မယ့်ရွေးကောက်ပွဲနဲ့ တွဲဆက်စဉ်းစားပြီး စိုးရိမ်သံတွေကြားရပါတယ်။စကစဘက်တော်သား တွေလက်‌‌ပေါက်ပန်းခတ်ကြပါတယ်။ ဒီအချက်က အခြားရှု့ထောင့်ကစဉ်းစားရင် မြန်မာပြည်က မအလ ရွေးကောက်ပွဲရလာဒ်ကို အမေရိကန်စိတ်မဝင်စားဘူးဆိုတာ ပြသလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတာက -ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ (Political Violence) နိုင်ငံရေးမငြိမ်မသက်မှုတွေ၊ -ရွေးကောက်ပွဲကာလအတွင်းဖြစ်ပေါ်လာမယ် (Election Riot)…
Read More
မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် အိန္ဒိယကတားမြစ်ထားသော လက်နက်ကိုင်အဖွဲ့ United Liberation Front of Asom-Independent (ULFA-I) ၏ အရှေ့ဘက်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယစစ်တပ်က ငြင်းဆိုထားသည်ဟု NTV သတင်းကဇူလိုင် ၁၄ရက်တွင်ဖော်ပြသည်။ ယဇူလိုင် ၁၃ရက်နေ့တွင် အိန္ဒိယကတားမြစ်ပိတ်ပင်ထားသည့် ULFA-I သည် မြန်မာနိုင်ငံဘက်ရှိ ၎င်း၏ အရှေ့ခြမ်းဌာနချုပ်ကို အိန္ဒိယစစ်တပ်မှ ဒရုန်းများဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် ၎င်းတို့၏ ကေဒါ ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တစ်ခုတွင် တားမြစ်ထားသော ULFAက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ULFA အကြီးတန်းတပ်မှူး Nayan Medhi ကျဆုံးခဲ့ပြီး မဏိပူရပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ နိုင်ငံရေးမှူးဖြစ်သည့် တော်လှန်ရေးတပ်ဦး (RPF) အပါအဝင် မဏိပူရသူပုန်အဖွဲ့မှ ကေဒါအချို့လည်း သေဆုံးကာ အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် အိန္ဒိယစစ်တပ်က ယင်းပြောဆိုချက်များကို ငြင်းဆိုထားသည်။ “ဒီလို စစ်ဆင်ရေးမှာ အိန္ဒိယစစ်တပ်နဲ့ သွင်းအားစုတွေ မရှိဘူး” ဟု PRO ကာကွယ်ရေးဝန်ကြီး ဌာန Guwahati မှ ဒုဗိုလ်မှူးကြီး Mahendra Rawat က IANS သို့ ပြောကြားခဲ့သည်။ (more…)
Read More
မြန်မာစစ်တပ်နှင့်အရပ်သား ရာနှင့်ချီ ထိုင်းနယ်စပ်ကို ထွက်ပြေး

မြန်မာစစ်တပ်နှင့်အရပ်သား ရာနှင့်ချီ ထိုင်းနယ်စပ်ကို ထွက်ပြေး

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်၏အခြေစိုက်စခန်းတခုကို တိုင်းရင်းသား တိုက်ခိုက်ရေးသမားများ၏ချေမှုန်းမှုအပြီး ဇူလိုင် ၁၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အရပ်သားနှင့်စစ်သား ၅၀၀ ကျော် ထိုင်းနိုင်ငံကို ဖြတ်ကျော် ထွက်ပြေးခဲ့သည်ဟု ထိုင်းစစ်တပ်က ပြောကြောင်း The Laotian Times သတင်းကဇူလိုင် ၁၄ရက်တွင်ဖော်ပြသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းပဋိပက္ခတွင် နစ်မြုပ်နေခဲ့ပြီး စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ဒီမိုကရေစီ လိုလားသော တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဇူလိုင်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ဝန်းကျင်တွင် ကရင်ပြည်နယ်ရှိ စစ်စခန်းတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။ “မြန်မာစစ်သားတွေက သူတို့ရဲ့စခန်းကို ခုခံကာကွယ်ဖို့ လက်နက်အင်အား ပံ့ပိုးပေးဖို့ တောင်းဆိုကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ခဲ့တယ်” ဟု ၎င်းကဆိုသည်။ မြန်မာစစ်သား ၁၀၀နှင့် အရပ်သား ၄၆၇ ဦးတို့သည် ထိုင်းနိုင်ငံအတွင်းသို့ ဇူလိုင် ၁၂ရက်နေ့က ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်းစစ်တပ်နှင့် ရဲများက ၎င်းတို့အား လက်နက်ဖြုတ်သိမ်းကာ ကုသရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ (more…)
Read More