ဘာသာပြန်သတင်း

မြဝတီက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)ကို မြန်မာဘက်ကကြိုတင်အသိမပေးဘဲပိတ်လိုက်

မြဝတီက ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)ကို မြန်မာဘက်ကကြိုတင်အသိမပေးဘဲပိတ်လိုက်

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၂ ကမဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို မြန်မာစစ်အစိုးရက ကြိုတင်အသိမပေးဘဲ ပိတ်ထားလိုက်တယ်လို့ Thsi Enquire သတင်းကသြဂုတ် ၁၈ရက်နှောင်းပိုင်းကဖော်ပြပါတယ်။ မော်တော်ယာဉ်နဲ့ကုန်စည်တွေအားလုံးကို ပိတ်ဆို့ထားပြီးနေပြည်တော်ကလာတဲ့အမိန့်ကြောင့်လို့ဆိုပါတယ်။ အဓိက ကုန်သွယ်မှုလမ်းကြောင်းတွေနဲ့မြဝတီကို ထိုင်းကုန်စည်တွေတင်ပို့မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ (more…)
Read More
တာ့ခ်ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် စစ်အုပ်စုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထား

တာ့ခ်ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် စစ်အုပ်စုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထား

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ မြန်မာနဲ့ ဆွေးနွေးဖို့ စစ်အုပ်စုစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အသနားခံစာ တင်သွင်းဖို့ တာ့ခ်ခရိုင် သယ်ယူပို့ဆောင်ရေးအသင်းက စီစဉ်နေပါတယ်လို့ Thai Enwuire သတင်းကသြဂုတ် ၁၉ရက်မှာဖော်ပြပါတယ်။ နေပြည်တော်ကအမိန့်နဲ့မြန်မာအာဏာပိုင်တွေက သြဂုတ် ၁၈ ရက်နေ့က စစ်ဆေးရေးဂိတ်ကို ပိတ်ခဲ့ပြီး ထိုင်းကုန်တင်ယာဉ်တွေ နယ်စပ်မှာ သောင်တင်နေကြပါတယ်။ (more…)
Read More
မြန်မာနိုင်ငံသား ၃ ဦးကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ဂျပန်မှာဖမ်းဆီးထား

မြန်မာနိုင်ငံသား ၃ ဦးကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ဂျပန်မှာဖမ်းဆီးထား

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုကျိုမြို့ Shinjuku စီရင်စုရှိ နိုက်ကလပ်အပြင်ဘက်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုသံသယနဲ့ မြန်မာနိုင်ငံက အမျိုးသားသုံးဦးကို ဇူလိုင်လက ဖမ်းဆီးခဲ့တယ်လို့မြို့တော်ရဲဌာနက သြဂုတ် ၁၈ ရက်ကပြောကြားခဲ့တယ်လို့ အဆာဟိရှင်ဘွန်းသတင်းက​​​​ဖော်ပြပါတယ်။ မြို့တော်ရှိ ကုန်သွယ်ရေးကျောင်းက အသက် ၂၂ နှစ်အရွယ် ကျောင်းသူ ချစ်ဖော်ဟာဇူလိုင် ၇ ရက် အစောပိုင်းက လမ်းပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရနယ်လို့ သိရပါတယ်။ သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ ဇော်မျိုးထက် (၂၄)နှစ် က ရိုက်နှက်ခံရသူကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရဲတပ်ဖွဲ့ကစုံစမ်းသိရှိရပါတယ်။ (more…)
Read More
မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ မန္တလေးတိုင်းဟာ ပဲခူး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့နဲ့အတူ ငလျင်ကြီးနောက်ပိုင်းအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသခြောက်ခုမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း MAF စစ်လေယာဉ်တွေဆီက ပစ်လွှတ်ခဲ့တဲ့ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေနဲ့ မန္တလေးတိုင်းအတွင်း ကလေးဆေးရုံနဲ့ယာယီဆေးခန်းတွေ အပါအဝင် ကျန်းမာရေး အဆောက်အအုံ ရှစ်ခု ပျက်စီးခဲ့ပါတယ်။ (more…)
Read More
ADB က မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေး အစီအစဉ်ကို အတည်ပြု

ADB က မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေး အစီအစဉ်ကို အတည်ပြု

ဇွန်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (ဘာသာပြန်သတင်း) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်အကူအညီများ ပေးအပ်ရန်အတွက် အာရှဖွံ့ဖြိုးရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဇွန်လ ၁၇ရက်နေ့တွင် ပြောကြားခဲ့သည်ဟု စင်ဟွာကဇွန်လ ၁၈ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ငွေ ဒေါ်လာ ၃ သန်းကို ပေးအပ်လိုက်ခဲ့ပြီးနောက်ယခုကဲ့သို့ထပ်မံပေးအပ်ခြင်း ဖြစ်သည်။ (more…)
Read More