ဆောင်းပါး

မြန်မာ့နိုင်ငံရေး အကျဉ်းသားများအပေါ် အာဆီယံက နှုတ်ဆိတ်နေမှု

မြန်မာ့နိုင်ငံရေး အကျဉ်းသားများအပေါ် အာဆီယံက နှုတ်ဆိတ်နေမှု

အရပ်ဝတ်ရဲများက သတိမေ့အောင်ရိုက်နှက်ကာ နာမည်ဆိုးဖြင့်ကျော်ကြားသော အိုးဘိုထောင်သို့ ပို့ခဲ့သည်။ အိုးဘိုထောင်တွင်သူသည်ရက်စက်ကြမ်းကြုတ်ဝေါညှဉ်းပန်းနှိပ်စက်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုနှင် အရှက်ခွဲခံရခြင်းများကိုကြုံတွေ့ခဲရသည်။ အမျိုးသမီး အကျဉ်းသူများ၏အခြေအနေကို မေးသည့်အခါ သူသည်တုန်လှုပ်သွားပြီး သူ့မျက်လုံးများမှ မျက်ရည်များစီးကျလာခဲ့သည်။ ခေတ္တရပ်ပြီး နောက်မှ ပြန်ပြောမယ်ဟုတိတ်တဆိတ် ပြောလိုက်သည်။ ထိုမှောင်မိုက်မှုထဲတွင်ပင် ခံနိုင်ရည်ရှိနေဆဲဖြစ်သည်- ကွန်ကရစ်နံရံများမှတဆင့် တိုးတိုးလာသော တော်လှန်ရေးသီချင်းများ၊ခိုးသွင်းထားသောကြက်ဥပြုတ်များကိုအချင်းချင်းလက်ဆင့်ကမ်းကြခြင်း၊"ငါတို့အတူတူဘဲ" ဆိုသည့် စကားလုံးပါသော စာရွက်တစ်ရွက်ကို လက်ဆင့်ကမ်းကြခြင်းများကြုံတွေ့ခဲ့ရသည်ဟုသူကပြောသည်။ "ဒါတွေဟာ ကြင်နာမှုကိုပြတဲ့ အမူအရာတွေ မဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အံတုတဲ့ အပြုအမူတွေပါ"ဟုသူကဆက်ပြောသည်။ အောင်ထွန်းဦးရဲ့ ဇာတ်လမ်းက မထူးဆန်းပါ။ အကျဉ်းသား ၇၀၀ အတွက် ဒီဇိုင်းထုတ်ထားသော အကျဉ်းထောင်များသည် မကြာခဏ ၁၂၀၀ ကျော်ရှိသည်။ အညစ်အကြေး ပိုများလာသည်။ ကူးစက်ရောဂါများပို များလာသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းသည် လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အကျဉ်းသားများအား ဂျင်းပြုတ်ရေ (သို့) ငါးပိများကိုသာ "ဆေး" အဖြစ် ပေးထားသည့် အခြေခံစောင့်ရှောက်မှုကို ငြင်းပယ်ခံခဲ့ရသည်။ ၂၀၂၁ခုနှစ်မှစ၍ အချုပ်ထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃၀ သေဆုံးခဲ့ရပြီး အများစုမှာ ညှဉ်းပန်းနှိပ်စက်မှု၊ မကုသရသေးသော နာမကျန်းမှု သို့မဟုတ် ကွပ်မျက်ခြင်းများကြောင့် ဖြစ်သည်။ ဇူလိုင်လ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကွာလာလမ်ပူတွင် ဇူလိုင် ၈ ရက်မှ ၉ ရက်အထိ ကျင်းပသည့် ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင် သံတမန်ရေးရာ ယဉ်ကျေးသိမ်မွေ့မှုနှင့် ဇာတ်ညွှန်းရေးထားသော ကြေညာချက်များထက် ကျော်လွန်ရမည့် ကိစ္စရပ်မှာ- မြန်မာ့…
Read More
စကစ ငြိမ်းချမ်းရေးဖိုရန်နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုသဘောတူညီချက် များကံကြမ္မာ

စကစ ငြိမ်းချမ်းရေးဖိုရန်နှင့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုသဘောတူညီချက် များကံကြမ္မာ

ဇွန်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုဖက်က ရွေးကောက်ပွဲ မီးရှူးမီးပန်းဖောက်ပြီး ငြိမ်းချမ်းရေး ဗလာကျည် အသံကျယ်ကျယ်ပစ်ဖောက်လာပါတယ်။ လက်တွေလုပ်‌လေ့ရှိ တာကတော့ စစ်ရေးဖိအားပိုပေးဖို့က နောက်ကဆက်လိုက်လာမှာပဲဖြစ်ပါတယ်။ မြန်မာတို့ပြောကျသလို ပါးစပ်က ဘုရားဘုရားဆိုရင် လက်ကကားယား ကားယား ပေါ့။ နိုင်ငံရေးစကားအရဆို ဗိုလ်နေဝင်းငြိမ်ချမ်းရေး ဖိတ်ခေါ်တာကို ပဲခူးရိုးမ ဗကပ ဗဟိုမှာ ဘယ်လိုတုံ့ပြန်မလဲဆွေးနွေးကြတော့ ရဲဘော်ဌေးက ဗိုလ်နေဝင်းက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရေားဖို့ပဲ၊ဆိတ်သားရောင်းမှာလား၊ခွေးသားရောင်းမှာလားဆိုတာ ဈေးထဲရောက်မှ သိရမယ် ဆိုပြီး ဗိုလ်နေဝင်းငြိမ်းချမ်းရေးလှည့်ကွက်ကိုဖွင့်ချဖို လိုင်းကိုတင်ခဲ့ပါတယ်။ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းပေမယ့် မုဆိုးကဆာ စောဟန်တာသာမွှေး နဲ့အဖွဲကတော့ ကျန်ခဲ့ပါတယ်။ မုဆိုးကဆာစောဟန်တာသာမွှေးနဲ့ပက်သက်လို့ ခေတ်ပြိုင်ပုဂ္ဂိုလ်တစ်ဦး မိခါလေရော့ က မာတင်စမစ်ကို ပြောတာက သာမွှေး သူ အားအင်ကုန်ခန်းသွားတာထင်တယ်လို့ ဆိုခဲ့ပါတယ်။ ဘဝနေဝင်ချိန်၊ အင်းစိန်မြို့ရဲ့ ဘုရားကျောင်းတစ်ခုမှာ စောဟန်တာသာမွှေးက "အခုအချိန် ဟော့ဒီ ဘုရားကျောင်းနံရံမှာ စောဘဦးကြီးသာ ရှိ့နေရင် ကျွန်တော့ကို ပြုံးပြုံးကြီးကြည့်လိုနေမှာပါ" လို့သံဝေဂ စကားဆိုခဲ့ပါတယ်။ စစ်အုပ်ဟာ အထွေထွေအကျပ်အတည်းဆိုက်ချိန်ဆိုရင် ငြိမ်းချမ်းရေးထိုးစစ်ဆင်တတ်တာ သမိုင်းလက်တွေ့ဖြစ်ပါတယ်။မြန်မာစစ်သေနင်္ဂဗျူဟာကျမ်းထဲက စစ်နားတောင်းတဲ့ ဗျူဟာကျင့်သုံးလေ့ရှိ့ပါတယ်။ ၁၉၈၈ ပြီးနောက်ပိုင်း စစ်အုပ်စု အထွေထွေအကျပ်အတည်းဆိုက်ချိန်မှာ ၁၊တပ်တည်ရှိ့ခွင့်၊၂၊နယ်မြေတည်ရှိ့ခွင့်၊၃၊စီးပွားရေးလုပ်ပိုင်ခွင့်နဲ့ငြိမ်းချမ်းရေးအပေးအယူလုပ်ပြန်ပါတယ်။ အားနဲနဲရှိလာတာနဲ့ နိုင်စားလို့ရမယ်ထင်တဲ့အဖွဲ့တွေကိုတိုက်ခိုက်ပါတယ်။အချို့အဖွဲတွေ ထားရာနေ၊စေရာသွားအားအင်ချိနဲ့ ကုန်ပါတယ်။ စာရေးသူတို့မွန်ပြည်နယ်သားတွေ ဆိုးရိုးစကားအရ ငြိမ်းချမ်းရေးတစ်ခါလုပ် ၊နယ်မြေတစ်ခါကျုံ့ လိုက်လာလိုက်တာ သုံးခါလည်းပြီးရော လက်တစ်ဝါးစာ ပဲ အနိုင်နိုင်ကျန်တော့တယ် ဆိုသလိုပါပဲ။ တတိယစစ်အုပ်စု ဦးသိန်းစိန်ခေတ်မှာ သူတို့တတိယစစ်အုပ်စု(ဗိုလ်သန်းရွှေအာဏာသိမ်းစစ်အုပ်စု) ငြိမ်းချမ်းရေးလုပ်စဉ် ကတိကျွံထားတဲ့ (ရွေးကောက်တင်မြောက်ခံရတဲ့အစိုးရနဲ့ နိုင်ငံရေးစကားပြောဖို့)ဆိုတဲ့ နိုင်ငံရေးဖိအားကို ရင်ဆိုင်ရပါတယ်။ တတိယစစ်အုပ်စုက နောက်ထပ်ဆိတ်ခေါင်းတစ်လုံးချိတ်လိုက်ပြီး…
Read More
UNSC RESOLUTION 2669(စု-လွတ်-တွေ့ )နဲ့ ဟန်ချက်ညီ၊စည်းချက်ကျစေဖို့

UNSC RESOLUTION 2669(စု-လွတ်-တွေ့ )နဲ့ ဟန်ချက်ညီ၊စည်းချက်ကျစေဖို့

  အခုတော့ အားလုံး(အားလုံး) ထူးဆန်းစွာ ဘာအသံမှမထွက်ကြပဲ ငြိမ်သက်နေကြတာကိုက ထူးဆန်းနေပါတယ်။ အကယ်၍ UNSC RESOLUTION 2669 သာ အသက်ဝင်လာပါက ဒေါ်အောင်ဆန်းစုကြည့်၊ဦးဝင်းမြင့်နဲ့ပြည်တွင်းကတော်လှန်ရေးအင်အားစုများ တစ်ညီတစ်ညွတ်ထဲဖြစ်ဖို့ အခြေအနေတစ်ရပ်ပေါ်ထွက်လာမယ်မြင်မိပါတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးထိ့ ရှင်းထုတ်ဖို့ ပါဝါအပျော့ (နိုင်ငံရေး နည်းလမ်း) နဲ့ ပါဝါအမာ(စစ်ရေးနည်းလမ်း) နားလယ်မှုရှိရှိ ဟန်ချက်ညီဖို့ မဖြစ်မနေလိုအပ်မယ်ထင်ပါတယ်။ တော်လှန်ရေးအဖွဲ့အချို့တော့ မထိမ်းနိုင်၊မသိမ်းနိုင်၊တက်ထောင်မောင်းနင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေးအရ တိုက်ခိုက်တာတွေကြုံရနိုင်ပါတယ်။ နောက် လူပုဂ္ဂိုလ်ရေး အငြိုးနဲ့ တိုက်ခိုက်တာတွေက ယခုကထဲကပင်စနေပြီဖြစ်ပါတယ်။ကြုံရနိုင်ပါတယ်။နိုင်ငံရေး ရင့်ကျက်မှုအပေါ်မှုတည်တဲ့ မတူညီတဲ့တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ လူငယ်များဦးဆောင်တဲ့အဖွဲ့တွေက လူငယ်ဆန်တဲ့တုံ့ပြန်မှုတွေလည်း ကြုံရနိုင်ပါတယ်။လူကြီးဦးဆောင်တဲ့အဖွဲ့တွေက လူကြီးဆန်ဆန်တုံ့ပြန်ကြမှာပါပဲ။ဘာပဲဖြစ်ဖြစ် ကလေးမဆန်ဖို့လိုပါတယ်။ သန်းပေါင်းများစွာသော မြန်မာပြည်သူကြီးက တော့စစ်အာဏာရှင်စနစ်အငွေ့အသက်မကုန်သ၍ တော်လှန်ရေးက ဆက်ရှိနေမှာဖြစ်ပါတယ်။ဒီနေရာမှာ မော်စီတုန်း ပြောခဲ့တာကိုကိုးကားရရင်တော်လှန်ရေးဒီရေ အနိမ့်အမြင့်ရှိနိုင် ပေမယ့်မစိုးရိမ်တဲ့အ ကြောင်းပြောပါတယ်။ "တော်လှန်တတ်တဲ့၊ တော်လှန်ရေးအ တွေ့အကြုံရှိတဲ့ ပြည်သူ သန်းပေါင်းများစွာ အစဉ်သင့်ရှိ့ နေပြီဖြစ်လို စိုးရိမ်စရာမလိုပါဘူး"လို့ ဆိုခဲ့ပါတယ်။ ယနေ့မြန်မာပြည်ပင်မ ရေစီး တော်လှန်ရေးရဲ့ ထူးခြားသာလွန်တဲ့အချက်က ယခင်လို နယ်စပ် ဒေသမှာသာ ဖြစ်ပွားတာမဟုတ်ပဲ၊မြန်မာပြည်အတွင်းပိုင်း အဓိကဒေသများမှာ နေရာအနှံ့ ပေါ်ပေါက်တာပဲဖြစ်ပါတယ်။ဒေသခံပြည်သူ သန်းပေါင်းများစွာကို ကျောထောက် နောက်ခံထားပါ်ပါက်လာတာဖြစ်ပါတယ်။ စစ်ကိုင်း၊မန္တလေး၊မကွေး လိုဒေသတွေပေါင်းရင် လူဦး ရေ ၁၅သန်း ကျော် ရှိ့နေပါတယ်။ဒါဟာ သန်းပေါင်းများစွာသော ပြည်သူလူထုကြီးကို တော်လှန်တတ်သော ပြည်သူကြီးအဖြစ် ရင့်မှည့်သွားခဲ့ပြီဖြစ်ပါတယ်။ သူတို့လိုချင်တဲ့နိုင်ငံရေးအ ဖြေမရမခြင်း၊စစ်အာဏာရှင်စနစ် မရှင်းမခြင်း အကြိမ်ကြိမ်တော်လှန်ဖို့အစဉ်သင့်ဖြစ်နေကြပြီဖြစ်ပါတယ်။နိုင်ငံတစ်ကာဖိ့အားနဲ့ပူးပေါင်းကြံစည်မှုတွေကြောင့် စစ်အာဏာရှင်အမြစ်မပြတ် သေးတဲ့ နင်တန်-နင်တန် ပန်းကန်ကွဲ WIN-WIN နိုင်ငံ…
Read More
မြန်မာစစ်တပ်က တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်နေရာကို အစားထိုးမှာလား

မြန်မာစစ်တပ်က တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်နေရာကို အစားထိုးမှာလား

၁၉၉၂ ခုနှစ်တွင် အာဏာရခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၎င်း၏ ရှေ့မှနောင်တော် ဗိုလ်ချုပ်ကြီး စောမောင်တို့ လက်ထက်တွင် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး မှတ်တမ်းဆိုးများကြောင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အထီးကျန် ဖြစ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ် နဝတ ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူချိန်တွင် ထောင်နှင့်ချီတဲ့ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများ ပစ်သတ်ခံခဲ့ရသည်။၎င်း၏အမည်သစ်ရှိသော်လည်း၊ အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများနှင့် သပိတ်မှောက်မှုများ စတင်ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏တစ်ခုတည်းသော နိုင်ငံခြားမိတ်ဆွေဖြစ်ခဲ့ပြီး စစ်အစိုးရက ယခင်အတိုင်းပင်ဖိနှိပ်ချုပ်ချယ်ထားဆဲဖြစ်သည်။ သို့သော် တရုတ်အပေါ် မှီခိုအားထားမှုကြောင့်တရုတ်ကအလွန်အမင်းသြဇာ လွှမ်းမိုးလာကာ ၎င်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောပေါက်ခဲ့သည်။ ပြင်ပကမ္ဘာက အတုအယောင်မသမာမှုအဖြစ် ပယ်ချခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအပြီး ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး စစ်တပ်၏ ကိုယ်ပိုင် ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုအချိန်က အသက် ၇၈ နှစ်ရှိပြီဖြစ်သောသန်းရွှေသည် အငြိမ်းစားယူဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်းဗိုလ်ချုပ်ကြီးနေဝင်းနှင့်ဗိုလ်ချုပ်မှူးကြီးစောမောင်တို့ကဲ့သို့အရှက်တကွဲအဖြစ်မျိုးကိုသူကမကြုံစေချင်ပါ၊ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ ဒီဇင်ဘာတွင် ကွယ်လွန်ခဲ့သည်။ ဇွန်လ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီမိုကရေစီလိုလားသော အင်အားစုများအတွက် သူသည် ၎င်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချသည့်…
Read More
စစ်အုပ်စုတောင် ဟန်ချက် အဟောင်းကို လွတ်ချတော့မယ်။လက်ဦးမှု့ရှိ့ရှိ့ ကြယ်တွေတိုးတဲ့ ဟန်ချက်အသစ် အဆိုပြု့မလား

စစ်အုပ်စုတောင် ဟန်ချက် အဟောင်းကို လွတ်ချတော့မယ်။လက်ဦးမှု့ရှိ့ရှိ့ ကြယ်တွေတိုးတဲ့ ဟန်ချက်အသစ် အဆိုပြု့မလား

တရုတ်ပြည်တော်လှန်ရေးကာလအတွင်းက မော်စီတုန်းက တော်လှန်ရေး နှစ်ဆင့်အယူအဆကို တင်သွင်းခဲ့ပါတယ်။တော်လှန်ရေးရဲ့နောက်ဆုံးဦးတည်ချက်က "ပြည့်သူ့ဒီမိုကရေစီ ‌ပန်းတိုင်"ဖြစ်ပါတယ်။ခရီးလမ်းမှာ မဟာမိတ်အားလုံးပါဝင်နိုင်တဲ့၊လက်တွဲတော်လှန်ပြီး အတူတစ်ကွ တည်ဆောက်ကြမယ့် "ဒီမိုကရေစီသစ်" အဆင့်ကို့ အရင်ဆင်နွဲဖို့ဖြစ်ပါတယ်။လက်ဝဲကဦးဆောင်ချမှတ်လို့ တရုတ်ကွန်မြူနစ်ပါတီကဦးဆောင်တဲ့ပါတီစုံပါဝင်တဲ့ ဒီမိုကရေစီစနစ်ဖြစ်နေမှာဖြစ်ပါတယ်။ မြန်မာပြည်ယနေ့လက်ရှိအခြေအနေကနေ အနာဂါတ် ကို ပုံဖော်တည်ဆောက်ကြတဲ့အခါ "တော်လှန်ရေး အဆင့်နှစ်ဆင့်မူ "ကို စဉ်းစားရန်သင့်မသင့်ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဲပြောပြော၊ဒီမိုကရေစီဖက်ဒရယ်ပဲဆိုဆို "ဝ ရှိ့မှ ဝိ လုပ်နိုင်မှာ"ဖြစ်ပါတယ်။ ဝ မရှိပဲ ဝိ လုပ်ရင်လည်း မြင်ကြမှာပါပဲ။မြန်မာပြည်တော်လှန်ရေးမှာတော်လှန်ရေး နှစ်ဆင့်အယူအဆကို စဉ်းစားရင် ဘယ်အဆင့်တွေလည်းလို့ မေးခွန်းရှိလာမှာပါပဲ။ကာယကံရှင်တွေ ချမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်။စိတ်ကူးကောင်းကောင်းနဲ့ ဘယ်လိုပဲချမှတ်ကြသည်ဖြစ်စေ စစ်အာဏာရှင်စနစ် ဆိုတဲ့ ဆက်ထုံးကို အရင်ဖြေပြီးမှခရီးဆက်လို့ရကြမှာပါ။ ---------------------------------------------------------------------------------------------------------------------------------------------------------- ဇွန်လ ၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ အခုတလော နိုင်ငံရေး ဗျာများနေကြတာကို သတင်းများအရ အကဲဖြတ်ရပါတယ်။စကစ ဖက်ကလည်းသူ့ဟာသူဗျာများနေကြသလို ကိုယ့်ဖက်ကလည်း ဗျာများနေတဲ့ပုံပါပဲ။ ပဋိပက္ခသဘောအရ အဓိက ပဋိပက္ခဖြစ်တဲ့ စစ်အာဏာရှင်တို့နဲ့ပြည်သူတို့ကြားထဲက ပဋိပက္ခကတော့ မျက်ခြေမပြတ်ကြပါဘူး။တစ်ဖက်တစ်ချက်စီမှာရှိ့တဲ့ လက်အောက်ခံ ပဋိပက္ခတွေမှာသာ ဗျာများနေကြတာပါ။ စကစ ဖက်က အာဏာနဲ့ဥစ္စာဓနကိုအခြေခံလို့ ဗျာပါရ ပိုများနိုင်ပါတယ်။ကိုယ့်ဖက်က အဖွဲ့တွေစုံလို့ အဖွဲ့စုံတွေက ထိပ်က ပန်းဝင်ဖို့လုပ်ကြရင်း သောကတွေများနေကြပါတယ်။ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးကတော့ သူ့လမ်းသူ မှန်မှန်ချီတက်နေဆဲပါ။ အနာဂါတ်နိုင်ငံတော် အုပ်ထိမ်းသူနေရာအတွက် တရုတ်နန်းတွင်းဇာတ်ကနေကျသလိုမြင်ရပါတယ်။ ဦးရီးတော်ကတစ်မျိုး၊မယ်တော်ကြီးတွေကတစ်ဖုံ၊စစ်သူကြီးများက တစ်မျိုး၊ကုန်းကုန်းချုပ်နဲ့သားသမီးများကလည်း တစ်မုံပေါ့။အရပ်ဇာတ်၊ဗလာဇာတ်လား၊တုတ်ထိုးဇာတ်လား၊ရုပ်သေးဇာတ်လားတာမကွဲကြတာပါ။ (more…)
Read More
အရှေ့တောင်အာရှသည် လူကုန်ကူးခံရသော ဆိုက်ဘာသားကောင်များ လွတ်မြောက်ခဲ့သော်လည်း အိမ်မပြန်နိုင်ကြသေး

အရှေ့တောင်အာရှသည် လူကုန်ကူးခံရသော ဆိုက်ဘာသားကောင်များ လွတ်မြောက်ခဲ့သော်လည်း အိမ်မပြန်နိုင်ကြသေး

သူ့တို့ကို သတ်မှတ်ချက်ခွဲတမ်းမပြည့်မီပါက အစာရေစာ သို့မဟုတ် ရေသန့်အနည်းငယ်သာ ပေးခဲ့ပြီး ရိုက်နှက်ခြင်း သို့မဟုတ် သေဆုံးခြင်းအထိနှိပ်စက် ခြိမ်းခြောက်ခံရသည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အလုပ်သမားများက ပြောသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှ အထည်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် Palit အတွက်တော့ ငွေလိမ်အလုပ်ရုံတစ်ခုအတွင်းခြောက်လကြာ ထိန်းသိမ်းထားစဉ်မှာလျှပ်စစ်ကျဥ်စက်ဖြင့်မကြာခဏနှိပ်စက်ခြင်းခံခဲ့ရသည်။ သူသည် တောင်ကိုရီးယားတွင် လစာမြင့်မားသော စီမံခန့်ခွဲရေးအလုပ်တစ်ခုလုပ်ရမည်ဟုကတိပြုထားခဲ့သော်လည်း တကယ်တော့မြန်မာနိုင်ငံမြဝတီမြို့သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ သူ့ကိုယ်တွင်းအင်္ဂါများအတွက်လူကုန်ကူးခံရမည်ကို ကြောက်နေခဲ့ရပြီး ယင်းတို့ကို ထိန်းထားနိုင်သည်ဆိုသည်ကို သိလိုက်ရသဖြင့် သက်သာရာရခဲ့သည်ဟုသူက ပြောသည်။ ယင်းအစား အွန်လိုင်းလိမ်လည်မှုအတွက် လူအများဆက်ဆံရေးအတွက်အနည်းဆုံး လူငါးဦးနှင့် ထိတွေ့ရန် အတုအယောင် ပရိုဖိုင်များ ဖန်တီးရာ၌ အချိန်ကုန်ခဲ့ရသည်။ "Baby ကျေးဇူးပြုပြီး ဒီမှာ ရင်းနှီးမြုပ်နှံလိုက်ပါ၊ မင်းအမြတ်အစွန်းကောင်းတွေ ရလိမ့်မယ်လို့ကျနော်ကပစ်မှတ်တွေကိုပြောဆိုသိမ်းသွင်းခဲ့ရပါတယ်"ဟုသူ့ပထမအမည်ကို ထုတ်ဖော်မပြောကြားလိုသောMr Palit ကဆက်လက်ပြောဆိုသည်။ အဓမ္မစေခိုင်းခြင်းခံကြရသူများကြားတွင် လူသိများသော Mr Jaruwat ၏ ကိုယ်ရေးကိုယ်တာ Facebook သို့ မက်ဆေ့ချ်များဖြင့် နေ့စဉ် လူသစ်လေးဦးသည် MrPalit ၏ အကူအညီတောင်းခံသကဲ့သို့ ယင်းတို့၏ဇာတ်လမ်းများကို မျှဝေကြသည်။ နယ်စပ်ဖြတ်ကျော်လူကုန်ကူးမှု ကယ်ဆယ်ရေး၏ သဘောသဘာဝအရနေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်သည်ခက်ခဲ နှေးကွေးစေသည်ဟု အသက်ရှင်ကျန်ရစ်သူများကို ပံ့ပိုးပေးသည့် Acts of Mercy International မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ဒါရိုက်တာ Amy Milket က ပြောကြားသည်။ “သူတို့က စောင့်ဆိုင်းနေရချိန်နဲ့ ပတ်သက်ပြီး ညည်းညူနေကြတယ်” ဟု သူက ဆိုသည်။ “ဆေးမကုရဘဲ နေမကောင်းဖြစ်နေတဲ့သူတွေ ရှိတယ်"ဟုသူကဆက်ပြောသည်။ "မီးတောင်ကပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပြီ"ဟုလည်းသူကဆက်ပြောသည်။ ဒုက္ခသည်များစွာအတွက်…
Read More
ရက်စက်ကြမ်းကြုတ်သော တရုတ်မာဖီးယားဂိုဏ်းများလည်ပတ်သည့် လိမ်လည်လှည့်ဖြားမှုလုပ်ငန်းများနှင့် ဆက်စပ်နေသည့်နေရာ ၃ ခု

ရက်စက်ကြမ်းကြုတ်သော တရုတ်မာဖီးယားဂိုဏ်းများလည်ပတ်သည့် လိမ်လည်လှည့်ဖြားမှုလုပ်ငန်းများနှင့် ဆက်စပ်နေသည့်နေရာ ၃ ခု

တာ့ခ်ခရိုင်ရှိ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနမှ စိစစ်ပြီးနောက် လူကုန်ကူးခံရသူ ၂၅၈ ဦးကို တရားဝင် ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းအစိုးရသည် မြန်မာနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သည့် သုံးနိုင်ငံမူဝါဒသစ်ကို မိတ်ဆက်ခဲ့သည်။ ဤမူဘောင်အရ မြန်မာနိုင်ငံသို့ တရားမဝင် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို တရားဝင် မြန်မာလမ်းကြောင်းများမှ တဆင့် ပြန်လည်ပို့ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ သက်ဆိုင်ရာ သံရုံးများသည် ထိုင်းနှင့် မြန်မာ အာဏာပိုင်များနှင့် ပူးပေါင်း၍ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးရမည်။ အဆိုပါ ပုဂ္ဂိုလ်များသည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည်နှင့် ၎င်းတို့သည် ၂၄ နာရီအတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် လိုအပ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံရှိ သံတမန်တာဝန်များကို ထမ်းဆောင်ခြင်းမရှိသော နိုင်ငံများ၏ သံရုံးများနှင့် ဆက်ဆံရာတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာအာဏာပိုင်များအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့် ပြည်ပလူကုန်ကူးခံရသူများ နေရပ်ပြန်ရေးတွင် နှောင့်နှေးမှုနှင့် မရေရာမှုများ ဖြစ်ပေါ်စေခဲ့သည်။ မေလ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်မှ ညှိနှိုင်းရေးမှူး ခရစ်တီယာ က ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ စာတင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ မြဝတီ ဒေသရှိ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ထိန်းချုပ်ရာ နယ်မြေများတွင် လက်ရှိ…
Read More
ရှမ်းပြည်နယ်အာဏာကို ချုပ်ကိုင်ထားသော တရုတ်၏အရိပ် စစ်တပ် ဝနီ

ရှမ်းပြည်နယ်အာဏာကို ချုပ်ကိုင်ထားသော တရုတ်၏အရိပ် စစ်တပ် ဝနီ

ယွန်မြို့သည် ဝပြည်တောင်ပိုင်း၏ မြို့တော်ဖြစ်ပြီး တောင်ပိုင်း ဝတပ်ဖွဲ့၏ တပ်မှူး Wei Xie Ying နှင့်ညီဖြစ်သူ Wei Xie Kang ၏ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရာ ဗဟိုဌာနဖြစ်သည်။ စစ်အေးခေတ် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ထိုင်းစစ်တပ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဦးဆောင်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကိုမြန်မာစစ်တပ်အားစာင့်ကြည့်ရန် ကြားခံအဖြစ် မှီခိုအားထားခဲ့သည်။ စစ်အေးပွဲအပြီးတွင် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်သည် UWSP နှင့် ညှိနှိုင်းခဲ့ပြီး ပန်ဆန်းနှင့် တရုတ်နိုင်ငံအနီးရှိ အခြားနယ်စပ်မြို့ငယ်များမှ ဝပြည်သူများအား ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များနှင့်မျက်နှာချင်းဆိုင်ဖြစ်သော မိုင်းဆတ်နှင့်မိုင်းတုံမြို့နယ်များတွင် ပြန်လည်နေရာချထားပေးခဲ့သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က စဝ်ယွက်စစ်ဦးဆောင်သော ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS) ၏ အင်အားကို တန်ပြန်ရန် ရည်ရွယ်သည့် မူဝါဒအရ တောင်ပိုင်းတွင် အခြေချနေထိုင်မှု အသစ်များ ထူထောင်ရန် မြန်မာနိုင်ငံ မြောက်ပိုင်းမှဝလူမျိုး ၈၀၀၀၀ ကျော်ကိုခင်ညွန့်က ပြောင်းရွှေ့လာစေခဲ့သည်။ ဧပြီလက UWSP ၏ ပါတီညီလာခံတွင် Bao Youxiang ကို ပါတီဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အဖြစ် အတည်ပြုခဲ့သည်။ အထူးသဖြင့် UWSP နှင့် UWSA တို့သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် လေးဖွဲ့၏ နာယကများအဖြစ် ဆောင်ရွက်နေပါသည်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုသည့် မိုင်းလားအဖွဲ့ ဖြစ်သည်။…
Read More
အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာကို ပြန်လည် ပြင်ဆင်ခြင်း

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာမဟာဗျူဟာကို ပြန်လည် ပြင်ဆင်ခြင်း

ရာဇသံ၏ ထိရောက်မှု တိုးမြင့်လာစေရန် ပြင်ပနိုင်ငံများမှ အထူးသံတမန် မြောက်မြားစွာတို့အကြား ညှိနှိုင်းပေးသည့် မက်ဆေ့ချ်ကို ၎င်းတို့ကိုယ်တိုင် ခန့်အပ်ထားသော အထူးသံတမန်အချို့အား မြန်မာနိုင်ငံ မိတ်ဆွေများ၏ ထောက်ခံမှုရရှိရန် အရေးကြီးပါသည်။ ကုလသမဂ္ဂတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျော်လွန်၍ အာဆီယံသည် မြန်မာနိုင်ငံအား ဒေသတွင်း အဖွဲ့အစည်းအဖြစ်မှ ရပ်ဆိုင်းရန် အတွက် အဆင်သင့်ဖြစ်ရန်လိုအပ်ပြီး တိုးတက်မှုမှာ တွေ့ရခဲပါသည်။ ၁၉၉၇ ခုနှစ်တွင် ကမ္ဘောဒီးယားအဖွဲ့ဝင်အဖြစ် စတင်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်အဖြစ် မပါဝင်မီ ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုကို ပြေလည်အောင်ဖြေရှင်းပြီးမှအဖွဲ့ဝင်အဖြစ်လက်ခံခဲ့ပါသည်ဤလုပ်ဆောင်ချက်သည် ထိုအချိန်က ထိရောက်ကြောင်း သက်သေပြခဲ့ပြီး ယနေ့ခေတ်တွင်လည်း လုပ်ဆောင်နိုင်ပါသည်။ အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့ခြင်းသည် အာဆီယံကို အာဏာရှင်ဆန်သော လမ်းကြောင်းကိုအဟန့်အတားဖြစ်စေမည့်ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အချက်ပြမှုတစ်ခုအဖြစ် ပေးပို့မည်ဖြစ်သည်။ ယင်းသည် အန္တရာယ်များကြောင်း သက်သေပြနိုင်သော်လည်း ငြိမ်းချမ်းရေးတည်ဆောက်သူအဖြစ် အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် လိုအပ်ပါသည်။ အများဆန္ဒနှင့် နိုင်ငံတကာ ကျောထောက်နောက်ခံမှတစ်ဆင့် အထူးသံတမန်အား အားကောင်းလာစေရေး၊ ထိရောက်သော ရာဇသံထုတ်ပြန်ခြင်းနှင့် အဟန့်အတားဖြစ်စေသော ပါတီများကို ခြိမ်းခြောက်ရန် နည်းလမ်းများ ရှာဖွေခြင်းသည် ပြန်လည်ထူထောင်ထားသော FPC ၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်သည်။ FPC ၏ ပြန်လည်ရှင်သန်မှုသည် အရေးကြီးပြီး လိုအပ်သော်လည်း၊ ၎င်းသည် လေဟာနယ်ထဲတွင် ရှိနေမည်မဟုတ်ပါ။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် ကိုယ်ပိုင်အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို အာဆီယံက အသိအမှတ်ပြုရပါမည်။ အာဆီယံအဖွဲ့ဝင်အချို့သည် အစကတည်းက SAC နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး စစ်တပ်နှင့် ဒီမိုကရေစီ ပဋိပက္ခကို ရင်မဆိုင်ရဲဟု ရှုမြင်ခံကြရသည်။ အာဆီယံအဖွဲ့ဝင်အချို့၏ နိုင်ငံရေးဂေဟစနစ်များသည် ၎င်းတို့၏ကိုယ်ပိုင်စစ်တပ်များ၏ လွှမ်းမိုးမှုကြီးကြီးမားမား…
Read More
ဒေါ်လာ ၁၉၂.၇၆ သန်း ဘယ်ရောက်နေလဲ?

ဒေါ်လာ ၁၉၂.၇၆ သန်း ဘယ်ရောက်နေလဲ?

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၇.၇ ရှိ သေကြေပျက်စီးမှုများပြားခဲ့သည့် ငလျင်လှူပ်ခတ်ခဲ့မှုအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စစ်အုပ်စုသည် ရှားရှားပါးပါး နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ တရားဝင် တောင်းခံခဲ့သည်။ မေတ္တာရပ်ခံချက်ကြောင့် ကမ္ဘာတဝှမ်းရှိ အစိုးရများနှင့် ကော်ပိုရေးရှင်းများသည် ပျက်စီးမှုများနှင့် ဆင်းရဲဒုက္ခများ သက်သာစေရန် အလှူငွေမြောက်များစွာ ပံ့ပိုးကူညီခဲ့သည်။ နိုင်ငံတကာအစိုးရများမှ ဒေါ်လာ ၁၃၆.၈၈ သန်းခန့် အကူအညီပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားသည်။ ဒါပဲလား။ မဟုတ်ပါဘူး။ ကုမ္ပဏီများနှင့် မြန်မာခရိုနီများမှလည်း ဒေါ်လာ ၅၅.၈၈ သန်းခန့် လှူဒန်းထားသည်ကိုလည်း Justice For Myanmar မှ အစီရင်ခံစာထုတ်ထားသည်။ ထို့ကြောင့် စစ်အုပ်စုသည် စုစုပေါင်း ဒေါ်လာ ၁၉၂.၇၆ သန်း အကူအညီငွေ ရရှိခဲ့သည်။ သို့သော်လည်း ပမာဏကြီးလွန်းသော အကူအညီငွေကြောင့် ၎င်း၏ တကယ်ဖြန့်ဝေမှုနှင့် ထိရောက်မှုအပေါ် အရေးကြီးသော မေးခွန်းများထုတ်စရာ ဖြစ်လာခဲ့သည်။ (more…)
Read More