သတင်း

မြန်မာနိုင်ငံတွင်းလူကုန်ကူးမှုမှပြန်လွတ်လာသောထိုင်ဝမ် နိုင်ငံသား ၅၅ ဦးရှိ

မြန်မာနိုင်ငံတွင်းလူကုန်ကူးမှုမှပြန်လွတ်လာသောထိုင်ဝမ် နိုင်ငံသား ၅၅ ဦးရှိ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်ဝမ်သည် မြန်မာနိုင်ငံ KK Parkအဆောက်အ​ဦးရှိ လိမ်လည်လှည့်စားသည့် အလုပ်ရုံများမှ နိုင်ငံသား ၅၅ ဦးကို ကယ်တင်ခဲ့ပြီး ၎င်း၏ ပထမဆုံးသော နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုဖြစ်သည်။ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ ၇,၀၀၀ ကျော်ကို အိမ်နီးချင်းနိုင်ငံများထံ ပြန်လွှတ်ပေးပြီးနောက် ယခုလို ဖြိုခွင်းလိုက်ခြင်းဖြစ်သည်ဟု RTI သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ KK Park တွင် လိမ်လည်လှည့်ဖြားသည့် အလုပ်ရုံများတွင် ထိုင်ဝမ်လူမျိုးအများအပြားမှာ လိမ်လည်လှည့်ဖြားခြင်းခံခဲ့ရသည်။ ဒေသတွင်း အစိုးရက မကြာသေးမီက နှိမ်နင်းမှု စတင်ခဲ့ပြီး လူကုန်ကူးခံရသူ အများအပြားကို ထိုင်းနိုင်ငံသို့ ပြန်လွှတ်ပေးခဲ့သည်။ ထိုင်ဝမ်အာဏာပိုင်များသည်မေလ ၇ရက် ယနေ့ နံနက်အစောပိုင်းတွင် နိုင်ငံသား ၅၅ ဦးကို ထိုင်ဝမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ ထိုင်ဝမ်သားကောင်များကို ပထမဆုံးအကြိမ်အကြီးစား ကယ်ဆယ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြန်လည်ရောက်ရှိလာသူများထဲတွင် အသက်အကြီးဆုံးမှာ ၆၂ နှစ်ဖြစ်ပြီး အငယ်ဆုံးမှာ ၁၉ နှစ်ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ဆယ့်ငါးဦးသည် မှုခင်းမှတ်တမ်းများနှင့်အတူ တရားခံပြေးများဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ တရားလိုရှေ့နေများထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ (more…)
Read More
မြန်မာဂျက်လေယာဉ်သည် နယ်စပ်အနီးတွင် မှထိုင်းသို့ဝင် ရောက်ခြင်းမရှိဟုဆို

မြန်မာဂျက်လေယာဉ်သည် နယ်စပ်အနီးတွင် မှထိုင်းသို့ဝင် ရောက်ခြင်းမရှိဟုဆို

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီပြည်နယ် နယ်စပ်အနီးတွင် မေလ ၆ရက်နေ့တွင် ပျံသန်းနေသည့် မြန်မာတိုက်လေယာဉ်တစ်စင်း ထိုင်းလေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အတည်ပြုပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က မေလ ၈ရက်တွင်ဖော်ပြသည်။ Mr Phumtham က လေယာဉ်သည် နယ်စပ်အနီးသို့ ပျံသန်းသွားခြင်းမျှသာဖြစ်ကြောင်းမေလ ၇ရက်နေ့က ပြောကြားခဲ့သည်။ (more…)
Read More
ပုပ်ရဟန်းမင်းအသစ်ရွေးချယ်ပွဲ အထမ​မြောက်ကြောင်း မီးခိုးမည်းများဖြင့်ပြသ

ပုပ်ရဟန်းမင်းအသစ်ရွေးချယ်ပွဲ အထမ​မြောက်ကြောင်း မီးခိုးမည်းများဖြင့်ပြသ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အကြာကြီးစောင့်ဆိုင်းပြီးနောက် မေလ ၇ရက်နေ့ညနေပိုင်းတွင် Sistine Chapel ၏မီးခိုးခေါင်းတိုင်မှ အနက်ရောင်မီးခိုးများထွက်ပေါ်ခဲ့ပြီး ကာဒီနယ်များသည် ပုပ်ရဟန်းမင်းအသစ်ကို ရွေးချယ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်ဟု BBC သတင်းဖော်ပြသည်။စိန့်ပီတာရင်ပြင်တွင် ပထမအကြိမ် စည်းဝေးပွဲအတွက် လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး ရလဒ်များကို ကြေညာရန် သုံးနာရီကျော်ကြာခဲ့သည်။ (more…)
Read More
ထိုင်းအောက်လွှတ်တော်အမတ်က UWSA ကို ဖိအားပေးရန် အစိုးရကို တောင်းဆို

ထိုင်းအောက်လွှတ်တော်အမတ်က UWSA ကို ဖိအားပေးရန် အစိုးရကို တောင်းဆို

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံအောက်လွှတ်တော်မှအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဋ္ဌ က Kokမြစ်အတွင်း အဆိပ်အတောက် ညစ်ညမ်းမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာဘက်မှ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကိုဖိအားပေးရန် တောင်းဆိုထားသည်ဟု ThaibEnquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ (more…)
Read More
မြန်မာနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မေလ ၈ရက်နေ့က ငလျင် ၆ ကြိမ်လှုပ်

မြန်မာနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မေလ ၈ရက်နေ့က ငလျင် ၆ ကြိမ်လှုပ်

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁ ဒသမ ၅ မှ ၂ ဒသမ ၆ အဆင့်ရှိ အပျော့စားငလျင် ၆ ကြိမ်ဟာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်မေလ ၈ရက်နေ့ နံနက် (၈) နာရီက မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ကြောင်း ငလျင်စောင့်ကြည့်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
မြေငလျင်သတင်း

မြေငလျင်သတင်း

မြေငလျင်သတင်းအမှတ်စဉ် ၁၆၄ ===================== နေ့စွဲ ၇-၅-၂၀၂၅ လှုပ်ခတ်သည့်အချိန် - ၁၄း၀၅း၁၉ အင်အားပမာဏ - ၃.၅ ရစ်(ခ်)တာစကေး အနက် - ၂၅ ကီလိုမီတာ ဗဟိုချက်တည်နေရာ - ဖြူးမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့် (more…)
Read More
ထိုင်းနိုင်ငံတွင် ဒေါင့်သန်းရောဂါကို ထိန်းချုပ်နိုင်ပြီဟုဆို

ထိုင်းနိုင်ငံတွင် ဒေါင့်သန်းရောဂါကို ထိန်းချုပ်နိုင်ပြီဟုဆို

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ Don Tan ခရိုင်, Mukdahan မြို့တွင်ဒေါင့်သန်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်ဟု Thai Enquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ ဒေါင့်သန်းဘက်တီးရီးယားပိုးနှင့် ထိတွေ့သူ ၆၃၆ ဦးစလုံးသည် ယနေ့ စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီးလူ ၉၈ဦးမှာ လိုအပ်သော စောင့်ကြည့်စစ်ဆေးမှုပြီးမြောက်ခဲ့သည်ဟုဆိုသည်။ အတည်ပြုလူနာ လေးဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ Mukdahan မြို့နယ် ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaew က ထိတွေ့ဖူးသူတိုင်းသည် ခုနစ်ရက်ကြာ ထိုးနှံရသည့်ကာကွယ်ဆေးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (more…)
Read More
ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အကူအညီများ ဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများစားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အကူအညီများ ဖြတ်တောက်မှုများကြောင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများစားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာလျှော့ချလိုက်သောကြောင့် ဒုက္ခသည် တစ်သိန်းကျော် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံနေရကြောင်း၊ အမေရိကန်အပါအဝင် အခြားအလှူရှင်နိုင်ငံတွေ အနေနဲ့ အစုအပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ ကမ္ဘာတဝှမ်းမှ ကရင်လူမှုအဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်ဟု RFA သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ နယ်စပ် ဒုက္ခသည်စခန်းများမှ ကရင် နှင့်ကရင်နီ (ကယား) လူမျိုး အများစုဖြစ်သည့် ဒုက္ခသည် ၁၀,၈၀၀၀သည် လက်ရှိတွင် စားနပ်ရိက္ခာနည်းပါးနေပြီး လူသားချင်းစာနာထောက်မှုအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည်ဟုဆိုသည်။ အသက် ငါးနှစ်အောက် ကလေးများအတွက် ရိက္ခာ တစ်လ အမေရိကန် ၁.၅ ဒေါ်လာ (ထိုင်းဘတ် ၅၃ ဘတ်)၊ အသက် ငါးနှစ်အထက် အတွက် ရိက္ခာတစ်လ ၂.၄ ဒေါ်လာ ( ထိုင်းဘတ်ငွေ ၈၇ ဘတ်) အထိ သာ ရရှိသည်ဟုဖော်ပြသည်။ ယခုကဲ့သို့ မလျှော့ချခင်ကထဲက ဒုက္ခသည်များသည် အသက်ရှင်ရပ်တည်ရေးအတွက် လိုအပ်သောအနိမ့်ဆုံး စားနပ်ရိက္ခာထက် လျော့နည်းရရှိနေခြင်းဖြစ်သည်ဟုလည်းတသတင်းကဆိုသည်။ (more…)
Read More
ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲများကို ထိုင်းစစ်တပ်က အနီးကပ်စောင့်ကြည့်နေ

ထားဝယ်မြို့နယ်အတွင်းက တိုက်ပွဲများကို ထိုင်းစစ်တပ်က အနီးကပ်စောင့်ကြည့်နေ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့များ အကြားဧပြီလ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ထိုင်းတပ်ဖွဲ့ ၏ အဆိုအရ ဧပြီလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မှ ၁၀ ကီလိုမီတာ ခန့် အကွာရှိ ပထမ ဗျူဟာ ကွပ်ကဲမှု စခန်းအား တော်လှန်ရေးတပ်ဖွဲ့များကအောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု The Nation သတ င်းက မေလ ၇ ရက်တွင်ဖော်ကြသည်။ ဒီအောင်ပွဲရပြီးနောက်တွင် စစ်အစိုးရဆန့်ကျင်တော်လှန်ရေးတပ်များသည် ဘန်ဖူနမ်ရွန်နယ်စပ်အနီးရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းများကို ဆက်တိုက်ထိုးစစ်ဆင်ကာ စစ်ဆင်ရေးများကို အရှိန်မြှင့်ခဲ့သည်။ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ကန်ချနပူရီခရိုင်ရှိ ဆူရစီတပ်ဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ် ကွပ်ကဲရေးဌာနတို့က အခြေ​အနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ (more…)
Read More
ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ်  မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

ဘင်္ဂလားဒေ့ရှ်၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ စိုးရိမ်ပူပန်မှုကို Khalilur က ပယ်ချ

မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီး ကြားဖြတ်အစိုးရသည် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နှင့် မြှင့်တင်ရန် လိုအပ်သည်ဟု ယူဆသည့် မည်သည့်အဖွဲ့နှင့်မဆို ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း BD News 24 .com ကမေလ ၇ ရက်ကဖော်ပြသည်။ “ဘယ်သူက ဘာပြောပြော အရေးမကြီးပါဘူး” ဟု Khaliur က နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်မာသော ရပ်တည်ချက်ကိုပြသပြီး မေလ ၆ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာစစ်အစိုးရ၏ ကန့်ကွက်မှုများနှင့်ပတ်သက်၍ မေးခွန်းတစ်ခုအား ဖြေကြားရာတွင် Khalilur က "ကျနော်တို့ဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျနော်တို့ရဲ့အကျိုးစီးပွားအတွက်၊ ကျနော်တို့အလိုရှိတဲ့သူနဲ့တွေ့ဆုံမှာပဲ"ဟုဖြေကြားသည်။ (more…)
Read More